နှလုံးခွဲစိတ်ကုသမှု ခံယူရသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ကျန်းမာရေးအခြေအနေ မှာ တည်ငြိမ်ကောင်းမွန်လျှက်ရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှု ဆက်လက်ခံယူနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဦးဖြိုးမင်းသိန်းဟာ မွေးရာပါ နှလုံးအဆို့ရှင် မလုံခြင်းနှင့် ဆိုင်သော သွေးကြောမကြီး ကြီးနေသည့်အတွက် ယနေ့န့နက် ၇ နာရီမှာ ရန်ကင်းကလေးဆေးရုံကြီး နှလုံးနှင့် သွေးကြောခွဲစိတ်ကုသဌာန၏ အစီအစဉ်ဖြင့် ဗြိတိန်နိုင်ငံမှ ပါမောက္ခ ဦးအောင်ရဲဦး ဦးဆောင်၍ ပါမောက္ခ ဒေါ်ဝင်းဝင်းကျော်နှင့်ပါမောက္ခ ဦးအောင်သူ အပါအဝင် ဆရာဝန် ၁၇ဦးအဖွဲ့က ခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ် ပါတယ်
ယခုအခါ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် တာဝန်ကို ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ယာယီဝန်ကြီးချုပ်အဖြစ် ခေတ္တတာဝန်ယူထားပါတယ်။