ပြည်မြို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာ ရှေးဟောင်းဇုန်ရှိ မှော်ဇာကျေးရွာနှင့် မုေဋ္ဌာကျေးရွာအနီးရှိ ရှေးနှစ် ပေါင်း ၁၀၀ ကျော်က တည်ရှိခဲ့သည့် လက်သည်းရေကန် ရှေးဟောင်းဘုန်းတော်ကြီးကျောင်းဝင်းအတွင်း အတောင် ၁၀၀ ရှိ လျှောင်းတော်မူဘုရားကြီး တည်ထားကိုးကွယ်ရန် ယနေ့နံနက်ပိုင်းက ပန္နက်ရိုက် အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လက်သည်း ရေကန်ကျောင်းတိုက်မှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာရှေးဟောင်းဇုန်းအတွင်း တည်ရှိ သော်လည်း သာသနာပိုင်မြေဖြစ်သည့်အတွက် အစိုးရမှ တည်ဆောက်ခွင့်ပြုသည့်အတွက် တည်ထားကိုးကွယ်ခြင်း ဖြစ် ကြောင်း သိရသည်။
“ကျနော်တို့အစတုန်းက ဒီနေရာမှာကျောင်းသုံးကျောင်းရှိပါတယ်။ ဒီနေရာဟာကျောင်းမြေဖြစ်တဲ့ အတွက် သာသနာ မြေ ဖြစ်လို့ ရှေးဟောင်းသုတေသနက ဒီအထဲမှာ ဘုရားတည်ခွင့်ပြုတာပါ။ ကျနော်တို့ ဘုရားတည်ခွင့်အမိန့်ကိုလည်း နိုင်ငံ တော်ကိုလျှောက်ပြီးတော့ အမိန့်ကျတော့မှ ဒါကိုဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု လက်သည်းရေကန်ကျောင်းတိုက် ဂေါပကအဖွဲ့ဝင် ဦးဝင်းရွှေကပြောသည်။
ပျူမြို့ဟောင်းများဖြစ်သည့် ပြည်မြို့အနီးရှိ သရေခေတ္တရာ၊ တောင်တွင်းကြီးမြို့ရှိ ဗိဿနိုး၊ ရွှေဘိုမြို့အနီးရှိ ဟန်လင်း တို့ကို ၂၀၁၄ခုနှစ် ဇွန်လက ပြုလုပ်သည့် ၃၈ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီက ကမ္ဘာ့အမွေ အနှစ် စာရင်းဝင် အဖြစ် အသိအမှတ်ပြု ထည့်သွင်းလိုက်ခြင်းဖြစ်သည်။

ထိုသို့ ယူနက်စကို၏ အသိအမှတ်ပြုခံရပြီးနောက်မှာ ရှေးဟောင်းဇုန်များအတွင်း အဆောက်အဦး ဆောက်လုပ်မှု၊ ကား လမ်းဖောက်လုပ်မှု၊ စိုက်ခင်းများ တိုးချဲ့မှုများကို တားမြစ်ထားသည်။
ကမ္ဘာ့အမွေအနှစ်ဒေသများဋ္ဌာနခွဲ သရေခေတ္တရာဋ္ဌာနစုမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ရှေးဟောင်းဇုန် အတွင်း ရှေးဟောင်းဘုန်းတော်ကြီး ကျောင်းသာသနာမြေဖြစ်ပြီး ပျူခေတ်အစဉ် အလာအရ ဗုဒ္ဓဘာသာ သာသနာ ထွန်းကားခဲ့သည့်အတွက် တာဝန်ရှိသူများ၏ခွင့်ပြုမိန့်ဖြင့် ဘုရားတည်ထားကိုးကွယ်ခြင်းအပေါ် ယူနက်စကိုနှင့် ရှေးဟောင်း ယဉ်ကျေးမှုဋ္ဌာနမှ လက်ခံပေးခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။
“သူတို့က (ယူနက်စကို)က လက်ခံပါတယ်။ ကျနော်တို့က လုပ်ငန်းစမယ်ဆိုလို့ရှိရင် စစ်တဲ့အခါမှ ကျနော်တို့တဖွဲ့ ထဲ စစ် တာမဟုတ်ဘူး၊ သက်ဆိုင်ရာမြေအမျိုးအစားအလိုက် ဇုန်စည်းကမ်းနဲ့လျော်ညီတဲ့ဟာ အပေါ်က ပေ ၃၀ ထက်မကျော် ဘူးဆိုရင် ရပါတယ်ခင်ဗျ။ လက်ရှိမှာလည်း ဘုန်းကြီးကျောင်းအဟောင်းကြီးလည်းရှိတယ်။ ဒါကိုဆောက်ဖို့ ဟိုးအရင် ကတည်းကလုပ်ဖို့ သူတို့အစီအစဉ်ဆွဲထားတာတွေလည်းရှိတယ်။ ခွင့်ပြုတာကတော့ ခရိုင်ကနေခွင့်ပြုပေးတာပါ။ ကျနော် တို့က ပျူအစဉ်အလာ ဗုဒ္ဓဘာသာသာသနာထွန်းကားခဲ့တာကြောင့် လက်ခံခဲ့တာပါ” ဟု ဦးကျော်မျိုးဝင်း ကဆက်ပြောသည်။
တည်ဆောက်မည့် ဘုရားကြီး၏ ဘွဲ့တော်မှာ ဗိုလ်ခြေတစ်သိန်းဆယ်တော်မှု ရှင်သာလျှောင်း ဘုရားကြီးုဖြစ်ပြီး ကျပ်သိန်း ပေါင်း တသောင်း ကုန်ကျခံကာ ဆောက်လုပ်သွားမှာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများ မကြာခင်စတင်နိုင်ရန် ယနေ့ နံနက်ပိုင်းက နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကုဏ္ဍလ ဇောတိကာရုံပါဋိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်ကြီး၊ တိုင်းသံဃာနာယကအဖွဲ့ဝင်ဆရာတော်ကြီးများနှင့် ပြည်မြို့နယ် သံဃာနာယကအဖွဲ့ဝင် ဆရာတော်ကြီးကြွရောက်၍ ပန္နက်ရိုက်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။