သတင်း

ဒီကေဘီအေခွဲထွက်အဖွဲ့ဝင် ၂၀ ကျော် လက်နက်ချ

Want create site? Find Free WordPress Themes and plugins.

မြောက်ပိုင်းမဟာမိတ်ဟု လူသိများသည့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် လှုပ်ရှားနေသော လူမျိုးစုလက်နက်ကိုင် တပ်ပေါင်းစုနှင် ပူးပေါင်းကြောင်း ခေါင်ဆောင်ဖြစ်သူက ကြေညာပြီး တပတ်အကြာ ဒီကေဘီအေတပ်ဖွဲ့ Democratic Karen Benevolent Army (DKBA) ခွဲထွက်အဖွဲ့မှ တပ်ဖွဲ့ဝင် ၂၀ ကျော်တို့သည် စနေနေ့က လက်နက်ချသည်ဟု အစိုးရမီဒီယာက ကြေညာသည်။

တနင်္ဂနွေနေ့က မြန်မာ့သတင်းစဉ်အဆိုအရ ကလိုထူးဖောကရင်အဖွဲ့ Klo Htoo Baw Karen Organization (KKO) ဟုခေါ်သည့်  ဒီကေဘီအေခွဲထွက်အဖွဲ့ သည် ခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးကြီးဆန်းအောင်နှင့် သဘောထားကွဲလွဲပြီး ငြိမ်းချမ်းစွာနေလိုသည်ဟု ဆိုသည်။

ထိုအုပ်စုကို စိုးစိုးအမည်ရှိ တပ်ဖွဲ့ဝင်တဦးက ခေါင်းဆောင်ပြီး လက်နက်ချရန် မြန်မာ့တပ်မတော်နှင့် ဆက်သွယ်ခဲ့သည်ဟု ဆိုသည်။

” စောဆန်းအောင် ( ဗိုလ်မှူးကြီးဆန်းအောင်)၏ KKO အဖွဲ့မှ တပ်ဖွဲ့ဝင် ၂၃ ဦးတို့သည် ၎င်းတို့၏ လက်နက်ခဲယမ်းများနှင့်တကွ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်သို့ စနေနေ့က ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည်”ဟု ထိုသတင်းက ရေးသည်။

ထိုအဖွဲ့သည် လက်နက်မျိုးစုံ ၈ လက်၊ ကျည် ၁၄၉ တောင့်၊ ကျည်အိမ် ၈ ခု၊ ဗုံး ၃ လုံးနှင့် မိုင်း ၇ လုံးကို ယူဆောင်လာသည်။

ဗိုလ်မှူးကြီးဆန်းအောင်က သူ၏တပ်ဖွဲ့ဝင် ၇ ဦး ယခုလအစောပိုင်းက အစိုးရထံ လက်နက်ချသည်ဟု ဧရာဝတီသတင်းဌာနသို့ မကြာသေးမီက ပြောခဲ့သည်။

သူသည် လွန်ခဲ့သောနှစ် အောက်တိုဘာနှင့်နိုဝင်ဘာလများက မြန်မာ့တပ်မတော်၊ နယ်ခြားစောင့်တပ်တို့နှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် ကရင်ပြည်နယ်ရှိ သူ၏ စခန်းများကို ဆုံးရှုံးခဲ့ပြီးနောက် ရှမ်းပြည်မြောက်ပိုင်းရှိ မြောက်ပိုင်းမဟာမိတ်များနှင့် ပူးပေါင်းမည်ဟု ကြေညာသည်။

ဗိုလ်မှူးကြီးဆန်းအောင်ခေါင်းဆောင်သည့် ဒီကေဘီအေခွဲထွက်အဖွဲ့သည် လွန်ခဲ့သောနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလက ကရင်ပြည်နယ် တောင်ပိုင်း ဖားအံခရိုင် မြိုင်ကြီးငူနှင်မဲသဝေါဒေသများနှင့် မြဝတီမြို့နယ် အာရှအဝေးပြေးလမ်းမကြီးတလျှောက် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားပြီး ဒေသခံ ၅၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးကြရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading