သတင်း

မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ အေးဇံကို NLD အဆိုပြု

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က နုတ်ထွက်သွားသည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ၏ နေရာတွင် ကျိုက်ထိုမြို့နယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးဇံကို အဆိုပြု ထားကြောင်း NLDပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောသည်။

“မွန်ပြည်နယ် ဝန်ကြီးချုပ် အဖြစ်ကိုတော့ ဒေါက်တာအေးဇံကို ထောက်ခံထားတယ်”ဟု ဦးဝင်းထိန် က ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်ရှိ သတင်းထောက်များကို ပြောခဲ့ခြင်းဖြစ်သည်။

ဒေါက်တာအေးဇံသည် မွန်ပြည်နယ် မုဒုံဇာတိဖြစ်ပြီး NLD ပါတီကို ၁၉၈၈ ခုနှစ်ကတည်းကပင် ဝန်းရံခဲ့ကာ ကျိုက်ထိုဘက်၌ နိုင်ငံရေးလှုပ်ရှားခဲ့သူ ဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်ဆောင်က ဧရာဝတီသို့ ပြောသည်။

“၈၈ နောက်ပိုင်း ကျိုက်ထိုမှာ ကျနော်အပါအဝင် ခေါင်းဆောင် ၃ ယောက်လောက် အဖမ်းခံရတော့ သူက ပါတီကို ဆက်ဦးဆောင်ခဲ့တယ်။ ၉၀ ရွေးကောက်ပွဲမှာလည်း ကျိုက်ထို ပြည်သူ့လွှတ်တော် ကနေ ရွေးကောက်ပွဲနိုင်ခဲ့တယ်”ဟု ဒေါက်တာ ခင်ဆောင်က ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်းတွင် သစ်တောမြေ၌ ရာဘာ စိုက်ပျိုးသည်ဆိုုသော အကြောင်းပြ ချက်ဖြင့် ထောင် ၅ နှစ် ကျခဲ့ဖူးကြောင်း၊ ၂၀၁၂ ခုနှစ် ပါတီ မှတ်ပုံတင်ပြီး နောက်ပိုင်း၌ ကျိုက်ထို မြို့နယ် NLD ကို ပြန်လည်ဦးဆောင်ခဲ့ကြောင်း သိရသည်။

NLD ပါတီကမူ မွန်ပြည်နယ်ဝန်ကြီးချုပ ်ဦးမင်းမင်းဦး ဖြစ်စဉ်နောက်ပိုင်းတွင် နိုင်ငံရေးအခြေအနေ ပေါ် မူတည်၍ ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဦးမင်းမင်းဦး၏ လုပ်ရပ် ကိုလည်း အသိအမှတ်ပြုကြောင်း ဦးဝင်းထိန်က ပြောသည်။

ဦးဝင်းထိန် က “ဒီလူက သတ္တိလည်း ရှိတယ်။ စိတ်ကောင်းလည်း ရှိတယ်။ နုတ်ထွက်သွားတဲ့ အခါ မှာလည်း ဘယ်သူ့မှ မပုတ်ခတ်ဘူး။ ဘယ်သူ့မှလည်း အပြစ်မတင်ဘူး။ သူ့တာဝန်ရှိ တယ်ဆိုပြီး နုတ်ထွက်သွားတယ်။ သူ့စိတ်ထားကိုတော့ အသိအမှတ်ပြုတယ်”ဟု ပြောသည်။

ဦးမင်းမင်းဦးသည် တိုင်စာများကြောင့် ဦးညဏ်ဝင်း ဦးဆောင်သည့် ပါတီဗဟိုလုုပ်ငန်းစိစစ်ရေး အဖွဲ့ဖြင့် စိစစ်ခံရသူတဦးဖြစ်ပြီး တွေ့ရှိချက်များအရ အကျင့်ပျက်ခြစား၍ မဟုတ်ဘဲ အစိုးရအဖွဲ့ကို ခေါင်းဆောင်နိုင်မှု လိုအပ်ချက်ကြောင့် ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောသည်။

နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်း ပြည်သူလူထုုနှင့် ဆက်တိုက် ထိတွေ့၍ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြထားကြောင်း၊ ၂၀၁၇ ခုနှစ်သည် NLD အစိုးရအတွက် အလုပ်လုပ်ဆုံး နှစ်တနှစ် ဖြစ်လာရန် ရည်မှန်းထားကြောင်းလည်း သိရသည်။

“အဓိက ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြထားတာက ကျနော်တို့ကို အားကိုတကြီးနဲ့ မဲပေးလိုက် တဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေးနဲ့ ပတ်သက်ပြီးတော့ သိသိသာသာတိုးတက်အောင် မလုပ်နိုင် သေးသလို သူတို့ရဲ့ ဝင်ငွေတွေ လူနေမှု အဆင့်အတန်းတွေ သိသိသာသာ တိုးတက်အောင် မလုပ် နိုင်သေးဘူး။ ဒါတချက် နောက်တချက်က အလုပ်အကိုင် ဖန်တီးပေးမှုပေါ့”ဟု ဦးဝင်းထိန်က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading