သတင်း

ဦးကိုနီ လုပ်ကြံခံရမှု တပ်မတော် မပါဟု ဗိုလ်ချုပ်ကြီး မြထွန်းဦး ပြော

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥပဒေရေးရာ အကြံပေး အဖွဲ့ဝင် ရှေ့နေ ဦးကိုနီ ရန်ကုန်လေဆိပ် တွင် လုပ်ကြံသတ်ဖြတ်ခံရမှု ဖြစ်စဉ်၌ တပ်မတော် အရာရှိဟောင်းများ ပါဝင်နေသော်လည်း တပ်မတော်က ပါဝင်ပတ်သက်မှု မရှိ၊ ယင်း ဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်နေသည့် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။

ယနေ့ နေ့လယ်ပိုင်းက နေပြည်တော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ဘုရင်နောင် ခန်းမ)တွင် ပြုလုပ်သည့် မုံးကိုး ဒေသ ဖြစ်စဉ်များနှင့် ရခိုင်မြောက်ပိုင်း အရေး တပ်မတော်၏ သတင်းစာ ရှင်းလင်းမှုတွင် သတင်းထောက် တဦး၏ မေးမြန်းမှုကို ဗိုလ်ချုပ်ကြီး မြထွန်းဦးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးကိုနီ လုပ်ကြံ သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည့် ဗိုလ်ကြီးဟောင်း အောင်ဝင်းဇော်၊ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်နှင့် ယင်းဖြစ်စဉ်ကြောင့် စုံစမ်း စစ်ဆေးခံခဲ့ရသူ ဗိုလ်မှူးကြီးဟောင်း လင်းဇော်ထွန်းတို့သည် တပ်မတော် အရာရှိများ ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် တပ်မှ နုတ်ထွက်ပြီး အရပ်သားများ ဖြစ်နေပြီ ဖြစ်ကြောင်း သိရသည်။

“တကယ်လို့ သူ့ (ဦးလင်းဇော်ထွန်း) အနေနဲ့ ပါဝင်ပတ်သက်မယ်ဆိုရင်လည်း တပ်မတော်အနေနဲ့ ပါဝင် ပတ်သက်ခြင်း မရှိပါဘူး။ သူသည် တပ်မတော်က ထွက်သွားတဲ့ လူတယောက် ဖြစ်ပါတယ်။ သူ့အနေနဲ့ အပြစ်ရှိနေခဲ့ရင်လည်း အဲဒါဟာ  တပ်မတော်က ပါဝင်ပတ်သက်မှု မရှိဘူးဆိုတာ ပြောလိုပါတယ်”ဟု ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။

ဦးလင်းဇော်ထွန်းသည် တပ်မတော်တွင် ဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ဖူးပြီး ၂၀၁၄ ခုနှစ်တွင် စစ်ဘက် အကြံပေးအနေဖြင့် ဗိုလ်မှူးကြီးအဆင့်နှင့် တာဝန်ထမ်းဆောင်နေစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံတွင် ခွင့်ပြုချက် တောင်းခံ၍ လွှတ်တော် အမတ် လုပ်ရန် တပ်မှ ထွက်ခွာသွားခြင်း ဖြစ်ကြောင်း တပ်မတော်က ပြောသည်။

“သူ့ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်မှာ ဆက်လက် တာဝန်ထမ်းဆောင်မှာလား၊ အရပ်ဘက်ကို သွားဖို့ ဆန္ဒရှိသလား မေးတဲ့အခါကျတော့ သူက အရပ်ဘက်ကို သွားဖို့ ဆန္ဒရှိပါတယ်လို့ ဖြေတယ်”ဟုု ဗိုလ်ချုပ်ကြီး မြထွန်းဦးက ရှင်းပြသည်။

ထို့ကြောင့် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ဒီပလိုမာ ရရှိမည့် ဥပဒေသင်တန်းတခုကို တက်ရောက်ခဲ့ ကြောင်း၊ ဥပဒေဘွဲ့ရသည့်အခါ တပ်မတော်မှ ထွက်ခွာခွင့် ပြုလိုုက်ကြောင်း၊ ယနေ့အချိန်ထိ ဦးကိုနီ ဖြစ်စဉ်တွင် ၎င်းပါဝင်သည်ဆိုသည့် အထောက်အထား မတွေ့ရသေးကြောင်းလည်း ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးက ပြောသည်။

“တကယ်လို့ သူပါဝင်ပတ်သက်တယ် ဆိုရင်တော့ ဥပဒေအရ စစ်ဆေး အရေးယူမှုကို ခံရမှာပဲ။ တပ်မတော် အနေနဲ့ကတော့ ဒီလုပ်ငန်းတွေ အစစအရာရာ အဆင်ပြေ ချောမွေ့သွားအောင် Technically Support လုပ် ပေးနေပါတယ်။ ကျနော်တို့ တပ်မတော်ပိုင်းက တာဝန်ယူရမယ့် အရာအားလုံးကို ကူညီဆောင်ရွက်ပေးနေပါ တယ်”ဟု ၎င်းက ပြောသည်။

ဦးကိုနီ အပစ်ခံရပြီး ၁၀ မိနစ်အတွင်း ဦးကြည်လင်းကို မိကြောင်း၊ ၁၂ နာရီအတွင်း အောင်ဝင်းဇော်ကို မိကြောင်း၊ အောင်ဝင်းဇော်သည် DSA အပတ်စဉ် ၃၄ ဆင်းဖြစ်၍ ၁၉၉၆ ခုနှစ်တွင် တပ်မတော်မှ အမှုတခုနှင့် ထောင်ကျ၍ အရပ်သား ဖြစ်သွားခဲ့ကြောင်းလည်း တပ်မတော်က ပြောသည်။

ဦးအောင်ဝင်းဇော်၏ ညီဖြစ်သူ ဦးအောင်ဝင်းခိုင်မှာလည်း တပ်မတော်မှာ ဒုတိယ ဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ဖူးပြီး တပ်ရင်းမှူးအထက် စစ်ဦးစီးအရာရှိ အဆင့်အထိ တာဝန်ထမ်းဆောင်၍ တပ်မ တော်ကမှ မိမိသဘောဖြင့်၂၀၁၄ ခုနှစ်မှာ တပ်မတော်ကနေ ထွက်သွားခဲ့ကြောင်း တပ်မတော်၏ ပြောကြား ချက်အရ သိရသည်။

“သတင်းတွေကတော့ ကျနော်တို့ စုံစမ်းဆဲပဲ။ အခု ပြည်သူ့ရဲတပ်ဖွဲ့ကလည်း ဒါနဲ့ပတ်သက်လို့ စုံစမ်း စစ်ဆေး နေတယ်။ တပ်မတော်ကလည်း ပြည်သူ့ရဲတပ်ဖွဲ့ကို ကူညီဖို့ စုံစမ်းနေဆဲပဲ။ နောက်ကွယ်က အဖွဲ့အစည်း ပါ တယ် ဆိုတာကတော့ ဒါအမှုရဲ့ အသွားအလာ အပေါ်မှာ မူတည်ပြီးတော့ စစ်ကြောရေး ထုတ်ချက်ပေါ်မှာ မူတည်ပြီးတော့ မှန်တယ်၊ မမှန်ဘူးဆိုတာ ဆုံးဖြတ်ရမှာပါ”ဟု ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောသည်။

တပ်မတော်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမြဲတန်း ဆုံးမသည့် စကားတခွန်း ရှိကြောင်း၊ ၎င်း မှာ သင့် ၄ သင့်ဟု ခေါ်ပြီး သွားသင့်သည့် နေရာကိုသွားခြင်း၊ ပြောသင့်သည့် စကားကို ပြောခြင်း၊ ပေါင်းသင့် သည့် သူနှင့် ပေါင်းခြင်းနှင့် လုပ်သင့်သည့် သူနှင့် လုပ်ခြင်းတို့သည် တပ်မတော်သားများအတွက် အကောင်း ဆုံး လမ်းညွှန်မှု ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။

“သူ(ဦးလင်းဇော်ထွန်း)လည်း ဒီစကားကို ကြားဖူးမှာပဲ။ လိုက်နာမှာ၊ ဆောင်ရွက်မှာလို့ပဲ ထင်ပါတယ်။

မဟုတ်ဘူးဆိုရင်လည်း ဥပဒေအရ ရင်ဆိုင်ရဖို့ပဲ ရှိပါတယ်”ဟု ဗိုလ်ချုပ်ကြီးက မီဒီယာများသို့ ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading