သတင်း

အစိုးရသစ် လုပ်ဆောင်ချက် ဝန်ကြီးချုပ်များ ရုပ်သံမှ ရှင်းလင်းမည်

Want create site? Find Free WordPress Themes and plugins.

သက်တမ်းတနှစ်ပြည် အစိုးရသစ် လုပ်ဆောင်ချက် အများပြည်သူသိစေရန် လာမည့်မတ်လအတွင်း ရုပ်မြင် သံကြားမှ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များကိုယ်တိုင် အလှည့်ကျ သတင်းထုတ်ပြန်သွားမည်ဟုသိရသည်။

တိုင်း၊ ပြည်နယ်အစိုးရ အဖွဲ့များ၏ ကဏ္ဍအလိုက် လုပ်ဆောင်ချက်အကျဉ်းချုပ်များကို အစိုးရအဖွဲ့ ကိုယ်စား ဝန်ကြီးချုပ်များက ရှင်းလင်းပြောပြသွားရမည်ဖြစ်ပြီး၊ မန္တလေးတိုင်းကမူ မြေယာ၊ မူးယစ်ဆေးဝါးနှင့် စီမံကိန်း ကိစ္စများအား ထူးခြားဖြစ်စဉ်အဖြစ်ထည့်သွင်းပြောကြားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှုး ဦးမြင့်တင်က ပြောသည်။

“အစိုးရသစ် တာဝန်ယူပြီး တနှစ်ပြည့်မှာ ပြည်သူလူထုနဲ့သက်ဆိုင်တဲ့လုပ်ဆောင်ချက်တွေကို လူထုသိ အောင် သတင်းထုတ်လွှင့်ဖို့ရှိပါတယ်။ တိုင်းအတွင်းမှာ ပုံမှန်ထက်ပိုပြီး လုပ်ခဲ့တာလေးတွေ၊ တနှစ် တာ ထူးခြားလုပ်ဆောင်ချက်တွေကို တင်ပြသွားဖို့ စီစဉ်ထားပါတယ်” ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တနှစ်တာကာလအတွင်းလုပ်ဆောင်ချက်အကျဉ်းချုပ်များကို အစိုးရ အဖွဲ့ ကိုယ်စား ဝန်ကြီးချုပ်က မတ်လနောက်ဆုံးပတ်တွင် မြန်မာ့ရုပ်မြင်သံကြားမှ သတင်း ထုတ်ပြန် သွားမည်ဖြစ်ကာ ပြီးခဲ့သည့်နှစ်အတွင်း မြေယာ၊ မူးယစ်ဆေးဝါးနှင့် စီမံကိန်းကိစ္စများ၊ တိုင်းလွှတ်တော်၌ ပေးထားသည့် အစိုးရ၏ ဂတိဂဝတ်များနှင့် ပတ်သတ်၍ အကောင် အထည်ဖော်မှု များကိုပါ ထည့်သွင်းပြောကြားသွားမည်ဟု သိရသည်။

“၅ မိနစ်စာလောက်တော့ပြုစုထားပြီးပြီ။ ဒီလ ၂၈ ရက်နေ့ အပြီး ပြန့်ကြားရေးကို အပ်ရမယ်။ မထုတ်လွှင့်ခင် အစီအစဉ်တွေကိုတော့ အရင်ဆုံးကြေညာမယ်ထင်ပါတယ်” ဟု ဦးမြင့်တင်က ပြောသည်။

လက်ရှိအစိုးရလက်ထက် မန္တလေးတိုင်းတွင် မြေယာကိစ္စများကို အများဆုံးကိုင်တွယ်ဖြေရှင်းနေရပြီး လယ်မြေကိုအခြားနည်းသုံးစွဲခွင့်လျှောက်ထားပြီး ၆လအတွင်း အကောင်အထည်ဖော်ခြင်း မရှိ သည့် မြေဧကပေါင်း ၄ သောင်းကျော်ကို အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေများအဖြစ် ၂၀၁၇ ခုနှစ် ဇန်နဝါရီလက မန္တလေးတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပြန်လည်သိမ်းယူခဲ့သည့်ကိစ္စသည် အစိုးရသစ်သက်တမ်းအတွင်း ထင်သာမြင်သာရှိသည့် ကိစ္စရပ်တခုဖြစ်ခဲ့သည်။

မန္တလေးအခြေစိုက်သတင်းစာဆရာတစ်ဦးဖြစ်သည့် ကိုစန်းယုကျော်က “ဒီလိုမျိုးပြည်သူကို ချပြရှင်းလင်း တာမျိုး အရင်ကမရှိခဲ့တဲ့အတွက် ကောင်းတယ်လို့ဆိုရမယ်။ ဒါပေမဲ့ ပြန်မေးခွန်း ထုတ်ခွင့်မရှိဘဲ ကိုယ်ကပဲ ပြောရမဲ့ကိစ္စဆိုရင် ကောင်းတာတွေချည်း ပြောသွားဖို့ကများပါတယ်။ အဲဒီအစား ပြည်သူတွေသိချင်တဲ့ အကြောင်းအရာတွေကို အချိန်နဲ့တပြေးညီသိနိုင်ဖို့ မီဒီယာတွေနဲ့ ခုထက်ပိုပြီး များများထိတွေ့ဖို့လို တယ်။ မီဒီယာကိုလစ်လျှူရှုတာဟာ ပြည်သူကို လစ်လျှူရှုတာနဲ့ တူတူပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading