သတင်း

မီးဘေးအတွက် မီးသတ်ဝန်ထမ်း လုံလောက်ရန် ပြည်ထဲရေး ကြိုးပမ်းနေဟုဆို

Want create site? Find Free WordPress Themes and plugins.

မီးဘေးအန္တရာယ် ဖြေရှင်းနိုင်ရေး အတွက် မီးသတ်ဝန်ထမ်း လုံလောက်ရေး နှင့် မီးသတ်ယာဉ်များ တိုးချဲ့ဖြည့်တင်း နိုင်ရေး လုပ်ငန်းများကို မီးသတ် ဦးစီးဌာနက ဆောင်ရွက်နေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ပြောသည်။

ဝန်ထမ်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် စည်းရုံး ခန့်ထားရေးနှင့် မီးသတ်ယာဉ်များ တိုးချဲ့ရေးအတွက် ဘဏ္ဍာနှစ် အလိုက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၁ ရက်က ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းဟန်က မြန်မာတနိုင်ငံလုံးတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ် ရန် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးခွန်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မီးလောင်ကျွမ်းချိန်တွင် အချိန်မီ ငြှိမ်းသတ်နိုင်ခြင်းရန် အတွက် မီးသတ်ယာဉ်များနှင့် မီးသတ်ဝန်ထမ်းများ လုံလုံ လောက်လောက် ထပ်မံဖြည့်တင်းထားရန် အစီအစဉ် ရှိ မရှိ ကိုလည်း ထည့်သွင်း မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းများနှင့် ပတ်သက်ပြီး ပြည်ထဲရေး ဒုဝန်ကြီးက “ဒါကြောင့်လည်း ဖွဲ့စည်းပုံ ပြည့်မီနိုင်ရေး အတွက် တိုင်း ဒေသ ကြီး၊ ပြည်နယ်များ အလိုက် မီးသတ် တပ်ဖွဲ့ဝင်များ စည်းရုံး ခန့်ထားနိုင်ရေးကိုလည်း အလေးထား ဆောင်ရွက် လျက် ရှိပါတယ်”ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဖွဲ့စည်းပုံအရ တနိုင်ငံလုံးတွင် ခရိုင်မီးသတ်စခန်း ၇၃ ခု၊ မြို့နယ် မီးသတ်စခန်း ၃၃၀ ၊ နယ်မြေ မီးသတ်စခန်း ၇၀၃ တွင် အရာထမ်း ၇၃၅ ဦး၊ အမှုထမ်း ၂၃၈၆၄ ဦး၊ စုစုပေါင်း တပ်ဖွဲ့ဝင်အင်အား ၂၄၅၉၉ ဦး တိုးချဲ့ထားသော်လည်း လက်ရှိတွင် အရာထမ်း ၂၅၃ ဦး၊ အမှုထမ်း ၉၃၄၁ ဦး စုစုပေါင်း တပ်ဖွဲ့ဝင် အင်အား ၉၅၉၄ ဦးသာ ခန့်ထားနိုင်သေး ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အရန်မီးသတ် တပ်ဖွဲ့ဝင်များ ဖွဲ့စည်းရာတွင် စုစုပေါင်း ၂ သိန်း ၉ သောင်းကျော် နှင့် စက်ရုံ၊ အလုပ်ရုံ၊ ဈေးများတွင် အမြဲတမ်း တပ်ဖွဲ့ဝင်များ ကိုယ်စား မီးငြှိမ်းသတ်နိုင်ရန် သီးသန့် မီးသတ် တပ်ဖွဲ့ဝင် ၁ သောင်း ၇ ထောင်ကျော် ဖွဲ့စည်းထားသည်ဟုလည်း ဆိုသည်။

၂၀၁၁ ခုနှစ်တွင် မီးသတ်ဦးစီးဌာန၌ မီးသတ်ယာဉ်စုစုပေါင်း ၁၂၈၂ စီးရှိရာမှ တိုးချဲ့ ဖွဲ့စည်းပုံအရ မီးသတ်ယာဉ်များ ပြည့်မီ စေရန် ၂၀၁၆ ခုနှစ် နိုဝင်ဘာလအထိ မီးသတ်ယာဉ် စုစုပေါင်း ၁၅၆၆ စီး ကို ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ရန်ပုံငွေများဖြင့် ဝယ်ယူနိုင်ခဲ့ပြီး လှူဒါန်း မီးသတ်ယာဉ် ၁၇၃ စီးရရှိသဖြင့် စုစုပေါင်း မီးသတ်ယာဉ် ၁၇၃၉ စီး ဖြည့်တင်း နိုင်ခဲ့ကြောင်း သိရသည်။

ဒုဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက “ဒါ့အပြင် ပိုလန်နိုင်ငံ အထောက်အပံ့ ယူရိုသန်း ၅၀ ချေးငွေ ရရှိရေးကိုလည်း အတည် ပြု ထားပြီး ဖြစ်တဲ့အတွက် ခေတ်မီ မီးငြှိမ်းသတ်ယာဉ်နှင့် ရှာဖွေ ကယ်ဆယ်ရေးယာဉ် ၆၅ စီး ဖြည့်တင်းနိုင်ရေး ကို လည်း စီမံ ဆောင်ရွက်လျက် ရှိကြောင်း တင်ပြ အပ်ပါတယ်”ဟု ပြောသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မီးဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများကို စာသင် ကျောင်း များ၊ ရပ်ရွာများ၊ ရုံး ဌာန အဖွဲ့အစည်းများ၊ စက်ရုံ အလုပ်ရုံများ၊ ဈေးများနှင့် စက်သုံးဆီဆိုင်များတွင် အကြိမ် ပေါင်း ၄၁၂၄၇ ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မီးငြှိမ်းသတ်မှု အဆင့်များကို level 1 မှ level 5 အထိ သတ်မှတ် ဆောင်ရွက် နေကာ မီးလောင်မှု ဖြစ်ပွားပါက ကြီးကြပ်ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့တွင် Command & Control Center တခု တည်ဆောက် ထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading