အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်လက်ထက် လက်ပံတောင်းကြေးနီ စီမံကိန်းနှင့် ဒေသခံများ အကြား ပဋိပက္ခကို ဖြေရှင်းရန် ညှိနှိုင်းမှုများ ပိုမိုဆောင်ရွက်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးက ပြောကြားသည်။ လက်ပံတောင်း ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ယခင်အစိုးရ လက်ထက်နှင့် နှိုင်းယှဉ်လျှင် ပဋိပက္ခ ဖြစ်မှု၊ ထိပ်တိုက်တွေ့ဆုံမှုများအစား ညှိနှိုင်းမှုများ ပိုမိုဆောင်ရွက်လာနိုင်ကြောင်း စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်က ပြောသည်။ “အရင်အစိုးရတုန်းက ပြည်သူတွေနဲ့ တွေ့ဆုံမှုမရှိဘူး၊ နည်းတယ်။ ကျနော်တို့ အစိုးရကတော့ ဝန်ကြီး အဖွဲ့ရော၊ ကိုယ်စားလှယ်ရော ကျေးရွာတွေအထိ ဆင်းပြီးညှိနှိုင်းနေတယ်”ဟု ၎င်းက ပြောသည်။ ဒေသခံများသည် မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး မရရှိမှုကြောင့် ကြေးနီစီမံကိန်းမှ ပိတ်ဆို့သိမ်း ဆည်းထားသည့် ကြေးသယ်ယာဉ် ၅ စီးကို ဖေဖော်ဝါရီလကုန်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် ညှိနှိုင်းဆွေးနွေးပြီးနောက် ပြန်လည်လွှတ်ပေးခဲ့သည်။ လက်ပံတောင်းဒေသခံများ၏ တောင်းဆိုချက်မှာ တိုင်းဒေသကြီးအဆင့်ဖြင့် ဖြေရှင်းနိုင်ခြင်း မရှိ၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့် တင်ပြထားကြောင်း ဝန်ကြီးက ဆက်ပြောသည်။ “တောင်သူတွေ တောင်းဆိုထားတဲ့ အခြေအနေအပေါ် မူတည်ပြီး ကျနော်တို့ တိုင်းအစိုးရကလည်း ဆုံးဖြတ်ချက်ပေးလို့ မရဘူး၊ တိုင်းအစိုးရကတော့ ပူးပေါင်းဆောင်ရွက်ညှိနှိုင်းပေးရမှာပဲဖြစ်တယ်။ ပြည်ထောင်စုအစိုးရဘက်က အကြောင်းပြန်လာမှ ကျနော်တို့က ဘယ်လိုလုပ်ရမလဲ ဆိုတာသိရ မှာ”ဟု ၎င်းက ပြောသည်။ ဒေသခံတောင်သူများအနေဖြင့်လည်း တိုင်းဒေသကြီးအစိုးရနှင့် ညှိနှိုင်းပြီးနောက် ရလဒ်ကိုစောင့်ဆိုင်း နေကြောင်း ဆည်တည်းကျေးရွာသူ ဒေါ်ရီဝင်းက ဆိုသည်။ “ပြည်ထောင်စုကိုစာတင်လိုက်တယ်လို့တော့ပြောတယ်။ အဲဒါကြောင့်မို့လို့ ဒေသခံတွေကလည်း ပြည်ထောင်စုအစိုးရကို သီးနှံနစ်နာကြေးရဖို့ရာဆိုပြီး စာတင်ထားတယ်ဆိုပြီးတော့ အဲဒါအခြေအနေ စောင့်ကြည့်နေတုန်း”ဟု ၎င်းက ဆိုသည်။ ၂၀၁၃ခုနှစ် မတ်လ ၁၁ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ထွက်ပေါ်ခဲ့သော အစီရင်ခံစာ၌ သဘာဝပတ်ဝန်းကျင် ကို မထိခိုက်စေသည့် စံချိန်စံညွှန်းများနှင့် စီမံကိန်းကို ဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း၊ ဒေသခံ များကို ကာလပေါက်ဈေးအတိုင်း မြေယာလျော်ကြေးပေးရန်နှင့် ဒေသအတွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး အခွင့်အလမ်းများဖန်တီးပေးရန် စသည့်အချက်များ ပါဝင်ခဲ့ သည်။ ဒေသခံများက နှစ်စဉ်သီးနှံလျော်ကြေးပေးရန် သို့မဟုတ် နှစ် ၆၀စာ တွက်ချက်ပြီး လျော်ကြေး ပေးရန် နှင့် နှစ် ၆၀စာ မပေးနိုင်သေးပါက ပြီးခဲ့သည့် ၅ နှစ်စာအတွက် လျော်ကြေးပေးရန် ဖေဖော်ဝါရီလ အတွင်းက စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တွေ့ဆုံဆွေးနွေးစဉ် တောင်းဆိုခဲ့သည်။
တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ
"နေအိမ်စွန့်ခွာထွက်ပြေးရတာ ဘယ်နှစ်ကြိမ်ရှိလဲဆိုတာ မမှတ်မိတော့ဘူး" ဟု ဦးမြင့်လွင်က ဧရာဝတီသတင်း ဌာနသို့ ပြောသည်။