သတင်း

JF-17 တိုက်လေယာဉ်များ မြန်မာနိုင်ငံတွင် တည်ဆောက်ရန် ဆွေးနွေးနေ

Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ခုနှစ်တွင် JF-17 Thunder ဘက်စုံတိုက်ခိုက်ရေးလေယာဉ် ၁၆ စီး ဝယ်ယူရန် ဆုံးဖြတ်ခဲ့ပြီးနောက် ယခုအခါ မြန်မာနိုင်ငံသည် ထို တတိယမျိုးဆက် တိုက်ခိုက်ရေးလေယာဉ်များကို လိုင်စင်ရယူတည်ဆောက်ရန် ပါကစ္စတန်နိုင်ငံနှင့် ညှိနှိုင်းမှုများဆောင်ရွက်နေသည်မှာ အဆင့်မြင့်လာပြီဟု ရန်ကုန်ရှိ ကာကွယ်ရေးစက်မှုလုပ်ငန်း၊ မြန်မာ့တပ်မတော် (လေ) နီးစပ်သည့်အသိုင်းအဝန်းက Jane’s ကာကွယ်ရေးစာစောင်သို့ဇန်နဝါရီလလယ်က ပြောခဲ့ကြောင်း သိရသည်။

သဘောတူညီမှုရရှိပါက ပါကစ္စတန်အာကာသနှင့်လေကြောင်းဌာန Pakistan Aeronautical Complex (PAC) နှင့် တရုတ်နိုင်ငံ၏ ချန်ဒူးအာကာသနှင့်လေကြောင်းကော်ပိုရေးရှင်း Chengdu Aerospace Corporation (CAC) တို့ပူးပေါင်းထုတ်လုပ်သည့် အင်ဂျင်တလုံးတပ် တိုက်ခိုက်ရေးလေယာဉ်များ ထုတ်လုပ်ရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုသည် ၎င်း၏ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းကို ချဲ့ထွင်ရန် အားထုတ်မှုအတွက် ထူးခြားသောတိုးတက်မှုဖြစ်ကြောင်း ကမ္ဘာတလွှား စစ်ရေးစောင့်ကြည့်သုံးသပ်သော Jane’s ကာကွယ်ရေးစာစောင်က ဆိုလိုက်သည်။

မြန်မာ့တပ်မတော် (လေ)သည် ၁၉၉၀ ခုနှစ်များက တရုတ်နိုင်ငံမှ ဝယ်ယူထားသော F-7M Airguard နှင့် A-5C ‘Fantan’ တိုက်ခိုက်ရေးလေယာဉ်များ အသုံးပြုခြင်းကို တဆင့်ခြင်းလျှော့ချလာပြီး JF-17 Thunder လေယာဉ်များ လိုင်စင်ရယူထုတ်လုပ်ခြင်းကြောင့် ပါကစ္စတန်လေတပ် Pakistan Air Force (PAF) တွင် ထိုလေယာဉ်များ လွှမ်းမိုးလာသည့်နည်းတူ ၎င်းတို့သည် လာမည့်ဆယ်စုနှစ်များအတွင်း မြန်မာလေတပ်၏ အဓိက တိုက်လေယာဉ်များ ဖြစ်လာနိုင်သည်။

ပထမဆုံး JF-17 လေယာဉ်ကို PAF တွင် ၂၀၀၉ ခုနှစ်က စတင်အသုံးပြုခဲ့ပြီး လတ်တလောတွင် အနည်းဆုံး အစင်း ၇၀ ခန့်အသုံးပြုနေသည်။ လာမည့်နှစ်များတွင် PAF သည် JF-17 Thunder တိုက်လေယာဉ် ၁၅၀ အထိ အသုံးပြုလာမည်ဟု မျှော်လင့်ထားကြသည်။

မြန်မာနိုင်ငံက မှာယူထားသော JF-17 လေယာဉ် ၁၆ စင်းအနက် ပထမအသုတ်သည် ယခုနှစ်နှောင်းပိုင်းတွင် မြန်မာလေတပ်သို့ရောက်ရှိလာမည်ဟု မျှော်လင့်ရသည်။ ထိုလေယာဉ်များမှာ PAF ၏ Karma ရှိ စက်ရုံက ၂၀၁၅ ခုနှစ်တွင် ထုတ်လုပ်သော Block II အမျိုးအစားဖြစ်မည်ဟု အမည်ထုတ်ဖေါ်ပြောကြားခြင်း မရှိသော သတင်းရင်းမြစ်က Jane’s ကာကွယ်ရေးစာစောင်သို့ ပြောသည်။ ထို Block II အမျိုးအစားသည် Block I အမျိုးအစားနှင့်မတူဘဲ ဝေဟင်တွင် လောင်စာဆီဖြည့်ခြင်း၊ လေကြောင်းအီလက်ထရွန်းနစ်နှင့် အီလက်ထရွန်းနစ်ကိရိယာများ ပိုမိုကောင်းမွန်အောင်ပြုလုပ်ထားသည်။

မြန်မာလေတပ်သို့နောက်တကြိမ်လေယာဉ်ပေးပို့ရာတွင် ပိုမိုအဆင့်မြင့်သည့် ယခင်နှစ်ကမှ Karma စက်ရုံမှပင် ထုတ်လုပ်သည့် Block III အမျိုးအစားဖြစ်မည် မဖြစ်မည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။ လိုင်စင်ရယူထုတ်လုပ်ရန် လတ်တလောညှိနှိုင်းမှုများတွင်မူ မြန်မာနိုင်ငံသည် Block III အမျိုးအစားကို ထုတ်လုပ်ရန် ကြိုးစားနေကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading