မွန်ပြည်နယ် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ပြီး ဖြစ်သဖြင့် နုတ်ထွက်စာကို လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် သမ္မတထံသို့ တင်ပြမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ဧရာဝတီသို့ ပြောသည်။
“နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာပါ။ တနင်္လာနေ့မှာ သမ္မတဆီကို တင်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်သင့်လုပ်ထိုက်တာတခုကို လုပ်လိုက်တဲ့ သဘောပါပဲ”ဟု ဦးမင်းမင်းဦးက ပြောသည်။
၎င်းနုတ်ထွက်မည့် အကြောင်းကို ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် တရားဝင် ဖော်ပြထားပြီး ဖြစ်ကြောင်းနှင့် အစောပိုင်းကပင် အများသိအောင် ကြိုတင် ကြေညာပြီး ဖြစ်ကြောင်းလည်း ဧရာဝတီသို့ ပြောသည်။
၎င်းနုတ်ထွက်စာကို အတည်ပြုမည်ဆိုပါက NLD အစိုးရသစ် လက်ထက်တွင် ပထမဆုံး နုတ်ထွက်သည့် ပြည်နယ်ဝန်ကြီးချုပ်တဦး ဖြစ်လာမည် ဖြစ်သည်။
ဦးမင်းမင်းဦးသည် ၎င်း၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် NLD ဌာနချုပ်သို့ တိုင်ကြားခံရထားရသူ တဦးလည်း ဖြစ်သည်။