သတင်း

မြန်မာနိုင်ငံသား ၄.၂၅ သန်း ပြည်ပတွင်နေထိုင် ဟု ကုလသမဂ္ဂခန့်မှန်း

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် မွေးဖွားသူ ၄.၂၅ သန်းသည် ပြည်ပတွင် နေထိုင်ကြသည်ဟု ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ United Nations Population Fund (UNFPA) က ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းနှင့် ၁၉၈၃ ခုနှစ်မှစသော သန်းခေါင်စာရင်း မှန်းဆလူဝင်မှုကို အခြေခံပြီး ခန့်မှန်းလိုက်သည်။

ပြည်ပတွင်နေထိုင်ကြသော မြန်မာအများစုမှာ မွန်ပြည်နယ်၊ မော်လမြိုင်နှင့် ကရင်ပြည်နယ်၊ ဘားအံတို့ကဲ့သို့သောနယ်စပ်ဒေသများမှဖြစ်ပြီး အများစုမှာ ထိုင်းနှင့် မလေးရှားတွင် နေထိုင်ကြသည်ဟု ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော UNFPA အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုသို့ ရွှေ့ပြောင်းနေထိုင်သူများမှာ လူငယ်အမျိုးသားအများစုဖြစ်ပြီး အမျိုးသား ၁၅၆.၃ ဦးလျှင် အမျိုးသမီး ၁၀၀ ဦးနှုန်းဖြစ်ပြီး ထိုင်းနိုင်ငံရွှေ့ပြောင်းနေထိုင်သူ လေးပုံသုံးပုံမှာ ၁၅ နှစ်မှ ၄၃ နှစ်အတွင်းဖြစ်ကြသည်။

နိုင်ငံတကာသို့ရွှေ့ပြောင်းနေထိုင်ခြင်းကို အလုပ်အကိုင်အခွင့်အလမ်းနှင့် ပြည်ပတွင် ဝင်ငွေပိုမိုမြင့်မားခြင်းတို့က ဖြစ်စေ သည်ဟု ထိုအစီရင်ခံစာက ဆိုသည်။

မြန်မာနိုင်ငံ ပြည်တွင်းရွှေ့ပြောင်းနေထိုင်မှုမှာ ကျေးလက်မှ မြို့ပြသို့ ဖြစ်သည်ဟုလည်း UNFPA က ဖော်ပြသည်။ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူအများအပြားမှာ ရန်ကုန်ရှိ ကုန်ထုတ်လုပ်ငန်းများတွင် အလုပ်အကိုင်ရှာဖွေကြပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းမြို့နယ်များမှ ဖြစ်ကြသည်။

“လေ့လာတွေ့ရှိချက်တွေအရ မူဝါဒချမှတ်သူတွေဟာ စက်မှုဇုန်တွေကို ရန်ကုန်ပြင်ပမှာ တည်ဆောက်ပြီး မြို့ပြကြီး ထွားမှုကို နှေးသွားအောင် လုပ်လို့ရတယ်လို့ တွေ့ရတယ်။ အဲဒီစက်မှုဇုန်တွေမှာ အိမ်ရာတွေ၊ ရေမီးနဲ့အခြား ဝန်ဆောင်မှုတွေ ပိုမိုပံ့ပိုးပေးဖို့ လိုကြောင်းလည်း ကိန်းဂဏန်းတွေက ပြသနေတယ်” ဟု UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Janet Jackson က ပြောသည်။

ပြည်တွင်းရွှေ့ပြောင်း အခြေချ အများစုမှာ အမျိုးသမီးများဖြစ်ပြီး ၅၃ ရာခိုင်နှုန်းရှိကာ အထူးသဖြင့် ပြည်နယ်တိုင်း ရွှေ့ပြောင်းနေထိုင်သူ အများအပြားမှာ အိမ်ထောင်မရှိသူများ (၄၉ ရာခိုင်နှုန်း) ဖြစ်သည်။

“အမျိုးသမီးရွှေ့ပြောင်းနေထိုင်သူဟာ ထိခိုက်လွယ် အနေအထားမှာရှိတယ်။ သူတို့တွေ သွေးစုပ်အမြတ်ထုတ်မခံရအောင်လို့ မူဝါဒချမှတ်သူတွေက လုံခြုံတဲ့နေရာထိုင်ခင်းနဲ့ သူတို့ရဲ့အခွင့်အရေးဆိုင်ရာအချက်အလက်တွေ ပံ့ပိုးခြင်းအပါအဝင် မူဝါဒတွေ၊ ကြားဝင်ဆောင်ရွက်ပေးမှုတွေလုပ်ဖို့လိုတယ်” ဟု Jackson က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading