မြန်မာအစိုးရက ၂၀၁၇ ခုနှစ်အတွက် ကာကွယ်ရေး ဘတ်ဂျက် မြန်မာကျပ်ငွေ ၂.၉၂ ထရီလီယံ (အမေရိကန် ဒေါ်လာ ၂.၁၄ ဘီလီယံ) တောင်းဆိုခဲ့သောကြောင့် အဆိုပါ ဘတ်ဂျက်သည် ၂၀၁၇ ခုနှစ် အတွင်း အစိုးရ၏ စုစုပေါင်း အသုံးစရိတ်၏ ၁၃.၉ ရာခိုင် နှုန်းရှိပြီး အမျိုးသား GDP (ပြည်တွင်း အသားတင်ထုတ်လုပ်မှု) ၏ ၃ ရာခိုင်နှုန်း ခန့်ဖြစ်သည်။
ကာကွယ်ရေး အသုံးစရိတ်က ၂၀၁၅ ခုနှစ်ကထက်စာလျှင် အနည်းငယ် တိုးမြင့်လာခဲ့သော်လည်း ကာကွယ်ရေး ဝန်ကြီး ဌာနက ၂၀၁၇ ခုနှစ် အတွက် အဆိုပြုတောင်းခံထားခဲ့သော ကျပ်ငွေ ၃.၉ ထရီလီယံထက်မူ များစွာ လျော့နည်းနေခဲ့ပါ သည်။
ယခုနှစ် ဘတ်ဂျက်သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရှိခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရအတွက် ပထမဆုံး အကြိမ် ဖြစ်ပါသည်။
၂၀၁၆ ခုနှစ် ဘတ်ဂျက်ကို စစ်တပ်က ကျောထောက်နောက်ခံပေးထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရက NLD အစိုးရ အာဏာမရယူမီ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
အစိုးရက ၂၀၁၇ ခုနှစ် ကာကွယ်ရေး ဘတ်ဂျက်နှင့် ပတ်သက်၍ အသေးစိတ် ထုတ်ပြန်ပေးခြင်း မရှိသော်လည်း ယခင် ဘတ်ဂျက် ခွဲဝေချထားမှုများတွင် လစာအပါအဝင် တပ်သားများအတွက် အသုံးစရိတ်များက ၅၀ ရာခိုင်နှုန်းကျော် ရှိပြီး စစ်ရေး အခြေခံ အဆောက်အဦးများအတွက် ၁၀ ရာခိုင်နှုန်း ဝန်းကျင် နှင့် စစ်လက်နက်ပစ္စည်း ဝယ်ယူရေး နှင့် စစ်ဆင်ရေး ကုန်ကျစရိတ်များက ၃၀ ရာခိုင်နှုန်းကျော် ရှိခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ကာကွယ်ရေးကဏ္ဍကို စောင့်ကြည့်သုံးသပ်နေသော IHS Jane’s Defence Weekly က ဆိုသည်။ ကျန်ရှိသည့် ဘဏ္ဍာငွေများကို လေ့ကျင့်ရေး နှင့် အခြားသော ကိစ္စရပ်များတွင် အသုံးပြုသည်။
စစ်လက်နက်ပစ္စည်းဝယ်ယူရေး အတွက် ဘဏ္ဍာငွေကို မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရရှိပြီး ဘတ်ဂျက်တွင် မပါဝင်သည့် ရံပုံငွေများမှ အများဆုံး ကျခံသုံးစွဲသည်ဟု Jane’s Defence Weekly က ယူဆသည်။
ယခင် စစ်တပ်ကျောထောက် နောက်ခံ အစိုးရများ လက်ထက်က အထူးဘဏ္ဍာငွေ ဥပဒေတခုကို အသုံးချ၍ လွှတ်တော်၏ စောင့်ကြည့်ထိန်းချုပ်မှု မပါဝင်ဘဲ လက်နင်ကိုင်အဖွဲ့များက ထပ်တိုး ဘဏ္ဍာငွေများ ရရှိနိုင်ရန် ခွင့်ပြုပေးခဲ့သည်။
ဘတ်ဂျက်သုံးစွဲမှုတွင် စစ်လက်နက်ပစ္စည်း ဝယ်ယူရေးအတွက် ချထားပေးသော အသုံးစရိတ် (ဘတ်ဂျက်တွင် မပါဝင်သည့် အခြား အရင်းအမြစ်များဖြင့် ကျောထောက်နောက်ခံပေးထားသော ဘဏ္ဍာငွေများ) သည် အခြားကဏ္ဍများနှင့် နှိုင်းယှဉ်လျှင် မြင့်မားနေခြင်းက တပ်မတော်ကို ခေတ်မီ တပ်မတော် ဖြစ်စေရန် မြန်မာနိုင်ငံက ကြိုးစားနေခြင်းကို ဖော်ပြနေသည်။
ထိုနေရာတွင် ရုရှား နှင့် တရုတ်နိုင်ငံတို့က မြန်မာနိုင်ငံ၏ လိုအပ်ချက် အများအပြားနှင့် ကိုက်ညီနေခဲ့သည်။
လတ်တလောနှစ်များ အတွင်း မြန်မာနိုင်ငံတွင် လူသိအများဆုံးဝယ်ယူမှုမှာ ၂၀၁၅ ခုနှစ်က JF-17 Thunder ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ် ၁၆ စင်း ဝယ်ယူရန် ပါကစ္စတန် နှင့် တရုတ်နိုင်များ နှင့် သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်သည်။ အဆို ပါလေယာဉ်များထဲမှ ပထမဆုံး အသုတ်ကို ၂၀၁၇ ခုနှစ်မကုန်မီ ပို့ပေးမည် ဟုမျှော်လင့်ရပါသည်။
ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်း မြန်မာနိုင်ငံ၏ အခြားသော အဓိက ဝယ်ယူမှုများထဲတွင် တရုတ်နိုင်ငံမှဝယ်ယူခဲ့ သော 053H1 Jianghu-2 နှင့် Aung Zeya-class ဖရီးဂိတ် စစ်သင်္ဘောများ၊ Norinco Type 69/80 တင့်ကားများ၊ Hongdu K-8 လေ့ကျင့်ရေး နှင့် တိုက်ခိုက်ရေး လေယာဉ်များ ပါဝင်ပြီး R-27/AA-10 ‘Alamo’ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များ၊ MiG-29 တိုက်ခိုက်ရေး လေယာဉ်များ၊ Mil Mi-24 တိုက်ခိုက်ရေး ရဟတ်ယာဉ်များ နှင့် Mil Mi-2 ပို့ဆောင်ရေး ရဟတ်ယာဉ်များ ကို ရုရှားနိုင်ငံမှ ဝယ်ယူခဲ့သည်။
မြန်မာနိုင်ငံက ပြည်တွင်း စစ်ဘက်ထုတ်လုပ်ရေး စခန်းများတိုးတက်ရေးကို အထောက်အကူ ဖြစ်စေရန် အတွက် နည်း ပညာ လွှဲပြောင်းရေးများ နှင့် ပတ်သက်သည့် ဝယ်ယူရေး အစီအစဉ်များကို အလေးပေးမှု တိုးလာသည်ကိုလည်း တွေ့ ရသည်။
ဥပမာ အားဖြင့် ကာကွယ်ရေးဆိုင်ရာ သတင်းဝက်ဆိုက် တခုဖြစ်သည့် Jane က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ တွင် ဖော်ပြ ချက် အရ မြန်မာနိုင်ငံသည် အနာဂါတ်လေကြောင်းတိုက်ခိုက်ရေး လိုအပ်ချက်များ ပြည့်မီရေး အတွက် JF-17 တိုက်လေ ယာဉ်များ တည်ဆောက်ခွင့် လိုင်စင် ရရှိရေးအတွက် အကြို ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ လက်ရှိမှာယူ ထား သော လေယာဉ်များကို ပါကစ္စတန် နိုင်ငံမှ Pakistan Aeronautical Complex (PAC) နှင့် တရုတ်နိုင်ငံမှ Chengdu Aerospace Corporation (CAC) တို့က ပူးပေါင်း တည်ဆောက်လျှက်ရှိသည်။
မြန်မာ့ လေတပ်၏ လေယာဉ်တည်ဆောက်ရေး နှင့် ပြုပြင်ထိန်းသိမ်းရေး အခြေချစခန်းက မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့တွင် ရှိပြီး ၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံမှ ရရှိခဲ့သည့် ကန်ထရိုက်တခုအရ K-8 လေ့ကျင့်ရေး နှင့်တိုက်ခိုက်ရေး လေယာဉ် ၄၀ ကျော် ကို ထုတ်လုပ်ခွင့် လိုင်စင်ဖြင့် ထုတ်လုပ်ခဲ့ပြီး ဖြစ်သည်။