သတင်း

၃ ရက်ကြာ ပျောက်နေသည့် လူငယ် ၄ ဦး မြောက်ဥက္ကလာတွင် ပြန်တွေ့

Want create site? Find Free WordPress Themes and plugins.

မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ ၅ လမ်းရှိ နေအိမ် တအိမ်ကို ရပ်ကွက်နေပြည်သူများ တိုင်ကြားသဖြင့် ဝင်ရောက် စစ်ဆေးရာမှ ပျောက်ဆုံးနေသည့် ဆယ်ကျော်သက် လူငယ် ၄ ဦးကို ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။

မောင်စိုင်းစံ၊ မောင်ငြိမ်းချမ်းအောင်၊ မအေးအေးပိုင်၊ မအိသူတို့ကို ယင်းနေအိမ်တွင်  တွေ့ရှိကြောင်း ရပ်ကွက်နေပြည်သူများက တိုင်ကြားသဖြင့် ဝင်ရောက် စစ်ဆေးရာမှာ ပြန်လည် တွေ့ရှိခဲ့ရခြင်း ဖြစ်ပြီး ညှိနှိုင်းဆွေးနွေးကာ မိဘများထံ မြောက်ဥက္ကလာပမြို့နယ် က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မှ သိရသည်။

“မင်္ဂလာဈေးက နာဆာကလပ်ကို ၂ ရက်သွားတယ်။ ပြီးတော့ ဂန္ဓမာဟိုးဆေးလ်ကို သွားတယ်။ စရိတ် ပြတ်သွားတော့ ကောင်မလေး တယောက်က ဒီမှာ သူ့အဒေါ်အိမ် ရှိတယ် ဆိုပြီး တည်းနေရင်းနဲ့ ပတ်ဝန်းကျင်က သူ့မိဘတွေကို  သိတော့ ဖုန်းဆက်ခေါ်ရာကနေ လူကုန်ကူးမှု ဆိုပြီး ဖြစ်လာတာ” ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ်သန့်စင်က ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “သောကြာနေ့ ၉ နာရီခွဲ ရုံးကို ခေါ်ထားတယ်။ နောက်တခါ ဒီလိုမျိုးရောက်လာရင် မလုပ်ဖို့ ဒါဟာ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေနဲ့ ငြိနိုင်တယ်ဆိုတာ ပြောတယ်။ ဒါတွေဟာ လူကုန်ကူးမှု မြောက်နိုင်တဲ့ဟာဆိုတာ ပြောမယ်။ မှတ်တမ်း ယူထားမယ်”ဟု ၎င်းက ပြောသည်။

ရဲတပ်ဖွဲ့မှ စစ်ဆေးတွေ့ရှိချက်များအရ လူကုန်ကူးမှု ကျူးလွန်ခြင်း မဟုတ်ကြောင်း၊ ကျောင်းသား ၄ ဦးကို လက်ခံထားသည့် အိမ်ရှင်ကိုလည်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေနှင့် ငြိနိုင်ကြောင်း ပညာပေးပြီး နောက်တစ်ကြိမ် ဖြစ်ပွားပါက ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း အသိပေးကာ ခံဝန်လက်မှတ်ထိုးခိုင်းမည် ဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးရာမှ ပြန်တွေ့ရာတွင် ပါဝင်နေသူ မောင်ငြိမ်းချမ်းအောင်၏ ဖခင်ဖြစ်သူက “လူငယ်ဆိုတော့ အပျော်အပါးမက်တဲ့ သဘောပါ” ဟု ပြောခဲ့သော်လည်း အခြားကိစ္စရပ်များနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောပြလိုခြင်း မရှိကြောင်း ဧရာဝတီသို့ ပြောသည်။

အဆိုပါနေအိမ်သို့ ရောက်ရှိနေသည့် ဆယ်ကျော်သက် တဦးသည် အနီးဝန်းကျင် ရပ်ကွက်တခုတွင် နေထိုင်သူဖြစ်ရာ မိခင်က သား ပျောက်နေ၍ လိုက်လံရှာဖွေရာတွင် ဓာတ်ပုံပေးထားခဲ့သဖြင့် သတိထားမိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“စလာရှာကတည်းက ဒီဓာတ်ပုံတွေ့ကတည်းက ရင်းရင်းနှီးနှီး မြင်ဖူးတယ်ဆိုပြီး သူတို့ိ ပြန်လို့ အိမ်တောင် ရောက်မယ် မထင်ဘူး။ အဲဒီအိမ်ထဲက ကောင်လေးထွက်လာတာ တွေ့တော့။ သူ့အမေကိုလည်းဆက် ဆယ်အိမ်မှူးကို ပြောပေးတာ”ဟု အဆိုပါလမ်းတွင် နေထိုင်သည့် မျက်မြင်ကြုံတွေ့သူ တဦးက ပြောသည်။

ဖြစ်စဉ်မှာ နွယ်သာကီ ၅ လမ်း၊ အိမ်အမှတ် ၅၀၉ နေအိမ်တွင် နေထိုင်သူသည် ရပ်ကွက်အတွင်း ပြောင်းရွှေ့ လာသည်မှာ လပိုင်းသာရှိသော်လည်း ဆယ်ကျော်သက် ကလေးငယ်များ မကြာခဏ အဝင်အထွက် ရှိနေခြင်းကြောင့် တိုင်ကြားခံရခြင်း ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading