• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

35 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တနင်္သာရီတိုင်း ဆီအုန်း စီမံကိန်း ဒေသခံများကို မျှတသည့် လျော်ကြေးပေးရန် တိုက်တွန်း

by ဇူးဇူး
12 January 2017
in သတင်း
A A
ဇန်နဝါရီ ၁၂ ရက်က ရန်ကုန်မြို့ Orchid Hotel တွင်ပြုလုပ်သော အစိမ်းရောင်ကန္တာရ အစီရင်ခံစာ သတင်းစာ ရှင်းလင်းပွဲ / ဇူးဇူး / ဧရာဝတီ

ဇန်နဝါရီ ၁၂ ရက်က ရန်ကုန်မြို့ Orchid Hotel တွင်ပြုလုပ်သော အစိမ်းရောင်ကန္တာရ အစီရင်ခံစာ သတင်းစာ ရှင်းလင်းပွဲ / ဇူးဇူး / ဧရာဝတီ

4.2k
VIEWS
Share on FacebookShare on Twitter

တနင်္သာရီတိုင်း ဒေသကြီးအတွင်း မလေးရှားနှင့် ဖက်စပ်လုပ်ကိုင်နေသော MSPP ဆီအုန်း စိုက်ပျိုးရေး စီမံကိန်းကြောင့် လူမှု စီးပွား ထိခိုက်ခံစားရသည့် ဒေသခံများကို မျှတသည့် လျော်ကြေးပေးရန် အရပ်ဘက် အဖွဲ့ အစည်းများက တိုက်တွန်း လိုက်သည်။

“အစိမ်းရောင်ကန္တာရ – တနင်္သာရီတိုင်းဒေသမှ ဒေသခံများ MSPP ဆီအုန်း စိုက်ပျိုးရေး လုပ်ငန်းကို ငြင်းဆန်အံတုမှု” ဟူသည့် သုတေသန အစီရင်ခံစာ ထုတ်ပြန်ပွဲကို ဇန်နဝါရီ ၁၂ ရက်က ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်ရာ ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများက တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
95
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
225
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
3.8k

“MSPP အနေနဲ့ ရွာသားတွေ ဆုံးရှုံးခဲ့ရမှုအတွက် လျော်ကြေးပေးတာ၊ နစ်နာကြေးပေးတာမျိုး မရှိခဲ့သလို MSPP ဟာ ပါမစ် ရတဲ့ ၂၀၁၁ ခုနှစ်ကစပြီး အခုအချိန်အထိမှာ သတ်မှတ်ထားတာပြည့်မီအောင် မစိုက်ပျိုးနိုင်ခဲ့ဘူး။ ၂၅ ရာခိုင်နှုန်းပဲ စိုက်ပျိုး နိုင်ခဲ့တယ်။ MSPP အနေနဲ့စိုက်ပြီးသားဧက၊ ဆုံးရှုံးသွားတဲ့မြေယာတွေအတွက် လျော်ကြေးပေး၊ နစ်နာကြေးပေး။ မစိုက်ရ သေးတဲ့ မြေအကုန်လုံးကိုကျတော့ ဒေသခံတွေ စိုက်ပျိုးလို့ရအောင် ပြန်လုပ်ပေးဖို့ပါ”ဟု ထားဝယ်ပရိုဘိုနို ရှေ့နေများ ကွန်ရက် အဖွဲ့ဝင် မအေးမွန်သူက ပြောသည်။

ယင်းသုတေသန အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ပဋိပက္ခဖြစ်ပွားရာ နယ်မြေအတွင်းရှိ MSPP ဆီအုန်း စိုက်ခင်း စီမံကိန်း ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေခြင်း၊ မြေယာ အဓမ္မသိမ်းဆည်းခြင်းနှင့် ဌာနေတိုင်းရင်းသားများ၏ အခွင့် အရေး ချိုးဖောက်ခံရခြင်းတို့ကို မီးမောင်းထိုးပြထားကြောင်း သုတေသနပြုသူများက ပြောပြသည်။

Myanmar Stark Prestige Plantation (MSPP)သည် မလေးရှားနိုင်ငံ အခြေစိုက် အစုရှယ်ယာ ၉၅ ရာခိုင်နှုန်း ပိုင်ဆိုင် သော Prestige Platform နှင့် မြန်မာအခြေစိုက် အစုရှယ်ယာ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်သော Stark Industries တို့ ဖက်စပ် တည်ထောင်ထားခြင်း ဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။

၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် အမေရိကန် ဒေါ်လာ ၃၆.၇၅ သန်းတန် ဆီအုန်း စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်ရန် MSPP ကို တနင်္သာရီတိုင်း မြိတ်ခရိုင်တွင် မြေဧက ၃၈၀၀၀ ချထားပေးခဲ့ပြီး လက်ရှိတွင် မြေဧက ၃၀၀၀ ခန့်တွင်သာ ဆီအုန်းစိုက်ပျိုးထားခြင်းရှိသည်ဟုလည်း အစီအရင်ခံစာက ဖော်ပြသည်။

MSPP စီမံကိန်း လုပ်ကိုင်လျက် ရှိသောမြေနေရာသည် ခန့်မှန်းခြေလူဦးရေ ၄၄၈၀ ရှိသည့် ကရင် တိုင်းရင်းသားများ နေထိုင် လျက်ရှိသော နေရာအတွင်း ကျရောက်လျက်ရှိပြီး စုစုပေါင်း ကျေးရွာ ၁၃ ရွာကို သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ၊ လူမှုဘဝ ဖွံ့ဖြိုးမှု ဆိုင်ရာ ထိခိုက်မှုများ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ဖြစ်ပွားစေခဲ့ သည်ဟု မအေးမွန်သူက ရှင်းပြသည်။

ကုမ္ပဏီသည် ဒေသခံတိုင်းရင်းသားများ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက် မှီခိုနေရသည့် ကွမ်းခြံနှင့် သီဟိုဠ် ခြံများ အပါအဝင် ဥယျာဉ်ခြံမြေဧက ၆၀၀၀ ကျော်ကိုု ၂၀၁၁ ခုနှစ်ကတည်းက ရှင်းလင်းခဲ့မှုကြောင့် ၎င်းတို့၏ စားဝတ် နေရေး၊ အလုုပ်အကိုင် အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“ကျနော်တို့ဒေသကနေ အသုံးပြုတဲ့ အလုပ်သမားတယောက်သည် နေ့စား အလုပ်သမားကလွဲပြီး ရာထူးကြီးကြီး တယောက် မှ မပါဘူး။ အနိမ့်ဆုံးအဆင့် အလုပ်သမားခေါင်းဆောင် အဆင့်တောင် မခန့်ပါဘူး။ စက်ယန္တရား သမားတွေ သည် နိုင်ငံခြားက ခေါ်လာတဲ့လူတွေဖြစ်တယ်။ တခြားအုပ်ချုပ်တဲ့ စီမံတဲ့သူမှန်သမျှသည် ကျနော်တို့ ဒေသမှာရှိတဲ့သူတွေ မပါပါဘူး”ဟု မြိတ်ရှေ့နေ ကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ စဧရာဝင်းက ဆိုသည်။

ထို့အပြင် MSPP က ဆီအုန်းစိုက်ခင်းအတွက် သုံးစွဲခဲ့သည့် ဓာတုဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများကြောင့် ဒေသခံများ ၏ ရေအရင်းအမြစ်များ အဆိပ်သင့်ကာ ကျွဲ၊ နွား၊ တိရစ္ဆာန်များသည် ပုံမှန်မဟုတ်သော နည်းလမ်းများဖြင့် အလျင်အမြန် သေဆုံးမှုများ ဖြစ်ပေါ်လာခြင်း၊ ရွာသားများသည် အရေးပြား ယားယံခြင်းနှင့် ဝမ်းလျှော ဝမ်းပျက်ခြင်းတို့ကို ခံစားရကြောင်း တနင်္သာရီ မြစ်မကြီးနှင့် ဌာနေတိုင်းရင်းသားများ ကွန်ရက် ဒါရိုက်တာ စောဖရန်ကီကလည်း ပြောသည်။

“MSPP ဝင်လာပြီးနောက်မှာ အဓိက ရေပြဿနာဖြစ်တယ်။ ဆီအုန်းစိုက်ခင်းတွေအတွက် ရေတအားသုံးရပါတယ်။ ချောင်း က တချောင်းပဲ ရှိတာကို အကုန်ယူတော့ ရေပြတ်တယ်။ နောက်တခုက တောင်ပေါ်ကနေ ဆေးတွေ ဓာတုဆေးတွေ ဖျန်း တဲ့ အတွက်ကြောင့် ဒီချောင်းထဲပဲဝင်တယ်။ ဘယ်လိုမှ သုံးလို့မရတော့ဘူး။ ရွာတွေထဲ ရေတွင်းလာတူးပေးပေမယ့် ပုံမှာ မြင်တဲ့ အတိုင်းပဲ အန္တရာယ်ရှိသလို တိရစ္ဆာန်တွေလည်း ကျသေပါတယ်။ အဲဒီတွင်းရေတွေကို သောက်လို့ သုံးလို့မရပါဘူး။ ဒါတွေက လက်ရှိပြဿနာတွေပါ”ဟု ဒေသခံ အမျိုးသမီးတဦးက ပြောပြသည်။

ထို့အပြင် နိုင်ငံတကာစံနှုန်းများနှင့် မြန်မာနိုင်ငံအတွင်းရှိ ဥပဒေများကို လိုက်နာရန်ပျက်ကွက်ခဲ့သည့် MSPP ကုမ္ပဏီအား မြေယာပဋိပက္ခများ ဖြေရှင်းပြီးဆုံးသည့် အချိန်တိုင်အောင် စီမံကိန်းလုပ်ငန်းအားလုံး ရပ်ဆိုင်းထားရန်နှင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို ဆန်းစစ်လေ့လာမှု တရပ် (EIA) ဆောင်ရွက်ရန် အစိုးရကို အစီရင်ခံစာတွင် ထည့်သွင်း တိုက်တွန်း ထားသည်။

တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ဆီအုန်းကုမ္ပဏီများ၏ စိုက်ပျိုးထားခြင်း မရှိသည့် မြေ နေရာများကို တိုင်းထွာမှုများ ပြုလုပ်ပြီးနောက် ပြန်လည်သိမ်းယူသွားမည် ဖြစ်ကြောင်း၊ ပြန်လည်သိမ်းယူရမည့် မြေဧက ၃ သိန်းကျော် ရှိကြောင်း ၂၀၁၆ အောက်တိုဘာလ အတွင်းက ဧရာဝတီကို ပြောဆိုထားသည်။

ယနေ့ထုတ်ပြန်လိုက်သည့် အစီရင်ခံစာကို တာကပေါ၊ တနင်္သာရီမြစ်မကြီးနှင့် ဌာနေတိုင်းရင်းသားများ ကွန်ရက်၊ တောင် ပိုင်း လူငယ်၊ ပနဲတာကပေါ်၊ ခိုင်မြဲသစ္စာ၊ မြိတ်ရှေ့နေကွန်ရွက်နှင့် ထားဝယ်ဖွံ့ဖြိုးရေး အဖွဲ့ စသည့် အရပ်ဘက် အဖွဲ့ အစည်း များ က ၁၈ လကြာ အချိန်ယူ ပြုစုထားခြင်းဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: ဆီအုန်း စိုးက်ပျိုးရေး စီမံကိန်း
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ဆိုင်ကယ်စီးနင်းသူများအား ပုသိမ်မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့က ပညာပေးမှု လုပ်ဆောင်နေစဉ် / ဆလိုင်းသန့်စင် / ဧရာဝတီ

၂၀၁၆ ဧရာဝတီတိုင်းတွင် ယာဉ်မတော်တဆမှု တပတ် ၉ ဦးခန့် သေဆုံး

ကိုရဲသူမြင့်,

Yangon Bus Itineraries Application ရေးသားသူ ကိုရဲမြင့်သူနဲ့ အင်တာဗျူး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.4k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate