သတင်း

ရေပန်းစား အလုပ်အမျိုးအစားကို ရွေးချယ်လျှောက်ထားမှု များပြား

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်း အလုပ်အကိုင် အေဂျင်စီများ၌ လာရောက်လျှောက်ထားကြသူ အများစုသည် ရေပန်းစားနေသည့် အလုပ် အမျိုးအစား များကို ရွေးချယ်လျှောက်ထားမှု များပြားကြောင်း work.com.mm က ထုတ်ပြန်သည်။

ငွေကြေး စီမံခန့်ခွဲရေး အလုပ်အကိုင်များ၊ အရောင်းနှင့် ဈေးကွက်မြှင့်တင်ရေး လုပ်ငန်းများ၊ စီမံခန့်ခွဲရေး လုပ်ငန်းများ၊ အိုင်တီ၊ ဆော့ဖ်ဝဲလ်နှင့် ပတ်သက်သည့် အလုပ်အကိုင်များ၊ အင်ဂျင်နီယာ လုပ်ငန်းနှင့် သက်ဆိုင်သည့် အလုပ်အကိုင် များကိုသာ ပို၍လျှောက်ထားလာကြောင်း အွန်လိုင်း အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက်တခုဖြစ်သည့် work.com.mm က ဆိုသည်။

အလုပ်အကိုင်တခု ရရှိရန်ခက်ခဲနေသောကြောင့် အလုပ်လုပ်ကိုင်ရန် လျှောက်ထားရာတွင် အလုပ်ခန့်အပ်ခေါ်ယူမှု ရေပန်း စားသည့် အလုပ်များကိုသာ ရွေးချယ်လျှောက်ထားမှုများပါက လူငယ်များအနေဖြင့် မိမိတို့၏ ဝါသနာ၊ စွမ်းဆောင်ရည်နှင့် ကိုက်ညီမှုမရှိသဖြင့် ရေရှည်တွင် မိမိသာမက လုပ်ငန်းပတ်ဝန်းကျင်ကိုပါ အကျိုးပြုနိုင်မည် မဟုတ်ကြောင်း ပညာရှင်များ က ပြောသည်။

APB Alliance ကုမ္ပဏီ၏ HR Executive ဖြစ်သူ ဒေါ်မေရီအောင်က “ရေပန်းစားနေတဲ့ အလုပ်တွေကို ဝါသနာမပါဘဲ မရွေး သင့်ဘူး။ ဝါသနာမပါဘဲ ရွေးခဲ့ရင် အလုပ်မှာ ခံစားချက် မကောင်းတာမျိုးတွေ ဖြစ်လာမယ်။ စိန်ခေါ်မှုတွေ များလာမယ်။ အဲဒီတော့ သူတို့ဆီက အလုပ်အားကိုးလို့ မရနိုင်တော့ဘူး။ နှစ်ဖက်စလုံးအတွက် မကောင်းတဲ့ အနေအထားပါ။ ပိုက်ဆံ တခု ကြောင့်ဆိုရင် ဒီလိုရွေးချယ်တာမျိုး ရှောင်ကျဉ်ပါ”ဟု ပြောဆိုသည်။

အလုပ်ခေါ်ယူမှုများသည့် လုပ်ငန်းများကို လျှောက်ထားလိုသူများသည် မိမိတို့လုပ်ကိုင်မည့် အလုပ်နှင့် ကိုက်ညီသည့် လိုအပ်ချက်များ၊ စွမ်းဆောင်ရည်နှင့် ဗဟုသုတများကို ကြိုတင်ရှာဖွေ ဖြည့်ဆည်းလေ့လာပြီးမှသာ ဝင်ရောက် လုပ်ကိုင် သင့်သည်ဟု work.com.mm ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading