• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကချင်ပြည်နယ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်း ၈ ခု ရပ်တန့်ရန်တောင်းဆို

by သဇင်လှိုင်
16 March 2017
in သတင်း
A A
မေခနှင့် ငေါ့ချန်းခမြစ်ပေါ်က ရေကာတာစီမံကိန်းများ ရပ်တန့်ရန် ဒေသခံများတောင်းဆို / Kachinwaves

မေခနှင့် ငေါ့ချန်းခမြစ်ပေါ်က ရေကာတာစီမံကိန်းများ ရပ်တန့်ရန် ဒေသခံများတောင်းဆို / Kachinwaves

5.2k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့ အတွင်းရှိ မေခမြစ်နှင့် ငေါ့ချန်းခမြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်း ၈ ခု တည်ဆောက်ရန် စတင်အကောင်အထည်ဖော်နေမှုကို ချက်ချင်းရပ်တန့်ပေးရန် ဒေသခံ ၁ ထောင်ကျော်က တောင်းဆိုလိုက်သည်။

မတ်လ ၁၄ ရက်တွင် ကျရောက်သည့် နိုင်ငံတကာ မြစ်ချောင်းအင်းအိုင်များ လှုပ်ရှားမှုနေ့တွင် ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ချန်းမော်ခုန်၊ ထွန်းရှိန်ကျေးရွာ မြစ်ကမ်းဘေး၌  ပြုလုပ်သည့် မြစ်ချောင်းအင်းအိုင်များ အတားအဆီးမရှိ လွတ်လပ်စွာ စီးဆင်းနိုင်ရေးအတွက် ဆုတောင်းပွဲ အခမ်းအနားတွင် မေခမြစ်နှင့် ငေါ့ချန်းခမြစ်ပေါ်ရှိ ရေကာတာစီမံကိန်း နှင့် ပတ်သက်ပြီး ဒေသခံ တိုင်းရင်းသားများက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

RelatedPosts

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

13 June 2025
1.2k
စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

13 June 2025
84
ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

13 June 2025
2.3k

ဒေသခံတဦးဖြစ်သည့် ဦးလချိဒ်လွမ်းဇောင်းက “ငေါ့ချန်းခဟာ ကျနော်တို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် အဓိက ရေသောက်မြစ်ပဲ။ ဒါကြောင့် ဒီစီမံကိန်းတွေ ဆက်လုပ်တယ်ဆိုရင် ကျနော်တို့ကို သတ်နေတာနဲ့ အတူတူပါပဲ” ဟု ပြောသည်။

ဧရာဝတီမြစ်၏ မြစ်လက်တက်ဖြစ်သည့် မေခမြစ်နှင့် ငေါ့ချန်းခမြစ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ International Energy Cooperation YEIG & Development Co.Ltd (YEIG) နှင့် International Group of Entrepreneurs Co.Ltd (IGE) တို့အကျိုးတူ ပူးပေါင်းပြီး ရေအားလျှပ်စစ်စီမံကိန်း ၈ ခု၊ ဓါတ်အားပေါင်း မဂ္ဂါဝပ် – ၈၉၀၀ ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ဒေသခံများက ပြောသည်။

ထိုစီမံကိန်း အကောင်အထည်ဖော်ပါက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာမှုများ၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်ရှိ သဘာဝသယံဇာတ အရင်းအမြစ်များနှင့် ရေနေကုန်းနေ သတ္တဝါများ၊ မျိုးစိတ်များ မျိုးသုဉ်း ပျောက်ကွယ်နိုင်သည့်အပြင် ဒေသခံများကို အတင်းအဓမ္မ ပြောင်းရွှေ့စေခိုင်းမှုများ၊ လယ်ယာမြေ သိမ်းဆည်းမှုများနှင့် မြစ်ရိုးတလျှောက်ရှိ ကချင်လူမျိုးများ တန်ဖိုးမဖြတ်နိုင်သော သမိုင်းဝင်အမွေအနှစ်များ ပျောက်ကွယ်ဆိတ်သုဉ်း သွားနိုင်သောကြောင့် ဒေသခံများက ကန့်ကွက်ခြင်း ဖြစ်သည်။

အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများအား တိုင်ပင်ဆွေးနွေးခြင်း၊ အသိပေးခြင်း၊ သဘောထားဆန္ဒ ရယူဆောင်ရွက်ခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။

ဒေသခံတဦးဖြစ်သည့် ဒေါ်ယော်ဝင်းက “ မြစ်ဆုံစီမံကိန်းကြောင့် လူမှု့ဘဝတွေ ဒုက္ခရောက်နေကြတာကို လက်တွေ့မှာ မြင်နေရတော့ ဒီစီမံကိန်းကြောင့် ကျမတို့လည်း သူတို့လိုမဖြစ်ချင်ဘူး။ ဒါကြောင့် ဒီစီမံကိန်းတွေကို ကန့်ကွက်တယ်” ဟု ပြောသည်။

လွန်ခဲ့သည့် ၂၀၁၆၊ အောက်တိုဘာလ၊ ၂၁ရက်တွင် ငေါ့ချန်းခ ရေအားလျှပ်စစ်စီမံကိန်းနှင့် ဂေါ်လန် ရေအားလျှပ်စစ်စီမံကိန်းအတွက် အကြိုစူးစမ်းတိုင်းတာရန်နှင့် ကွင်းဆင်းဆောင်ရွက်ရန် Guangxi Electric Power Industry Investigation Design & Research Institute (GXED) မှ တရုတ်နိုင်ငံခြားသား ၁၆ ဦးနှင့် မြန်မာအင်ဂျင်နီယာ ၁ ဦးတို့ တိုင်းတာရေး ပစ္စည်းများနှင့်အတူ ပန်ဝါနယ်စပ် စစ်ဆေးရေးဂိတ်မှတဆင့် ရောက်ရှိလာကြသည့်အပေါ် ဒေသခံများက အထူးစိုးရိမ်ပူပန်နေကြောင်း ပြောဆိုသည်။

ရေအားလျှပ်စစ် စီမံကိန်းအတွင်း ကျရောက်သည့် မေခမြစ်နှင့် ငေါ့ချန်းခ မြစ်ရိုးတလျှောက်တွင် ကချင်မျိုးနွယ်စုများဖြစ်သည့် လော်ဝေါ်၊ လချိဒ်၊ ငေါ့ချန်းနှင့် လီဆူတိုင်းရင်းသား ၃ သောင်းကျော် နေထိုင်လျက်ရှိပြီး ကျေးရွာပေါင်း ၆၈ ရွာခန့်ရှိကြောင်း သိရသည်။

Your Thoughts …
Tags: ရေအားလျှပ်စစ် စီမံကိန်း
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

by အောင်သစ်
6 September 2023
10.7k

ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဦးပြည်အောင်နှင့် ဦးနေအောင်တို့က စစ်အာဏာရှင်နှင့် ပူးပေါင်းရေးတွင် သူတို့ ဖခင် ဦးအောင်သောင်းထက်ပင် လက်စောင်းထက်သည်ဟု ပြော၍ရမည် ထင်သည်။

နွေရာသီတွင် ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် ပိုမိုဆိုးရွားသည့် ဓာတ်အားပြတ်တောက်မှုများ ဖြစ်စေမည့် အလားအလာရှိသည်။

မြန်မာနိုင်ငံအပေါ် အမှောင်တိုက် ကျရောက်နေပြီ

by လင်းထက်မြတ်
19 January 2023
5k

နွေရာသီတွင် ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် ပိုမိုဆိုးရွားသည့် ဓာတ်အားပြတ်တောက်မှုများ ဖြစ်စေမည့် အလားအလာရှိသည်။

“လူတိုင်းလူတိုင်း သန့်ရှင်းတဲ့ရေ အသုံးပြုခွင့် ရှိသင့်တယ်”

“လူတိုင်းလူတိုင်း သန့်ရှင်းတဲ့ရေ အသုံးပြုခွင့် ရှိသင့်တယ်”

by ငြိမ်းငြိမ်း
23 March 2024
485

သံလွင်မြစ်ဟာ လူတိုင်းအတွက်ဖြစ်တယ်။ လူတွေ ငါးလာဖမ်းနိုင်သလို ခရီးသွားလို့လည်း ရတယ်။

အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း / MOEE

အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း ၂၀၂၂ တွင် အပြီးဆောင်ရွက်မည်

by မိုးမိုး
14 June 2019
18.4k

လူဦးရေ ၃ ဒသမ ၇ သန်းကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည့် အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းအား ၂၀၂၂ ခုနှစ်တွင် အပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနထံမှ သတင်း ရရှိသည်။

Next Post
မန္တလေးက ရွှေမိုက်လုပ်ငန်း (ရုပ်/သံ)

မန္တလေးက ရွှေမိုက်လုပ်ငန်း (ရုပ်/သံ)

ကချင်ပြည်နယ်ရှိ မေခ၊မလိခ မြစ်ဆုံနေရာ  / ဧရာဝတီ

သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က MOU များ ပြန်လည် သုံးသပ်နေဟုဆို

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.7k
အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

24 hours ago
4.1k

Most Read

  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate