ကဗျာဆရာ၊ စာရေးဆရာ၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာမောင်စိမ်းနီ (၁၉၄၁-၂၀၁၇)သည် ဖေဖော်ဝါရီ ၁ ရက် ည ၁၁ နာရီခွဲအချိန်ခန့်က ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိ ရသည်။
ဆရာမောင်စိမ်းနီသည် ရန်ကုန်မြို့စက်ဆန်းရပ်ကွက် အဖဦးမောင်တင်၊ အမိဒေါ်သိန်းညွှန့်တို့က ၁၉၄၁ခုနှစ်တွင် မွေးဖွား ပြီး မွေးချင်း၁၃ယောက်ရှိ၊ အမည်ရင်းမှာ ဦးလှထွန်းဖြစ်သည်။
ဆရာမောင်စိမ်းနီ၏ပထမဆုံးသောပုံနှိပ်စာမူမှာ ၁၉၅၇ခုနှစ်တွင် ဘားမားစတားဂျာနယ်၌ အညာအမည်ရှိ သုံးကြောင်းက ဗျာဖြစ်ပြီး ကလောင်အမည်မှာလည်း မောင်စိမ်းနီ(ကေသီပန်)ဖြစ်သည်။
ကဗျာဆရာမောင်စိမ်းနီ၏ နိုင်ငံရေး၊ စာပေလှုပ်ရှားမှုများအနေဖြင့် ၁၉၆၉ခုနှစ်တွင်ထုတ်ဝေသော တော်လှန်ကဗျာစာအုပ် တွင် မောင်ချောနွယ်၊ မောင်စိမ်းနီ(ကေသီပန်)၊ စိုးမြင့်သိန်း၊ နီအောင်၊ မောင်ပြုပြင်(ကျုံပျော်) ရွှေရ (တောင်ကုတ်)၊ လှဆွေ၊ မောင်သွေးသစ်၊ မောင်သင်းခိုင် (ပျဉ်းမနား)၊ အောင်ဇင်မင်းတို့ထဲက ပါဝင်ရေးသားခဲ့သူ တဦးဖြစ်ပြီး ၎င်းစာအုပ်ထဲတွင် ကဗျာ၁၀ပုဒ်ပါဝင်ရေးသားခဲ့သည်။
တော်လှန်ကဗျာစာအုပ်၌ပါဝင်ရေးသားခဲ့သော ကဗျာ၁၀ပုဒ်တွင် ” တော်လှန်ရေးသဘောတရား “ကဗျာမှာ စာဖတ်သူများ ကြား ထင်ရှားသည်။
အပြာရဲ့အနီ သံချပ်အဖွဲ့ခေါင်းဆောင်တဦးလည်းဖြစ်သည်။ ၁၉၉၁ခုနှစ်မှစတင်ပြီး “ပြည်သူချစ်လျှင် ကမ္ပည်းတင်မည်” ကြွေးကြော်သံဖြင့်စာပေပညာရှင်များ၏ဓာတ်ပုံများဖြင့်ထုတ်ဝေသော ပိတောက်ပွင့်သစ်စာပေမဂ္ဂဇင်းကို စစ်အာဏာရှင် ကာလတလျှောက် အခက်အခဲအမျိုးမျိုးကြားက ထုတ်ဝေခဲ့သူလည်းဖြစ်သည်။
လုံချင်းဝတ္ထုများအနေဖြင့် ဆူးလေလမ်းက လေနုအေးရယ်(၁၉၇၆) ၊ထာဝရ မိုးကောင်းကင်(၁၉၉၂)တို့ကို နီဇော်ကလောင် ဖြင့် ရေးသားခဲ့ပြီး၂၀၁၀ဦးသိန်းစိန်အစိုးရလက်ထက်တွင် စာရေးဆရာကိုအောင်ဆန်း စာအုပ်ကိုလည်း စီစဉ်ထုတ်ဝေနိုင်ခဲ့ သည်။
မြန်မာနိုင်ငံကဗျာဆရာများသမဂ္ဂဥက္ကဌအဖြစ်လည်း ဆောင်ရွက်ဖူးသူတဦးဖြစ်ပြီး သားမောင်တင်ကလောင်အမည်ဖြင့် ကဗျာရေးရာ ဆောင်းပါးများလည်း ရေးသားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက်(၇၆)နှစ်ရှိပြီဖြစ်သည်။