• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရှမ်းမြောက် လက်နက်ကိုင်များ အရပ်သားများကို ဖမ်းဆီး အစဖျောက်နေဟု ဆို

by လဝီဝမ်
27 February 2017
in သတင်း
A A
လားရှိုးတွင် တွေ့ရသော ပလောင်အမျိုးသမီး ဈေးသည်များ / လဝီဝမ် / ဧရာဝတီ

လားရှိုးတွင် တွေ့ရသော ပလောင်အမျိုးသမီး ဈေးသည်များ / လဝီဝမ် / ဧရာဝတီ

5.4k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်မြောက်ပိုင်းမှ မကြာသေးမီက တိုက်ပွဲများအတွင်း ရှမ်းနှင့် ပလောင်လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များသည် နမ္မတူမြို့မှ အရပ်သားများကို ဖမ်းဆီးအစဖျောက်ခဲ့ကြသည်ဟု ရပ်ရွာ အသိုင်းအဝိုင်း ခေါင်းဆောင်များက ပြောသည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ – Restoration Council of Shan State (RCSS) နှင့် တအာန်း အမျိုသား လွတ်မြောက်ရေးတပ်မတော် – Ta’ang National Liberation Army (TNLA) တို့သည် RCSS နှင့် ပြည်ထောင်စုအစိုးရ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA)  ကို လက်မှတ်ရေးထိုးခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ပြီး မကြာခဏ တိုက်ပွဲများဖြစ်ပွားခဲ့ကြသည်။ TNLA သည် NCA ကို လက်မှတ်မရေးထိုးရသေးသည့်အဖွဲ့ ဖြစ်သည်။

RelatedPosts

သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

20 May 2025
318
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
1.1k
တရုတ် စွက်ဖက်မှုနှင့် လားရှိုး အလှည့်အပြောင်း – အပိုင်း ၂ (ရုပ်/သံ)

တရုတ် စွက်ဖက်မှုနှင့် လားရှိုး အလှည့်အပြောင်း – အပိုင်း ၂ (ရုပ်/သံ)

20 May 2025
18

ထိုလူမျိုးစု လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့လုံးက အရပ်သားများကို ဖမ်းဆီးထိန်းသိမ်းခြင်း သို့မဟုတ် အစဖျောက်ခြင်းများ ပြုလုပ်ကြောင်း မကြာသေးမီက နမ္မတူသို့ ဧရာဝတီသတင်းဌာန ရောက်ရှိစဉ်အတွင်း ရှမ်းနှင့် ပလောင်အခွင့်အရေးအဖွဲ့များနှင့် ရပ်ရွာအကြီးအကဲများက ပြောသည်။ ထိုအရပ်သားအများစုမှာ နမ္မတူ နယ်ခံများ ဖြစ်ကြပြီး ၎င်းတို့သည် သက်ဆိုင်ရာ လူမျိုးစု လက်နက်ကိုင်အဖွဲ့ကို ထောက်ခံသည်ဟု စွပ်စွဲချက်ဖြစ် ဖမ်းဆီး အစဖျောက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလက TNLA  က ရှမ်းအရပ်သား ၁၁ ဦးကို ဖမ်းဆီးထိန်းသိမ်းပြီး RCSS ကလည်း ပလောင် တိုင်းရင်းသား ၁၁ ဦးကို ဖမ်းဆီးထိန်းသိမ်းသည်ဟု ရပ်ရွာခေါင်းဆောင်များက ဧရာဝတီ သတင်းဌာန သို့ ပြောသည်။

အရပ်သားများ ပျောက်ဆုံးသွားသည်နှင့် တပြိုင်နက် ရှမ်းနှင့် ပလောင် ရပ်ရွာခေါင်းဆောင်များသည် ပူးတွဲ ပဋိပက္ခဖြေလျှော့ရေးကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ကြသည်။ကော်မတီဝင် များသည် ဖမ်းဆီးထိန်းသိမ်းခံရသူများ အားလုံး ပြန်လည်လွတ်မြောက်ရေး ရည်ရွယ်ပြီး ပူးပေါင်းဆောင်ရွက်ရန် သဘောတူကြသည်။

ပလောင်ဘက်က ဖမ်းဆီးထားသော ရှမ်းတိုင်းရင်းသား ၁၁ ဦးကို ပြန်လွှတ်ပေးရန် ပဋိပက္ခဖြေရှင်းရေးကော်မတီသည် TNLA အဖွဲ့ကို ဒီဇင်ဘာလတွင် သွားရောက်ဖြောင်းဖျခဲ့သည်။

“ကျနော်တို့ ၃ ခါ သွားပြီး တွေ့ဖြစ်တယ်။ TNLA ခေါင်ဆောင်တွေနဲ့။ ထိပ်ပိုင်းတွေ့တယ်။ အဓိက ဖမ်းထားတဲ့လူတွေကို လွတ်ပေးဖို့ ညှိနှိုင်းတယ်။ ပြီးတော့ အလယ်ပိုင်း ခေါင်းဆောင်တွေ့နဲ့ တွေ့တယ်။ ပြီးတော့မှ လွှတ်ပေးဖို့အောက်ခြေက ခေါင်းဆောင်တွေ့နဲ့ တွေ့တယ်။ အဲဒါပြီးတော့မှ ဖမ်းထားတဲ့ လူ ၁၁ ယောက်ကို လွှတ်ပေးတယ်” ဟု ကော်မတီအဖွဲ့ဝင် ဦးတာအိုက်ထိုက်က ပြောသည်။

သို့သော် ရှမ်းဘက်က အလားတူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း ပလောင်များက ပြောဆိုပြီး အဖမ်းခံနေရသည့် သူတို့ ပလောင် ၁၁ ဦး၏ အခြေအနေကို စိုရိမ်းနေကြောင်း ပြောသည်။

“စဉ်းစာကြည့်လေ။ အခုဆိုရင် ၃၊ ၄ လ တောင်ရှိနေပြီ။ ဘယ်မှာလဲ ကျနော်တို့လူ။ အခု ငါတို့လူ ဘယ်ရောက်နေလဲ။ ဘယ်မှာ အဖမ်းထားတာလဲ။ သူတို့ကို သတ်လိုက်ပြီလား” ဟု  ဦးတာအိုက်ထိုက်က ပြောသည်။

ဧရာဝတီသတင်းဌာနက ပဋိပက္ခ ဖြေလျှော့ရေး ကော်မတီမှ ရှမ်းတိုင်းရင်းသား ဗဟိုကော်မတီအဖွဲ့ဝင်တဦးကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သည်။ ဗဟိုကော်မတီအဖွဲ့ဝင် ဦးစိုင်းဆိုင်လင်းက ဖွဲ့ထားသည့် ကော်မတီသည် အသက်မဝင်သေးကြောင်း၊ အဖွဲ့ဝင်များ တွေ့ဆုံစည်းဝေးမှု မရှိသေးသည့်အတွက် ရှေ့ဆက်လုပ်ငန်းစဉ် လုပ်မရသေးဟု ပြောသည်။

ထို့ပြင် ဦးစိုင်းဆိုင်လင်းက RCSS နှင့် တိုက်ရိုက်တွေ့ဆုံ ညှိနှိုင်းပေးရန် သူ့တို့တွင် အခွင့်အာဏာ မရှိကြောင်းလည်း ပြောသည်။ “ပြောမယ်ဆိုရင် တအာန်းက လုပ်ပေးသွားသလို ကျနော်တို့မှာ ကွာခြားချက်တော့ အများကြီး ရှိတယ်ဗျာ။ အမှန်အတိုင်းပြောရင် ကျနော်တို့မှာ ဘာ power မှ မရှိဘူး”ဟု သူက ပြောသည်။

ပဋိပက္ခ ဖြေလျှော့ရေး ဗဟိုကော်မတီ အမျိုးသမီး အဖွဲ့ဝင်တဦးဖြစ်သည့် ဒီးဒီး ပိုးဂျိန်ကမူ ဦးစိုင်းဆိုင်လင်း၏ ကော်မတီမှာ အသက်ဝင်သေးခြင်း မရှိကြောင်း ပြောဆိုချက်ကို ပယ်ချခဲ့သည်။

“သူပြောနေတာ မဟုတ်ပါဘူး။ မမှန်ပါဘူး။ သူတို့ရှမ်းတွေတောင် လွတ်မြောက်လာပြီးပဲ။ ကော်မတီက လုပ်ပေးတာ။ ဘာဖြစ်လို့ အသက်မဝင်သေးတာလဲ” ဟု ပြောသည်။

Your Thoughts …
Tags: Human Rights
လဝီဝမ်

လဝီဝမ်

ဧရာဝတီ

Similar Picks:

သူတို့တကယ်ကို လုပ်ခဲ့ရင် ဒါဟာ ထောင်တွင်းလူသတ်မှုပဲ (ရုပ်/သံ)

သူတို့တကယ်ကို လုပ်ခဲ့ရင် ဒါဟာ ထောင်တွင်းလူသတ်မှုပဲ (ရုပ်/သံ)

by ဘုန်းအောင်
25 September 2024
194

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား ၇ ဦးကို သေဒဏ်စီရင်မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့ အတွက် ကာယကံရှင်မိသားစုဝင်တွေနဲ့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူတွေကြား စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

/ World Vision

ပဋိပက္ခတွေကို ပိုမိုကြီးထွားစေတဲ့ အမုန်းတရား ပြောဆိုမှုများ

by ဟန်ပိုင်
11 January 2017
14.3k

မြန်မာနိုင်ငံအနေနဲ့ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်တာ ဖြစ်လို့၊ အားလုံးရဲ့ မတူကွဲပြားစွာ တည်ရှိမှုတွေကို လက်ခံပြီး တဦးကိုတဦး အပြန်အလှန်လေးစား၊ တန်းတူညီမျှမှုရှိတဲ့ ပြည်ထောင်စု တည်ဆောက်နိုင်မှသာ တိုင်းပြည် ငြိမ်းချမ်းမှာ ဖြစ်ပါတယ်။

ပထမအကြိမ် မြန်မာနိုင်ငံ ဉာဏ်ရည်မသန်စွမ်းသူများဆိုင်ရာ ပညာရေး ညီလာခံသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် / ဧရာဝတီ

မသန်စွမ်းသူများကို ဖေးမ၍ တန်းတူ အခွင့်အရေးပေးရန် ဒေါ်အောင်ဆန်းစုကြည် ပြော

by ထက်နိုင်ဇော်
24 November 2016
17.9k

ဒီလိုဉာဏ်ရည် မသန်စွမ်းတဲ့ကလေးများ၊ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် မသန်စွမ်းတဲ့ ကလေးများ၊ လူငယ်များ၊ လူကြီးများအတွက် အရေးကြီးဆုံးကိစ္စတစ်ခုဟာ မိမိတို့ရဲ့ဘဝဟာ တန်ဖိုးရှိတယ်ဆိုတာကို ယုံကြည်နိုင်ဖို့ပဲ ဖြစ်ပါတယ်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာကို စုံစမ်းစစ်ဆေးရန် မစ္စယန်ဟီးလီက တိုက်တွန်းခဲ့သည် / Reuters

ကုလသမဂ္ဂ စုံစမ်းရေးသည် ဒီမိုကရေစီ လမ်းမပေါ်သို့ မြန်မာ ရောက်လာရန် ကူညီမည်

by ရည်မွန်ထွန်းနှင့် တိုင်လာဂီယန်နီနီ
4 April 2017
20.6k

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် လိုအပ်သော အခြေခံ စောင့်ကြည့် စစ်ဆေးမှုများ ကင်းမဲ့ နေသည့် အတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးက လိုအပ်သည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေး / သူဇာ / ဧရာဝတီ

“လူမှုဝန်ထမ်းသမားသည် အမြဲတမ်း အဆင်သင့် ရှိနေပါတယ်”

by ဧရာဝတီ
4 November 2016
13.6k

ကျမတို့ အမြဲတမ်း ရှိနေပါတယ်။ ကျမတို့ လုပ်ဆောင်နေတဲ့ အလုံးစုံ လူမှုကာကွယ် စောင့်ရှောက်ရေး အစီအမံမှာ စနစ်တခုဖြစ်အောင် လုပ်မယ်ဆိုရင် ကျမတို့အနေနဲ့ တာဝန်ပေးထားတဲ့ ဦးစီးအရာရှိတွေကို တမြို့နယ် တယောက်ထားဖို့ အစီအစဉ် ရှိတယ်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်၏ တိုက်ခိုက်မှုကို ရန်ကုန်မြို့တွင် ဆန့်ကျင်ဆန္ဒပြစဉ်  / Reuters

စစ်ပွဲတွေရှိရာအရပ်မှာ မွေးလာခြင်းက ရာဇဝတ်မှုလို့ ပြောကြတယ်

by စတယ်လာနော်
19 March 2017
5.3k

ကချင်ရှေ့နေများကွန်ရက်က ၂၀၁၁ နှင့် ၂၁၀၄ အတွင်း ပုဒ်မ ၁၇ (၁) အမှု ၅၀ ခန့်ရှိသည်ဟု ပြောသည်။ ၂၀၁၆ ခုနှစ်တွင် အဆိုပါ ဥပဒေဖြင့်ပင် လူငယ် ၄၉ ဦးအပါအဝင် လူ...

Next Post
ရှင်းသွားပြီ

ရှင်းသွားပြီ

UNFC အထွေထွေ အတွင်းရေးမှူး ခူဦးရယ် / ဧရာဝတီ

“ဝ” ထုတ်ပြန်ချက် UNFC နဲ့ မသက်ဆိုင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate