သတင်း

M 150 ပုလင်းများဖြင့် ဖောက်ခွဲမှု ရုံးချိန်း တရားလိုပြသက်သေ မလာရောက်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တွင်း M 150 အချိုရည်ပုလင်းများ အသုံးပြု ဖောက်ခွဲမှုများနှင့် ပတ်သက်၍ ယနေ့နံနက်က အနောက်ပိုင်း ခရိုင် တရားရုံးတွင် တရားလိုပြသက်သေအား စစ်ဆေးရန် ချိန်းဆိုထားသော်လည်း လာရောက်ခြင်းမရှိ၍ ရုံးချိန်း ထပ်မံ ချိန်းဆို လိုက်သည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က M 150 အချိုရည် ပုလင်းများ အသုံးပြုပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်း အတွင်း ဖောက်ခွဲမှုတွင် တရားလိုပြ သက်သေ ဦးကျော်ညွန့် သည် ဖေဖော်ဝါရီလ ၂၂ရက်နေ့ ရုံးချိန်းသို့ လာရောက်ခြင်း မရှိသကဲ့သို့ ယနေ့ရုံးချိန်းတွင်လည်း  လာရောက်ထွက်ဆိုခြင်းမရှိခဲ့၍ မတ်လ ၈ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း အနောက်ပိုင်း ခရိုင်တရားရုံး တရားသူကြီး၏ ပြောဆိုချက်အရ သိရသည်။

ဖောက်ခွဲမှုများနှင့် ပတ်သက်၍ သံသယရှိသူ ခင်မောင်ရွှေ(ခ)ရာကွတ်၊ စိုးမင်းဇော်၊ ကျော်သူ(ခ) ကျော်ကျော် နှင့် စိုးဝင်း (ခ) အလီ ဆိုသူတို့အား ပေါက်ကွဲစေတတ်သော ဝတ္ထု ပစ္စည်းများ အက်ဥပဒေ ပုဒ်မ(၃)ဖြင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ကတည်းက တရားစွဲဆို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကျော်သူ(ခ)ကျော်ကျော် ၏ ရှေ့နေ ဦးအောင်သန်း (ညောင်တုန်း) က “ခင်မောင်ရွှေကိုတော့ လွှတ်တော်တွင်း ပေါက်ကွဲမှု အပြင် မရမ်းကုန်းက Ocean ပေါက်ကွဲမှု အတွက်လည်း တရားစွဲထားတယ်၊ ကျန်တဲ့ ပေါက်ကွဲမှုတွေ အတွက်တော့ တရားစွဲတယ်လို့ မသိရသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က မရမ်းကုန်းမြို့နယ်ရှိ Ocean Center ၊ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဒေါပုံမြို့နယ်ရှိ Capital Hypermarket နှင့် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးမှူးရုံး အတွင်းတို့တွင်လည်း M 150 အချိုရည် ပုလင်းများအသုံးပြုသည့် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading