တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် မြန်မာ့တပ်မတော်အကြား လတ်တလော ဖြစ်ပွားနေသော တိုက်ပွဲများ ချက်ခြင်း အပစ်အခတ်ရပ်စဲပြီး နှစ်ဘက်သဘောထား ကွဲလွဲမှုများကို ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်းရန် တရုတ်နိုင်ငံက အင်္ဂါနေ့က တောင်းဆိုလိုက်သည်။
လူ ၃၀ ခန့်သေဆုံးစေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးရရှိရေးပန်းတိုင်ကို ထိုးနှက်လိုက်သော တိုက်ပွဲများမှ ထွက်ပြေးလာကြသော မြန်မာနိုင်ငံမှ ဒုက္ခသည်များကို တရုတ်နိုင်ငံက လူသားချင်းစာနာမှုအကူအညီများ ပေးနေကြောင်းလည်း သိရသည်။
“မြန်မာနိုင်ငံ မြောက်ပိုင်းက အခြေအနေတွေဟာ တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုနဲ့ ဆက်စပ်နေပါတယ်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ Geng Shuang က နေ့စဉ်သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
“ဒီတိုက်ပွဲတွေ စတင်ကတည်းက နယ်စပ်ဒေသက မြန်မာတွေဟာ လုံခြုံရေးအတွက် တရုတ်နိုင်ငံထဲကို ဝင်လာကြတယ်” ဟုလည်း ပြောသည်။