• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

KNU ခေါင်းဆောင်သစ် ရွေးချယ်ရေး ညီလာခံခေါ်ယူ

by စောရန်နိုင်
14 March 2017
in သတင်း
A A
KNU ခေါင်းဆောင်သစ် ရွေးချယ်ရေး ညီလာခံခေါ်ယူ
5.1k
VIEWS
Share on FacebookShare on Twitter

ခေါင်းဆောင်မှုသစ် ရွေးချယ်ရန်နှင့် မူဝါဒများကို ပြန်လည် သုံးသပ်ရန် ကရင်အမျိုးသားအစည်းအရုံး (Karen National Union – KNU) သည် ၎င်း၏ ၁၆ ကြိမ်မြောက် ကွန်ဂရက်ကို အင်္ဂါနေ့က စတင်ကျင်းပသည်။

ယခင် ကျင်းပခဲ့သော ကွန်ဂရက်များနှင့် မတူညီသည့် ထူးခြားချက်မှာ ပြည်ပရှိ ကရင် အသိုင်းအဝန်းများမှ ကိုယ်စားလှယ်များကို မဲပေးခွင့် မပေးခြင်း ဖြစ်သည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
26
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
57
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
265

ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်၊ အထွေထွေအတွင်းရေးမှူး စောကွယ်ထူးဝင်းနှင့် တွဲဖက်အထွေထွေ အတွင်းရေးမှူးများ ဖြစ်ကြသော ဖဒိုမန်းမန်းနှင့် ဖဒိုစောသောသီဘွဲ အပါအဝင် KNU ထိပ်တန်းခေါင်းဆောင်များ အားလုံး ထို ညီလာခံသို့ တက်ရောက်ခဲ့ကြသည်။

KNU ၏ ခရိုင် ၇ ခုမှ ခေါင်းဆောင်များ၊ အရာရှိများနှင့် ကိုယ်စားလှယ်များနှင့် ပြည်ပရှိ ကရင်အသိုင်းအဝန်းမှ ကိုယ်စားလှယ်များသည် ညီလာခံတက်ရောက်ရန် KNU ဌာနချုပ် ရှိရာ လေးဝါး ခေါ် လောခီးလာသို့ လွန်ခဲ့သော သီတင်းပတ်ကုန်ကပင် ကြိုတင်ရောက်ရှိကြပြီး ဖြစ်သည်။

ခန့်မှန်းပြောဆိုချက် အများအပြား ဖြစ်ပေါ်ခဲ့ပြီးနောက် ဥက္ကဋ္ဌ စောမူတူးစေးဖိုး သည် ပြန်လည် အရွေးခံမည် ဟု ယုံကြည်ရကြောင်း သူနှင့် နီးစပ်သူများက ပြောသည်။

“ပြည်ပ ကရင်အသိုင်းအဝန်းတွေရဲ့ ကိုယ်စားလှယ်တွေ အပါအဝင် ကိုယ်စားလှယ် စုစုပေါင်း ၂၂၀ တက်မယ်လို့ မျှော်လင့် ထားပါတယ်။ ဒါပေမယ့် သူတို့တွေ မဲပေးခွင့် ရကြမှာ မဟုတ်ဘူး” ဟု KNU ဌာနချုပ်မှ စောဆေးဆေးက ပြောသည်။

ထို ဆုံးဖြတ်ချက်မှာ KNU ဖွဲ့စည်းပုံနှင့် အညီဖြစ်ကြောင်းနှင့် အချို့သော KNU ခေါင်းဆောင်များသည် အဝေးရောက် ကရင်များ၏ အခန်းကဏ္ဍကို ပြန်လည် သုံးသပ်ကြပြီး နောက် ယခုကဲ့သို့ မဲပေးခြင်းမှ ဖယ်ထုတ်သင့်သည် ဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း စောဆေးဆေးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

သို့သော် KNU အတွင်းမှ သတင်းရင်းမြစ်များကမူ ပြည်ပကိုယ်စားလှယ်များကို ခေါင်းဆောင်သစ် ရွေးချယ်ရာတွင် မဲပေးခွင့် မပြုခြင်းမှာ ၎င်းတို့သည် KNU ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ရှုမြင်ပုံကို သဘော မတူသောကြောင့် ဖြစ်သည် ဟု ဆိုသည်။

ထို ကိုယ်စားလှယ်များသည် တနိုင်ငံလုံး အပစ်အခတ်ရ ပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်းနှင့် ပွင့်လင်းမြင်သာမှု မရှိဘဲ စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း အပါအဝင် KNU ခေါင်းဆောင်များ၏ အစီအစဉ်များကို ဝေဖန်ခဲ့ကြသည် ဟု ဆိုသည်။

ခေါင်းဆောင်များကမူ ပြည်ပမှ ကိုယ်စားလှယ်များသည် ကရင်ပြည်နယ်တွင် လက်တွေ့ ဆောင်ရွက်နေသူများ မဟုတ် သောကြောင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းထက် လေ့လာ၊ ဆွေးနွေး၊ အကြံပေးခြင်းတို့ကိုသာ လုပ်ဆောင်သင့်သည် ဟု ပြောကြသည်။

ညီလာခံ အစီအစဉ်များကို တနင်္လာနေ့တွင် အပြီးသတ်မည် ဖြစ်သည် ဟု စောဆေးဆေးက ပြောပြီး  လက်ရှိ ခေါင်းဆောင်မှု အောက်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း ဆွေးနွေးကာ ခေါင်းဆောင်မှုသစ်လည်း ရွေးချယ်မည် ဟု ဆိုသည်။

အချို့သော လေ့လာသူများက ညီလာခံသည် ပိုမိုရှည်ကြာမည် ဟု မျှော်လင့်ထားသော်လည်း ၂ ပတ်မှ ၃ ပတ်ကြာရန် စီစဉ်ထားသည်။

Your Thoughts …
Tags: KNU ညီလာခံ
စောရန်နိုင်

စောရန်နိုင်

ဧရာဝတီ

Similar Picks:

KNU ဥက္ကဌ  ဖေဖော်ဝါရီ ၇ ရက် ရှမ်းအမျိုးသားနေ့ အခမ်းအနား တက်ရောက်နေစဉ် / ABSDF / Facebook

KNU ခေါင်းဆောင်များ အပြောင်းအလဲဖြစ်နိုင်

by စောရန်နိုင်
10 March 2017
6.8k

မတ်လ ၁၄ ရက် KNU ၏ ၁၆ ကြိမ်မြောက် ညီလာခံတွင် ကရင်အမျိုးသား အစည်းအရုံး(KNU) က ဥက္ကဌ အပါအဝင် ခေါင်းဆောင်သစ်များကို ရွေးချယ်သွားမည်။

Next Post
ချောင်းဆုံနှင့် မော်လမြိုင်သို့ ကူးသော တံတားကို ဆောက်လုပ်ခဲ့စဉ် / Aung Aaing Oo  / Facebook

အငြင်းပွား တံတားကို ဗိုလ်ချုပ်အောင်ဆန်း အမည် သတ်မှတ်ရန် လွှတ်တော် အတည်ပြု

ဒဏ်ရာရာသူများ ဆေးကုသမှု ခံယူ / မျိုးမင်းစိုး / ဧရာဝတီ

တိုက်ကြီးငလျင်ဒဏ်ခံ ဒေသခံ အချို့ ဆေးကုသမှု ခံယူနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate