သတင်း

ထိုင်း လုပ်ငန်းရှင်များ အခွင့်အရေးချိုးဖောက်မှု ထိန်းကွပ်ရန် ဥပဒေလိုအပ်

Want create site? Find Free WordPress Themes and plugins.

ထိုင်းလုပ်ငန်းရှင်များ အနေဖြင့် အိမ်နီးချင်း နိုင်ငံများ၌ သဘာဝပတ်ဝန်းကျင်ထိခိုက်သည့် လုပ်ရပ် များ ကျုးလွန်သည်ဟု သတင်းများထွက်လာပြီးနောက် လူ့အခွင့်အရေးအကာအကွယ်ပေးရန်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကို တား ဆီးရန် ထိုင်း-မြန်မာ လူမှုအဖွဲ့အစည်းများက တောင်းဆို လိုက်သည်။

ထိုင်းအစိုးရမဟုတ်သောအဖွဲ့အစည်း ၂၇ ခုနှင့် ထားဝယ် ဖွံ့ဖြိုး တိုးတက်ရေးအသင်း (DDA) တို့က နှစ်နိုင်ငံအစိုးရများနှင့် ထိုင်းကုမ္ပဏီများအနေဖြင့် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်မူဝါဒများနှင့် နိုင်ငံတကာ အခွင့် အရေးဆိုင်ရာသဘောတူစာချုပ်များကို လိုက်နာရန် တိုက်တွန်းသော ကြေညာချက်တစောင်ကို ပြီးခဲ့သည့်ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုကြေညာချက်ထဲတွင် “နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံရာတွင် လူ့အခွင့်အရေးကို လေးစား လိုက်နာ ရန်၊ အခွင့်အရေး ချိုးဖောက်မှုများကို ပြန်လည်ကုစားပေးရန်၊ ကုလသမဂ္ဂလမ်းညွှန် မူဝါဒမဏ္ဍိုင် ၃ ခုနှင့် ထိုင်းအစိုးရနှင့်အစိုးဌာနများ၏ တာဝန်ဝတ္တရားများ အပြည့် အဝလိုက်နာရေးအတွက် ယန္တရား တရပ်ထူထောင်ရန်နှင့် အခြားလိုအပ်သောအစီအစဉ်များ ချမှတ်ရန် ထောက်ခံတင်ပြချက်များကို  အပြည့်အဝလိုက်နာရန် တောင်းဆိုလိုက်သည်”ဟုဖော်ပြထား သည်။

လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယားတို့ကဲ့သို့သောအိမ်နီးချင်းနိုင်ငံများတွင် ထိုင်းကုမ္ပဏီများ၏ရင်းနှီး မြှုပ်နှံမှု တိုးတက်လာ ခြင်းကြောင့် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ခံမှုကင်း မဲ့ခြင်း ပတ်သက်သောစိုးရိမ်မှုများ ပေါ် ပေါက်လာသည်ဟု အထက်ပါအဖွဲ့များက ပြောသည်။

ထိုင်းရင်းနှီးမြှုပ်နှံသူအများအပြားတို့သည် မြန်မာနိုင်ငံမှ ထားဝယ်အထူးစီးပွားရေးဇုန်၊ လာအိုနိုင်ငံမှ ဆာရာဘူရီဆည်၊ ဟောင်ဆာကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ၊ ကမ္ဘောဒီးယားနိုင်ငံမှ ကိုကောင်၊ အော့ဒါမီးချေရှိ ကြံစိုက်ခင်းများတွင် လူမှုနှင့်သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို ဖြစ်စေခဲ့သည်ဟု အထက်ပါကြေညာချက်တွင် ဖော်ပြထားပြီး၊ မနှစ် မေလ ၁၆ ရက်နေ့က ထိုင်းအစိုးရ ထောက်ခံတင်ပြခဲ့သော ပုဂ္ဂလိကကဏ္ဍအနေဖြင့် ဒေသခံ ရပ်ရွာအသိုင်းအဝိုင်း၏ အခြေခံအခွင့်အရေး များကို လေးစားလိုက်နာရန် နှင့် ယန္တရားတခုကို ထူထောင်မည့် အစီအစဉ်နှင့် ပတ်သက်၍ လေးစား လိုက်နာရန်လည်း တိုက်တွန်းထားသည်။

အလားတူ ထားဝယ်ကွန်ရက်ကလည်း ပြည်ပကုမ္ပဏီများအနေဖြင့်  မြန်မာနိုင်ငံ၏သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ဥပဒေများ လိုက်နာစေရေး ဆောင်ရွက်ပေးရန်နှင့် စီမံကိန်းများ၏ အဆင့်တိုင်းတွင် ပြည်သူလူထု ပါဝင်ခွင့်ပြုရန် မြန်မာအစိုးရကို တိုက်တွန်းပြီး ထိုင်းအဖွဲ့များနှင့် အလားတူ ခံစား ချက်များကို ဖော်ပြသော ကြေညာချက်တစောင်ကို ထုတ်ပြန်ကြေညာသည်။

ထိုင်းရင်းနှီးမြှုပ်နှံသူများနှင့် ပြုလုပ်သောဖွံ့ဖြိုးရေးစီမံကိန်းအနည်းဆုံး ၉ ခုတို့သည် တနင်္သာရီတိုင်း ထားဝယ်ခရိုင်တို့တွင် ဒေသရပ်ရွာများသို့ ပြင်းထန်သော အကျိုးဆက်များဖြစ်စေခဲ့သည်ဟု DDA အကြီးအကဲ ဦးသန့်ဇင်က ပြောသည်။

“မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေးစနစ်အကောင်အထည်ဖော်ပြီးနောက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အလျင်အမြန် တိုးပွား လာတယ်။ အစိုးရကလည်း ဒါမှလူမှုရေး၊ စီးပွားရေးတွေ တိုးတက်လာမယ်လို့ထင်နေတယ်” ဟု၎င်းကဆိုသည်။

“ဒါပေမယ့် ဒီဖွံ့ဖြိုးရေးစီမံကိန်းတွေက ဒေသခံတွေအတွက် မြေဆုံးရှုံးမှုတွေ၊ အသက်မွေးဝမ်းကျောင်း ထိခိုက်မှုတွေနဲ့သ ဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကိုသာ ဖြစ်စေခဲ့တယ်။ ကုမ္ပဏီများသည် ၎င်းတို့ကြောင့် ဖြစ်ပေါ်လာသော ပြဿ နာများကို တာဝန်ယူရမည်ဖြစ်ပြီး ထိုင်းနှင့်မြန်မာအစိုးရများ အနေဖြင့် ရင်းနှီးမြှုပ်နှံသူများကို ထိန်းချုပ်ရန် ဥပဒေလုပ်ထုံး လုပ်နည်းများ ထူထောင်ရမယ်” ဟုလည်း သူ ဆက်ပြောသည်။

ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် တူရန် ဂျိုင်ဒီးတက်စ် ကလည် ရင်းနှီးမြှုပ်နှံသူများ ကို ဥပဒေဖြင့် ထိန်းချုပ် ရေးအကြံပြုချက်ကို သဘောတူကြောင်း ပြောသည်။

“ထိုင်းနိုင်ငံက စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂ လမ်းညွှန်မူဝါဒတွေကို လိုက်နာမယ် လို့ ကတိကဝတ်ပြု ထားတယ်။ ဒီလမ်းညွှန်တွေအရ စီးပွားရေးလုပ်ငန်းတွေဟာ သူတို့လုပ်ကိုင်တဲ့ ဒေသတွေမှာ လူ့အခွင့်အရေးကို လေးစား လိုက်နာပြီး ပတ်ဝန်းကျင်ပျက်စီးမှုကို တားဆီးဖို့တာဝန်ရှိ တယ်” ဟု သူ ဆက်ပြောသည်။

ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့်လည်း ထားဝယ်ရှိ ဟိန္ဒားသံဖြူမိုင်း၌ လုပ်ကိုင်နေ သည့် ထိုင်းလုပ်ငန်း များ စနစ်တကျ လုပ်ကိုင်ခြင်းမရှိ၊ ဒေသခံများ၏ အခွင့်အရေးများကို ချိုးဖောက် ကာ သဘာဝပတ်ဝန်းကျင် ပျက်စီးစေ သည်ဟု စွပ်စွဲချက်များနှင့် ထားဝယ်အထူးစီးပွားရေးဇုန်မှ မြေအငြင်းပွားမှုတခုကို စစ်ဆေးခဲ့ပြီးဖြစ်သည်။

“ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မကြာခင် အစီရင်ခံစာတင်ပြီး သက်ဆိုင်ရာ ထိုင်းအစိုးရဌာနတွေ၊ ကုမ္ပဏီ တွေဆီကနေ အဖြေ ရှာသွားမျာပါ” တူရန် ဂျိုင်ဒီးတက်စ် ဟု က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် မတ်လက ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့ ဟိန္ဒား သတ္တုမိုင်းမှ စွန့်ပစ်ရေများ ချောင်းအတွင်း လွှတ်ခဲ့သည့်အတွက် ဒေသခံများ  သောက်သုံးနေသည့် ရေများညစ် ညမ်းသည့်ဟု စွပ်စွဲချက်များနှင့် ပတ်သက်၍ ရပ်ရွာ အခွင့်အရေး များကိုချိုးဖောက်ခြင်းရှိမရှိ စစ်ဆေးပေးရန် ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (DDA) က မေတ္တာရပ်ခံသည်။

ထို့အတွက် သြဂုတ်လတွင် နရဲစွမ်တက္ကသိုလ်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အင်ဂျင်နီယာဌာန ပါမောက္ခ တနာပွန် ဖန်ရက် ဦးဆောင်ကာ ပက်ချဘူရီခရိုင် အနောက်ဘက် တနင်္သာရီတိုင်းအတွင်းရှိ အဆိုပါချောင်းရေနှင့် မြောင်းပြို ကျေးရွာမှ မြေသားနမူနာ ၂၂၂ခုကို စုဆောင်း စစ်ဆေးရာ မင်းဂနိစ်ပါဝင်မှု လွန်စွာမြင့်မားနေသည်ဟု သိရသည်။

ချောင်းရေနမူနာ တလီတာတွင် နောက်ကျိမှု ၆၄၂ မှ ၁၅၂၈၂ မီလီဂရမ်နှုန်းရှိပြီး လက်ခံနိုင်သော အဆင့်ဖြစ်သည့် တလီတာလျှင် ၁၀ မီလီဂရမ်နှုန်းထက် များစွာမြင့်မားနေပြီး၊ သောက်သုံးရန် မြေအောက်ရေတွင် မင်းဂနိပါဝင်မှုမှာ ရေ တလီတာလျှင် ၂၀.၁၀ မီလီဂရမ်ရှိကာ လက်ခံနိုင်သော အဆင့်မှာ တလီတာလျှင် ဝ.၀၃ မိလီဂရမ်သာရှိသည်ဟု သိရသည်။

ထိုတွေ့ရှိချက်ကို ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (NHRC)၏ ရပ်ရွာအခွင့်အရေးနှင့် သယံဇာတရေးရာ ဆပ်ကော်မတီက မြန်မာဘက်ခြမ်းရှိ မြောင်းပြိုကျေးရွာသို့ သွားရောက်မစစ်ဆေးမီ  ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ ချောင်းရိုးတလျှောက်၌ ဝကုန်းနှင့် ဟိန္ဒားမိုင်း ၂ခုရှိပြီး  ဝကုန်းမိုင်းမှထုတ်လွှတ်ရေသည် ချောင်းတလျှောက် ပျော်ဝင်နေပြီး၊ ဟိန္ဒားမိုင်းမှ ရေကြောင့် ထပ်မံပြီး အကြီးအကျယ်ညစ်ညမ်းစေကာ ရွာနှင့်နီးသော ဟိန္ဒားမိုင်းမှ ရေသည် ခဲနှင့်အာဆင်းနစ်များပါဝင်၍ မြေအောက်မှ ရရှိသည့် သောက်သုံးရေ၊ မြေ၊ အပင် အရင်းမြစ်များပါမကျန်  မိုင်းမှစွန့်ပစ် ရေနှင့် သတ္တုရိုင်း အကြွင်းအကျန်များကြောင့် ညစ်ညမ်းနေသည်ဟု ပါမောက္ခ တနာပွန်ဖန်ရက်က ရှင်းပြသည်။

DDA ၏အဆိုအရ လက်ရှိ ဟိန္ဒားမိုင်းကို ထိုင်းနိုင်ငံက ပိုင်ပြီး မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် မြန်မာ ပွန်ပီပတ် ကုမ္ပဏီ (Myanmar Pongpipat Co Ltd )က စီမံခန့်ခွဲနေသည်။

ထိုသတ္တုမိုင်းကို အသေးစားလုပ်ကိုင်နေသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်သော်လည်း ၁၉၉၉ ခုနှစ်မှ စ၍ မြန်မာ ပွန်ပီပက် ကုမ္ပဏီ Myanmar Pongpipat Co Ltd က သီးခြားလုပ်ကိုင်ခွင့်ရသည်မှ စတင်ချဲ့ထွင်ခဲ့ခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading