သတင်း

ဝေဖန်မှုရှိသော်လည်း မေယု FM ဆက်လက်ထုတ်လွှင့်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ရခိုင်၊  ဗမာ၊ ဘင်္ဂါလီဘာသာတို့ဖြင့် စမ်းသပ် ထုတ်လွှင့်နေသည့် မေယု FM ကို ဝေဖန်မှုများရှိနေ သော် လည်း ဆက်လက်ထုတ်လွှင့်လျက်ရှိကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီ ၁ရက်နေ့ကစတင်ကာ မောင်တော၊ ဘူးသီး တောင်နှင့် ရသေ့တောင်မြို့နယ်များတွင်သာ ဖမ်းယူရရှိနိုင်မည့် မေယု FM ကို ဘာသာစကား ၃မျိုးဖြင့် တရက်လျှင် နံနက် ၆ နာရီမှ ၁၀ နာရီထိတကြိမ်၊ ညနေ ၄ နာရီမှ ည ၈ နာရီထိတကြိမ် စမ်းသပ် ထုတ်လွှင့်နေခြင်းဖြစ်သည်။

ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌ ဒေါက်တာအေးမောင်က “ အစိုးရတရပ်အနေနဲ့ ဒီလိုလုပ်ဆောင် တာမှာ ဖြစ်လာမယ့် ဆိုးကျိုးတွေကိုလည်း ထည့်သွင်းစဉ်းစားထားဖို့လိုတယ်၊ အရင်ကလည်း ဒီလို လုပ်ခဲ့ဖူးလို့ အဲ့ဒီအပေါ်မှာထောက်ပြပြီး အမြတ်ထုတ်နေတာတွေ ရှိတယ်၊ ကျနော်တို့ကတော့ မလုပ်သင့်ဘူးဆိုတာကို ထောက်ပြတာပါ”ဟု ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနကမူ မေယု FM တွင် ဘင်္ဂါလီဘာသာထည့်သွင်း အသံလွှင့်ခြင်းမှာ ဒေသ တွင်း အကြမ်းဖက်မှုဖြစ်စဉ်အတွင်း မမှန်သတင်းများထွက်ပေါ်ခဲ့မှုနှင့်ပတ်သက်၍ ဒေသခံများ သတင်းအချက်အလက် အမှန်များ ရရှိစေရန်နှင့် အစိုးရဝန်ကြီးဌာနအသီးသီးက ဆောင်ရွက် ပေးနေမှုများကိုလည်း သိရှိစေရန် လိုအပ်သည့်အတွက် ဖြစ်ကြောင်း ရှင်းလင်းထုတ်ပြန်ထားသည်။

ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က “ကျနော်တို့က စမ်းသပ်လွှင့်နေ တဲ့အခါမှာ ကောင်းကျိုး ဆိုးကျိုးတွေကို ပြန်လည်သုံးသပ်ပြီး ဘယ်လိုအကောင်းဆုံး ဆက်လုပ် မလဲ ဆုံးဖြတ်သွားမှာဖြစ်ပါတယ်”ဟု ပြောသည်။

လက်ရှိတွင် ပြည်တွင်းတိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားဖြင့်ပင် ရေဒီယို၊ ရုပ်သံ အစီ အစဉ်များ ထုတ်လွှင့်နိုင်ခြင်းမရှိသေးသည့် အခြေအနေတွင် တိုင်းရင်းသား မဟုတ်သည့် ဘင်္ဂါလီ ဘာသာဖြင့် ရေဒီယိုထုတ်လွှင့်မည့်အပေါ် ဝေဖန်ပြောကြားမှုများလည်း ထွက်ပေါ်လျက်ရှိသည်။

မေယု FM ထုတ်လွှင့်ခြင်းနှင့်ဆက်စပ်၍ တိုင်းရင်းသားမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အစိုးရ ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဖေဖော်ဝါရီ ၆ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းခဲ့ပြီး မေယု FM ထုတ်လွှင့်ခြင်းအပေါ် ထပ်ဆင့်မေးခွန်းမေးချိန်တွင် အချိန်ပြည့်သွားသဖြင့် ရပ်ဆိုင်းခဲ့ရသည်။

ဦးဖေသန်းအနေဖြင့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတို့၏ ဘာသာစကားများဖြင့် အသံလွှင့်ခွင့် အခွင့်အရေး မရရှိသေးချိန်တွင် တိုင်းရင်းသားမဟုတ်သည့် ဘင်္ဂါလီဘာသာဖြင့် မေယု FM က အသံလွှင့် ခြင်းအပေါ် မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

မေးခွန်းနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က တိုင်းရင်းသားဘာသာအချို့ဖြင့် ရေဒီယို၊ ရုပ်သံထုတ်လွှင့်လျက်ရှိရာတွင် ကျန်ရှိသည့် တိုင်းရင်းသား ဘာသာများအတွက်လည်း ဆက်လက်တိုးချဲ့ကာ ဖြန့်ဝေထုတ်လွှင့်သွားရန် ပြုလုပ်လျက်ရှိကြောင်း ဖြေကြားခဲ့ပြီး မေယု FM နှင့်ပတ်သက်၍မူ ထည့်သွင်းဖြေကြားခြင်း မရှိခဲ့ပေ။

မေယု FM ထုတ်လွှင့်ခြင်းမှာ နယ်မြေအကန့်အသတ်ဖြင့် လတ်တလောလိုအပ်ချက်အရ ဆောင် ရွက်နေခြင်းပြီး ဒေသတွင်းနေထိုင်သူအားလုံး ကြားသိနားလည်းစေရန်သာဖြစ်ကြောင်း ပြန်ကြား ရေးဝန်ကြီးဌာနက ဆိုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading