• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ခါကာဘိုရာဇီဒေသ UNESCO စာရင်းဝင်ရေး စက်တင်ဘာ၌ အပြီးသတ်ဆောင်ရွက်မည်

by ဇူးဇူး
9 February 2017
in သတင်း
A A
ခါကာဘိုရာဇီဒေသကို လာရောက်တောင်တက်သူများ  / nationalgeographic.com

ခါကာဘိုရာဇီဒေသကို လာရောက်တောင်တက်သူများ / nationalgeographic.com

46.8k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ခါကာဘိုရာဇီနှင့် ဖုန်ကန်ရာဇီ အမျိုးသားဥယျာဉ်၊ ခါကာဘိုရာဇီ တောင်ပိုင်းတိုးချဲ့ အမျိုးသားဥယျာဉ်များ ပါဝင်သည့် ခါကာဘိုရာဇီဒေသကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ ကမ္ဘာ့သဘာဝ အမွေအနှစ် (Natural World Heritage) စာရင်းဝင်ရန် တင်သွင်းရမည့် အစီရင်ခံစာကို ၂၀၁၇ စက်တင်ဘာတွင် အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ယူနက်စကို ကိုတင်ရမယ့် အစီရင်ခံစာအတွက် တော်တော်လေး ပြီးသလောက်ရှိပါပြီ။ ကျနော်တို့ရဲ့ ရည်မှန်းချက် အရ ၂၀၁၇ စက်တင်ဘာမှာ ပြည်ထောင်စု အစိုးရရဲ့ သဘောတူညီချက်ကို ရအောင်ယူမယ်လို့ မှန်းထားပါတယ်။ အခု အဲဒီ target အတိုင်း သွားနေတော့ အဲဒီအချိန်မှာ နိုင်ငံတော်အစိုးရရဲ့ သဘောတူညီချက်ရမယ်လို့ မှန်းပါတယ်” ဟု သစ်တော ဦးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ရပြီးပါက ၂၀၁၈ ဖေဖော်ဝါရီ နောက်ဆုံးထားပြီး UNESCO သို့ တင်မည်ဖြစ်ကြောင်း၊ အသိအမှတ်ပြု၊ မပြုကို ၂၀၁၈ UNESCO ညီလာခံတွင် ကြေညာမည် ဖြစ်ကြောင်း ရှင်းပြသည်။

RelatedPosts

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

19 June 2025
75
သယံဇာတ တူးဖော်ရင်း ပေါ်လာတဲ့ ရုပ်အလောင်းတွေ (ရုပ်/သံ)

သယံဇာတ တူးဖော်ရင်း ပေါ်လာတဲ့ ရုပ်အလောင်းတွေ (ရုပ်/သံ)

19 June 2025
115
ကန်ဒေါင့်ရဲစခန်းကို PLA အပြီးသတ်သိမ်းပိုက် (ရုပ်/သံ)

ကန်ဒေါင့်ရဲစခန်းကို PLA အပြီးသတ်သိမ်းပိုက် (ရုပ်/သံ)

19 June 2025
85

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ သစ်တောဦးစီးဌာနသည် မြန်မာနိုင်ငံရှိ သဘာဝဘေးမဲ့တော ၇ ခုကို ကမ္ဘာ့သဘာဝ အမွေအနှစ် စာရင်းဝင်နိုင်ရေး အတွက် အသိအမှတ်ပြုပေးရန် အဆိုပြုချက်ကို UNESCO က လက်ခံခဲ့ပြီးနောက် ခါကာဘိုရာဇီဒေသကို ပထမဦးဆုံး စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးကျော်ကျော်လွင်က ပြောသည်။

ပြည်တွင်းနှင့် နိုင်ငံတကာကျွမ်းကျင် ပညာရှင်များ ပါဝင်သည့်အဖွဲ့က ခါကာဘိုရာဇီဒေသကို UNESCO အသိအမှတ် ပြုခံရရေး အတွက် ကုလသမဂ္ဂ၏ စံနှုန်းများနှင့် ညီ၊ မညီစစ်ဆေးရန် ၂၀၁၄ ခုနှစ်ကတည်းက ကွင်းဆင်းလေ့လာ မှုများ စတင်ပြုလုပ်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

ကမ္ဘာ့သဘာဝ အမွေအနှစ် စာရင်းဝင်ရန် လျာထားသည့် ဒေသ ၇ ခုတွင် ခါကာဘိုရာဇီဒေသ အပါအဝင် ဟူးကောင်း ချိုင့်ဝှမ်း တောရိုင်း တိရိစ္ဆာန်ဘေးမဲ့တော၊ အင်းတော်ကြီးကန် တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ချင်းပြည်နယ်မှ နတ်မတောင် အမျိုးသား ဥယျာဉ်၊ တနင်္သာရီတိုင်းမှ တနင်္သာရီဆက်စပ် သစ်တောဒေသ၊ ဧရာဝတီမြစ်ဝှမ်းစင်္ကြန်နှင့် မြိတ်ကျွန်းစုဒေသများ ပါဝင်သည်။

ခါကာဘိုရာဇီ ဒေသဆိုင်ရာ အစီရင်ခံစာ တင်နိုင်ရေးအတွက် နော်ဝေနိုင်ငံမှ World Heritage Foundation က နည်းပညာ ပိုင်းဆိုင်ရာနှင့် ငွေကြေးအကူအညီများ အဓိက ထောက်ပံ့ပေးကြောင်း၊ ယင်းဒေသသို့ ကွင်းဆင်း လေ့လာရာတွင် အခက်အခဲ များစွာရှိသော်လည်း ပြည်နယ် အစိုးရအဖွဲ့၏ ကူညီထောက်ပံ့မှုများစွာ ရရှိခြင်းကြောင့် မျှော်မှန်းထားသည့်အချိန် အတိုင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ အဖွဲ့မှ ကမ်းရိုးတန်းဒေသနှင့် အဏ္ဏဝါထိန်းသိမ်းရေး ပညာရှင် ဦးဇော်လွန်းကလည်း ကမ္ဘာ့သဘာဝ အမွေအနှစ်များကို အခြေပြုသည့် ခရီးသွားလုပ်ငန်းများ ဖော်ဆောင်မည် ဆိုပါက အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု ရှိသော ခရီးသွားလုပ်ငန်း (Responsible Tourism) ဖြစ်ရန် သေချာစီမံဆောင်ရွက် သင့်ကြောင်း သုံးသပ်သည်။

ဦးဇော်လွန်းက “ကမ္ဘာမှာ ဒါမျိုး တောတောင်ကောင်းတာတွေ အင်မတန်ရှားသွားပြီ။ ဒါလေးကို ဝိုင်းပြီး ထိန်းနိုင်ဖို့လိုတယ်။ Tourism လုပ်လာပြီဆို Master Plan ဆိုတာ သေချာလုပ်ရမှာ။ အခုက ခရီးသွားလုပ်ငန်းဆိုရင် ထိုင်းမှာဖြစ်နေတဲ့ ပုံစံမျိုးပဲ ကျနော်တို့က မြင်နေကြတာ။ ဒါကြောင့် Responsible Tourism ဖြစ်အောင်လုပ်ရမယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ လည်း လိုက်နာရမယ့် ဥပဒေတွေ၊ ကျင့်ထုံးတွေရှိတယ်။ ဒါတွေ Master Plan မှာ ပါလာလိမ့်မယ်။ အဲဒီပုံစံအတိုင်းလုပ်မယ် ဆို ဒေသခံတွေအတွက်ရော အားလုံးအတွက် အကျိုးရှိတဲ့ ခရီးသွားလုပ်ငန်းတခု ဖြစ်လာမှာပါ” ဟု ဆိုသည်။

ကမ္ဘာ့သဘာဝ အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံရရန် သက်ဆိုင်ရာနိုင်ငံ အသီးသီးမှာ ယင်းဒေသရှိ သဘာဝ ဝန်း ကျင်နှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းရန် ကတိကဝတ်ပြုရပြီး သတ်မှတ်ဧရိယာ သေချာ ရှိရမည်ဖြစ်ကာ ကမ္ဘာ့ အဆင့်မီခြင်းနှင့် ကောင်းမွန်စွာ ထိန်းသိမ်းမှုတို့နှင့်လည်း ကိုက်ညီရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။

ဟိမဝန္တာ တောင်တန်းနှင့် ဆက်သွယ်လျက်ရှိသည့် ခါကာဘိုရာဇီတောင်သည် အရှေ့တောင်အာရှတွင် အမြင့်ဆုံးတောင် ဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ၅၈၈၁ မီတာ (၁၉၂၉၆ ပေ) မြင့်ကာ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း တိဗက်-မြန်မာ နယ်စပ်အနီးတွင် တည်ရှိသည်။

ခါကာဘိုရာဇီတောင်ကြော တလျှောက်တွင် ထင်းရှုး၊ ဝက်သစ်ချ၊ မေပယ်၊ ရိုဒိုဒင် ဒရမ်ခေါ် တောင်မြင့် ဇလပ်၊ ပရီမြူလာ၊ လီလီ၊ မြေကပ်သစ်ခွ စသည့် အပင်များတွေ့ရပြီး ဒေသ ရေခဲပြင်အောက်တွင်လည်း အသက်ရှည်ဆေးဟု နာမည်ကျော် သည့် မချစ်ဥ သို့မဟုတ် ဂမုန်း ကြက်သွန်ဖြူများ ပေါက်ရောက်ပြီး သားမင်း ခေါ် တာကင်ကောင်၊ ကဒိုးကောင်နှင့် တောင် ဆိတ်များ နေထိုင်ကျက်စားကြကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။

Your Thoughts …
Tags: ခါကာဘိုရာဇီ
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

ခါကာဘိုရာဇီတောင် / ditigitaltrends.com

စကားပြောသော နှင်းဖြူတောင်

by အေဘယ်လ်
26 December 2016
79.6k

ကချင်ပြည်ရှိ ရဝမ်လူမျိုးတွေရဲ့ ဘာသာစကား အရ ‘ခါကာပူ’ ဆိုတာက ‘အသံထွက်ခြင်း၊ စကားပြော ခြင်း’ ဖြစ်ပြီး ‘ရာဇီ’ မှာ ‘တောင်’ လို့ အဓိပ္ပာယ် ရတာကြောင့် ‘ခါကာဘိုရာဇီ’ ဟာ ‘စကားပြောသော တောင်’...

ခါကာဘိုရာဇီဒေသကို လာရောက်တောင်တက်သူများ / nationalgeographic.com

ခါကာဘိုရာဇီ ယူနက်စကိုစာရင်း ပါဝင်နိုင်ရေး ကြိုးပမ်း

by ငြိမ်းငြိမ်း
14 November 2016
16.6k

ခါကာဘိုရာဇီဒေသ ကို UNESCO ၏ ကမ္ဘာ့ သဘာဝအမွေအနှစ် (Natural World Heritage) စာရင်းသို့ ၂၀၁၈ ခုနှစ်တွင် အမည်စာရင်း အဆိုပြု တင်သွင်းနိုင်ရန် မြန်မာအစိုးရက ဆောင်ရွက်လျက်ရှိသည်။

Next Post
ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း / ဧရာဝတီ

ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ခံသူဖြစ်လာမလား

ကလေးသူငယ်များအား အဓမ္မပြုကျင့်သူများကို အနည်းဆုံးထောင်ဒဏ် နှစ် ၂၀ ချမှတ်ရန် တောင်းဆိုနေကြသည် / ဧရာဝတီ

ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံတဝန်း အဓမ္မပြုကျင့်မှု တရာကျော်ဖြစ်ပွား

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

6 days ago
5.8k
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

2 years ago
94.3k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate