သတင်း

ထိုးစစ်ရပ်ရန် မြောက်ပိုင်းမဟာမိတ်ကို တရုတ် အထူးသံတမန်ပြောကြား

Want create site? Find Free WordPress Themes and plugins.

မြောက်ပိုင်း မဟာမိတ်အဖွဲ့ (NAB) အနေဖြင့် မြန်မာ့တပ်မတော်နှင့် ထိုးစစ်ရပ်ရန် တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) က ပြောကြားလိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ မြို့တော်ကူမင်းတွင် မစ္စတာ ဆွန်ကော့ရှန် နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့များ အကြား မတ်လ ၁၄ ရက်နေ့က တွေ့ဆုံစဉ်မှာ ယင်းသို့ ပြောကြားခြင်းဖြစ်ကြောင်း ထိုအစည်းအဝေး တက်ရောက်ခဲ့သူ ဗိုလ်မှူးချုပ် တာဖုန်းကျော် က ပြောသည်။

ဗိုလ်မှူးချုပ် တာဖုန်းကျော် က “သူက ကျနော်တို့ရဲ့ စစ်ဆင်ရေးတွေကို ရပ်ခိုင်းတယ်” ဟု ပြောသည်။

မြောက်ပိုင်း မဟာမိတ်အဖွဲ့ (NAB) တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIO)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နှင့်
ရခိုင့်တပ်မတော် (AA) တို့ပါဝင်သည်။

MNDAAနှင့် မြန်မာစစ်တပ် အကြား ရှမ်းပြည်နယ် ကိုးကန့် ဒေသတွင် လတ်တလော ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လူဒါဇင်နှင့်ချီ သေဆုံးပြီးဖြစ်ကာ ဒေသခံထောင်ပေါင်းများစွာတို့မှာ နယ်စပ်ကို ကျော်ဖြတ်ကာ တရုတ်နိုင်ငံသို့ ထွက်ပြေး နေကြရသည်။

မြောက်ပိုင်း မဟာမိတ်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ နောက်တဆင့် အဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနမှ ဒေါက်တာတင်မျိူးဝင်းနှင့် တွေ့ဆုံရန် မစ္စတာ ဆွန်ကော့ရှန် က အကြံပြုသည်ဟု ဆိုသည်။

မကြာသေးမီက နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှင့် တွေ့ဆုံခဲ့သည့် အစည်းအဝေးများ အကြာင်းကိုလည်း မစ္စတာ ဆွန်ကော့ရှန် က မြောက်ပိုင်း မဟာမိတ် ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်ဟု ဗိုလ်မှူးချုပ် တာဖုန်းကျော်၏ ရှင်းပြချက်အရ သိရသည်။
မစ္စတာ ဆွန်ကော့ရှန် သည် မြောက်ပိုင်း မဟာမိတ်အဖွဲ့ (NAB) နှင့် မတွေ့ဆုံမီ  ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကို ဦးစွာတွေ့ဆုံခဲ့ကြောင်းသိရသည်။

UWSA ဌာနချုပ် ရှိရာ ပန်ခမ်း(ပန်ဆန်း) မြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၄ ရက်အထိ ပြုလုပ်ခဲ့သော ထိပ်သီး အစည်း အဝေးတွင် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့က ထုတ်ပြန်ခဲ့သော ကြေညာချက်နှင့် အညီ ငြိမ်ချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရေး အတွက် မြန်မာအစိုးရ ယုံကြည်အောင် ပြောကြားပေးရန် မြောက်ပိုင်း မဟာမိတ်များက မစ္စတာ ဆွန်ကော့ရှန် ကို မေတ္တာရပ်ခံ ခဲ့သည်ဟု ဗိုလ်မှူးချုပ် တာဖုန်းကျော်ကပြောသည်။

ပန်ဆန်းထိပ်သီး ဆွေးနွေးပွဲ တက်ရောက်သူများသည် လက်ရှိတနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုလက်မှတ်ရေး ထိုးထားခြင်း မရှိသူများဖြစ်ပြီး ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်သော ၎င်းတို့၏ ကြေညာချက်တွင် လက်ရှိနိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို စာချုပ်သစ် တခုဖြင့် အစားထိုးရန် လိုအပ်သည်ဟု ဖော်ပြထားသည်။

UWSA အနေဖြင့် နိုင်ငံရေးဆွေးနွေးများကို ဦးဆောင်မည်ဟုလည်း ထိုကြေညာချက်တွင်ဖေါ်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading