သတင်း

ရခိုင်ခရီးစဉ်နှင့် ပတ်သက်၍ ကျေနပ်ကြောင်း ယန်ဟီးလီပြော

Want create site? Find Free WordPress Themes and plugins.

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူးအစီရင်ခံသူ ယန်ဟီးလီက သူမ၏ ၄ရက်ကြာသွားရောက်ခဲ့ သည့် ရခိုင်မြောက်ပိုင်းခရီးစဉ်၌ အခက်အခဲအသေးအဖွဲများရှိသော်လည်း အလွန်အကျိုးရှိကြောင်းပြောသည်။

“ကျမ တောင်းဆိုတဲ့ နေရာအများစုကို လုံခြုံရေး မပါဘဲ အပြည့်အဝ သွားရောက်ခွင့် ပေးခဲ့ပါတယ်” ဟု ဧရာဝတီ သတင်းဌာနသို့ ပြောဆိုခဲ့သော်လည်း နေရာ ၂နေရာသို့ သွားရောက်ခွင့်မရပေ။

လွန်ခဲ့သော သီတင်းပတ်က ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် တွေ့ဆုံစဉ် ယန်ဟီးလီနှင့် အဖွဲ့က ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် အတွက် ရခိုင်ပြည်နယ် အတွင်း လွတ်လပ်စွာ သွားလာခွင့်ကို အလေးထား ပြောကြားခဲ့သည်။

ယန်ဟီးလီသည် လွန်ခဲ့သော သောကြာနေ့က ရခိုင်ခရီးစဉ် စတင်ခဲ့ပြီး ပြည်နယ်မြို့တော် စစ်တွေရှိ မွတ်စလင် အများ စု နေထိုင်သော အောင်မင်္ဂလာရပ်ကွက်နှင့် ဘူးသီးတောင်၊ မောင်တောဒေသရှိ အကြမ်းဖက်သမား များ တိုက်ခိုက်ခဲ့ သည့် ရဲစခန်းများအပြင် အကျဉ်းထောင်များသို့ သွားရောက်ခဲ့ပြီး၊ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။

ကုလသမဂ္ဂက ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက နယ်ခြားစောင့် ရဲစခန်းများကို ချိန်ကိုက်တိုက်ခိုက်မှု အပြီး ရခိုင်မြောက်ပိုင်းတွင် မြန်မာ စစ်တပ်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုများသည် မွတ်စလင် ရိုဟင်ဂျာလူနည်းစု အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ယှဉ်တွဲပေါ်ပေါက်လာကာ ရခိုင်မြောက်ပိုင်းတွင် နေထိုင်သူ ၆၅၀၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးစေကြောင်း သိရသည်။

သူမသည် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များမှ မွတ်စလင် ကျေးရွာများသို့လည်း သွားရောက် ခဲ့ပြီး ထိုနေရာများမှာ ၂၀၁၆ နိုဝင်ဘာလ စစ်တပ်က ပိတ်ဆို့ချိန်မှ စ၍ နိုင်ငံခြားခရီးသည်များအား သွားရောက်ခွင့် ပေးခြင်းမှာ ရှားပါးလှသော နေရာများ ဖြစ်သည်။

ယခင်နှစ် နိုဝင်ဘာလတွင် ရဲတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာများကို ရိုက်နှက်နေသည့် ဗီဒီယို ပျံ့နှံ့သွားခဲ့သော ဖြစ်ရပ် ဖြစ်ပွားရာ ရသေ့တောင် မြို့နယ် ကိုးတန်ကောက် ကျေးရွာသို့ သွားခဲ့ကြောင်းလည်း သူမက အတည်ပြု ပြောကြား သည်။ ထိုသို့ ရိုက်နှက်သော ရဲများမှာ စည်းကမ်းအရ အရေးယူခံခဲ့ရသည်။

သူမသွားရောက်ခဲ့သည့် ကိုးတန်ကောက်ခရီးစဉ်နှင့် ပတ်သက်၍ ကိုးတန်ကောက်ဟု ထင်ရသော ရွာတရွာသို့ လိမ်၍ ခေါ်သွားခံရသည် ဟူသော အွန်လိုင်းတွင် ပေါ်ပေါက်နေသည့်သတင်းများနှင့် ပတ်သက်၍ ငြင်းဆိုလိုက်ပြီး “ကျမ တွစ်တာမှာ သတင်းတုတွေ အများကြီး တွေ့တယ်” ဟုသူမက ဧရာဝတီသို့ ပြောသည်။

သူမ၏ ခရီးစဉ်အတွင်း ရခိုင်အမျိုးသားပါတီ (Arakan National Party – ANP) မှ ကိုယ်စားလှယ်များကို တွေ့ဆုံလိုခဲ့ သော်လည်း (ANP) က ၎င်းတို့၏ ပြောခွင့်ပုဂ္ဂိုလ်မှာ မြို့တွင် မရှိကြောင်းနှင့် ယခင်ကလည်း ယန်ဟီးလီ တင်သွင်းခဲ့ သည့် လူ့အခွင့်အရေး အစီရင်ခံစာကို ၎င်းတို့ သဘောမတူကြောင်း ပြောကာ အကြိမ်ကြိမ် ငြင်းပယ်ခဲ့သည်ဟု ပြည်တွင်း သတင်းများက ဆိုသည်။

“ကျမနဲ့ တွေ့မယ်၊ မတွေ့ဘူး ဆိုတာကတော့ သူတို့ရဲ့ ရွေးချယ်မှု ပါပဲ” ဟု ဧရာဝတီက မေးသောအခါ ယန်ဟီးလီက ပြောသည်။

သူမ၏ ခရီးစဉ်သည် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (World Food Programme) က မောင်တောမြို့နယ် မြောက်ပိုင်းရှိ လူပေါင်း ၄၆၉၀ အတွက် အကူအညီများကို ဇန်နဝါရီလ ၁၃ နှင့် ၁၄ ရက်များက ပေးခဲ့သည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာမှုရေးရာ ညှိုနှိုင်းရေးရုံး (UN Office for the Coordination of Humanitarian Affairs) က တနင်္လာနေ့က ကြေညာချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ယခင်နှစ် အောက်တိုဘာလ စစ်ရေးချေမှုန်းမှု စတင်ချိန်မှ စ၍ ထိုသူများ၏ ထက်ဝက်ခန့်မှ မည်သည့် အကူအညီမျှ မရခဲ့ဟု သတင်းများက ဆိုသည်။

မစ္စယန်ဟီးလီ၏  မြန်မာနိုင်ငံသို့  ၅ ကြိမ်မြောက် အချက်အလက် ရှာဖွေရေးခရီးသည် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကုန်ဆုံးမည် ဖြစ်သည်။

ယနေ့တွင်မူ မစ္စယန်ဟီးလီသည် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သေးသည်။

သို့သော် သူမသည် ပဋိပက္ခများ ဖြစ်ပွားနေသော ရှမ်းနှင့် ကချင်ပြည်နယ် စသည့် ဒေသများသို့လည်း သွားရောက်ခဲ့ သော်လည်း ခရီးစဉ်၌ ကန့်သတ်မှုများရှိနေခြင်းအပေါ် စိတ်ပျက်မိကြောင်း ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading