• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လက်ပံတောင်း ကြေးနီ စီမံကိန်း အခွန် အမေရိကန် ဒေါ်လာ သန်း ၂၀ နီးပါး ရရှိဟုဆို

by ထက်နိုင်ဇော်
14 February 2017
in သတင်း
A A
လက်ပံတောင်း ကြေးနီ စီမံကိန်း / ဂျေပိုင် / ဧရာဝတီ

လက်ပံတောင်း ကြေးနီ စီမံကိန်း / ဂျေပိုင် / ဧရာဝတီ

5.3k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းမှ နိုင်ငံတော် အခွန် ဘဏ္ဍာငွေ အမေရိကန် ဒေါ်လာ သန်း ၂၀ နီးပါး ရရှိထားပြီ ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် မေလမှစ၍ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ဓာတ်သတ္တုခွန်၊ ကုန်သွယ် လုပ်ငန်းခွန်နှင့် ဝင်ငွေ ခွန် စုစုပေါင်းတို့ ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
65
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
221
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
3.5k

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင် ခင်ဝင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ နိုင်ငံတော်၏ အကျိုးအမြတ် ၅၁ ရာခိုင်နှုန်းကို တာဝန် လွှဲပြောင်း ချိန် အထိ မည်မျှရရှိခဲ့သနည်းနှင့် ၂၀၁၆ ခုနှစ် ဧပြီလမှစ၍ မည်သို့ ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း မေးခွန်း မေးမြန်းခြင်းကို ဝန်ကြီး ဦ်းအုန်းဝင်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အရင် ခွင့်ပြုထားတဲ့ ထူထောင်မှုကာလက ၃ နှစ် ဖြစ်ပေမယ့် ဒေသခံကျေးရွာ ပြည်သူလူထုနဲ့ ညှိနှိုင်း ဆောင်ရွက် နေရ မှုကြောင့် လုပ်ငန်းနှောင့်နှေးခဲ့ရပြီး ထူထောင်မှုကာလ သတ်တမ်းတိုး တကြိမ်လျှင် (၁) နှစ် (၆)လ နှုန်းနဲ့ ၂ ကြိမ် သက်တမ်း တိုးမြှင့်ခဲ့ပါတယ်”ဟု ဦးအုန်းဝင်းက ပြောသည်။

ထိုသိုု့ ထူထောင်မှု ကာလကို အကြိမ်ကြိမ် သက်တမ်းတိုးခြင်းသည် မည်သည့် စည်းမျဉ်း၊ စည်းကမ်း ဥပဒေနှင့် ဆောင် ရွက် ခဲ့သည်ကို ရှင်းပြပေးရန် ထပ်ဆင့် မေးခွန်း မေးမြန်းခြင်းကိုမူ ဝန်ကြီးက ချက်ချင်း အဖြေမပေးနိုင်ဘဲ နောက်ပိုင်း တွင် စာဖြင့် ပြန်လည် ဖြေကြားပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့ရသည်။

ကြေးနီ စီမံကိန်း လုပ်ငန်းများ ထူထောင်မှု ကာလကို အကြိမ်ကြိမ် သက်တမ်း တိုးမြှင့်နေသဖြင့် စီးပွားဖြစ် ထုတ်ယူ မှု အတွက် အခွန် ရရှိမှုသည် ၂၀၁၆ ခုနှစ်မှ စတင်ခြင်းကို ဘဝင်မကျကြောင်း၊ ကြေးနီများကို ၂၀၁၅ မတိုင်ခင် ကတည်း က သယ်ယူ ပို့ ဆောင်နေခြင်း ဖြစ်ကြောင်း ယင်းကိစ္စ လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သူ မြိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ခင်ဝင်း က လွှတ်တော်အပြီး မီဒီယာများသို့ ပြောသည်။

“သိပ်တော့ မဖြစ်နိုင်ဘူး။ ၂၀၁၄ မှာ ရရမယ်လို့ ဆိုထားပြီးတော့ ၂၀၁၅ လောက်ဆို အခွန်တွေ သေချာပေါက်ရမှာပဲလို့ ထင်ပြီးတော့ မေးတာ။ ၂၀၁၅ စည်းရုံုးရေးကာလ မတိုင်ခင်ကတည်းက ကြေးနီကားတွေဟာ ၁၀ ဘီး၊ ၁၂ ဘီး အခု နောက်ပိုင်းမှာ တွဲကားတွေ ၂၂ ဘီးကားတွေနဲ့တောင် တင်နေကြတာပဲ။ ဒါ နဂိုကတည်းက ထွက်နေတာပါ”ဟု ဦးအောင်ခင်ဝင်း က ပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၀ ပြည့်နှစ် မေလတွင် အစိုးရ သတ္တုတွင်း ဝန်ကြီးဌာနနှင့် မြန်မာ့ စီပွား ရေး ဦးပိုင် လီမိတက် တို့ကို တရုတ် ပြည်သူ့သမ္မတ နိုင်ငံပိုင် ဝမ်ပေါင်နှင့် ပူးပေါင်း၍ Myanmar Wanbao Mining Copper ltd. ကို ထူထောင်ခွင့် ပြုခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီ သတ္တုတွင်း ကက်သုတ်ကြေးနီ ထုတ်လုပ်မှု အပေါ် ခွဲေ၀ ခံစားသည့် ကန်ထရိုက်စာချုပ်ကို ချုပ်ဆိုပြီးနောက် သတ္တုတွင်း ထူထောင်မှု လုပ်ငန်းများကို စတင် ခွင့်ပြု ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ လုပ်ငန်းများ ဆောင်ရွက်စဉ် ဒေသခံများနှင့် ပြဿနာများ ဖြစ်ပွားခဲ့သဖြင့် ယင်းဖြစ်စဉ်အရ ပေါ်ပေါက်လာသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံးစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်အရ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း ကြေးနီ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် ပြင်ဆင်ချက် စာချုပ်ကို ၂၀၁၃ ခုနှစ် ဇူလိုုင်လတွင် ပြင်ဆင်ခဲ့ရာ အစိုုးရက အကျိုးအမြတ်၏ ၅၁ ရာခိုင်နှုန်း၊ ဝမ်ပေါင် ကုမ္ပဏီက ၄၉ ရာခိုင်နှုန်းဟု ပြင်ဆင်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုုကြည် ဦးဆောင်သော ကော်မရှင်၏ အကြံပြုချက်များကို လိုက်နာရန် အကောင်အထည်ဖော်ရေး ကော်မတီ တခုကို ဖွဲ့စည်းခဲ့သော်လည်း လက်တွေ့တွင် အစီရင်ခံစာ အပေါ်မှာလည်း အပြည့်အဝ လိုက်နာမှု မရှိ သေးကြောင်း ယင်ကော်မရှင်တွင် ပါဝင်ခဲ့သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

“ဒီအစီရင်ခံစာကို အကောင်အထည်ဖော်မယ့် ကော်မတီကလည်း ပြီးပြတ်အောင် အကောင်အထည်ဖော်တာ မရှိဘူး။ ထုတ်လုပ်တဲ့ ကုမ္ပဏီကရော စည်းကမ်း ချက်တွေကို လိုက်နာရဲ့လားဆိုတာ မေးခွန်းထုတ်စရာတွေ ဖြစ်နေတယ်”ဟု ဒေါ်ခင်စန်းလှိုင်က ပြောသည်။

၎င်းကဆက်၍ “သူတို့လုပ်နေတာက ဘယ်အခြေအနေထိ ရောက်နေပြီလဲ ဆိုတာလည်း မသိဘူး။ အချက်အလက် တွေ က လည်း ရှင်းရှင်းလင်းလင်း ထုတ်ပြန်တာမျိုး မရှိတဲ့အတွက် ဒီအပေါ်မှာ မှားတယ်၊ မှန်တယ်ကလည်း ပြောရ ခက်တယ်။ စာချုပ်ကလည်း  ရှင်းရှင်းလင်းလင်း မရှိဘူး။ ဒီနေ့အချိန်ထိလည်း ပြည်သူလူထုကို ချပြတာမျိုး မရှိဘူး။ အခု ဖြစ်နေတာတွေက အဲဒီ အကျိုးဆက်တွေပဲ”ဟု ဆိုသည်။

ထို့အပြင် အခွန်အဖြစ် နိုင်ငံတော်မှ ရရှိထားသည့် ကြေးနီ ၉၈၃ ဒသမ ၇၅၆ မက်ထရစ်တန်နှင့် အမှတ် ၁ သတ္တုတွင်း လုပ်ငန်း ခွဲဝေမှု အချိုးအစား ၁၆၈၂ ဒသမ ၄၁၇ မက်ထရစ်တန်ကို တင်ဒါခေါ်ယူ ရောင်းချသွားမည် ဖြစ်ကြောင်းလည်း သတ္တုတွင်း ဝန်ကြီးဌာနက ပြောဆိုသည်။
ထိုလက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် တရုတ် ဝမ်ပေါင် ကုမ္ပဏီ၏ အဓမ္မမြေသိမ်း ခြံစည်းရိုး ခတ်မှုကြောင့် ဒေသခံများနှင့် တင်းမာမှု ရှိနေသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့က လက်ပံတောင်းတောင် စီမံကိန်း ရပ်တန့်ရေး ဆန္ဒပြ တောင်းဆိုသူများကို ရဲတပ်ဖွဲ့က မီးလောင်ဗုံးဖြင့် အကြမ်းဖက် ပစ်ခတ် နှိမ်နင်းခဲ့မှုကြောင့် သံဃာတော် အပါး ၇၀ ကျော်နှင့် လူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့သည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် ဒေသခံများနှင့် ရဲ့တပ်ဖွဲ့ကြား ပဋိပက္ခ ထပ်မံဖြစ်ပွားရာမှ ဒေသခံ ဒေါ်ခင်ခင်ဝင်း ဆိုသူ အမျိုးသမီးတဦး သေနတ်ထိမှန် သေဆုံးမှုလည်း ဖြစ်ပွားခဲ့သည်။

ယင်း လက်ပံတောင်း တောင် အရေးအခင်းနှင့် ပတ်သက်ပြီး ထိုအချိန်က ဦးသိန်းစိန် အစိုးရက ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်း စုံစမ်းစေခဲ့သည်။

Your Thoughts …
Tags: လက်ပံတောင်း ကြေးနီး စီမံကိန်း
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

ရွှေတိဂုံစေတီနှင့် ခံတပ်ဟောင်းများ UNESCO ထံအဆိုပြုစာရင်းတင်ရန် စီစဉ်

ရွှေတိဂုံစေတီနှင့် ခံတပ်ဟောင်းများ UNESCO ထံအဆိုပြုစာရင်းတင်ရန် စီစဉ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate