Human Rights

ဆန္ဒပြ သူနာပြု များကို အရေးယူရန် မရှိဟုဆို

Want create site? Find Free WordPress Themes and plugins.

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့သည့်ရန်ကုန် သူနာ ပြုတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းမှ သူနာပြုများ အရေးယူရန်မရှိဟု မတ်လ ၁၇ရက်နေ့ ညနေမှ သတင်း ထုတ်ပြန်လိုက်သည်။

ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် “နောက်နောင် အလားတူ ကိစ္စရပ်များ ပေါ်ပေါက်လာပါက ဌာနတွင်း မိသားစုသဖွယ် ညှိနှိုင်းဆောင်ရွက်သွားမည်”ဟု ပါရှိပြီး၊ သူနာပြု၊ သားဖွားများအနေဖြင့်လည်း  မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ဥပဒေက ချမှတ်ထားသော ဥပဒေ စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်များကို လိုက်နာရမည်ဟုလည်းပါရှိသည်။

သူနာပြုများ တောင်းဆိုထားသည့် လိုင်စင်လက်ဝယ် ကိုင်ဆောင်နိုင်ရေး မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီမှ နိုင်ငံ ဝန်ထမ်း တာဝန်ထမ်းဆောင်သူများကို လိုင်စင်ထုတ်ပေးမည် ဖြစ်ကြောင်း၊ သူနာပြု တက္ကသိုလ် ဝင်ရောက်စဉ်က စာချုပ် ချုပ်ဆိုခဲ့သည့် ကတိအတိုင်း နိုင်ငံ့တာဝန်ကို မပျက်မကွက် တာဝန်ထမ်းဆောင်ရန် ညှိနှိုင်းသဘောတူခဲ့သည်ဟုလည်း ဝန်ကြီးဌာန၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လ ၁၅ရက်နေ့က သူနာပြုများ လိုင်စင်ထုတ်ပေးခြင်းနှင့် ပတ်သက်ပြီး သူနာပြု ကျောင်းသား/ ကျောင်းသူ များက ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ထို့ကိစ္စကြောင့် နိုင်ငံခြား ခရီးစဉ်မှ သတ်မှတ်ရက် မတိုင်မီ ပြန်လည် ရောက်ရှိလာသည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ဝန်ကြီးဌာန၏ စုံစမ်းရေး အဖွဲ့နှင့် သူနာပြု ကိုယ်စားလှယ်များ မနေ့က ရန်ကုန်မြို့၌ တွေ့ဆုံပြီးနောက် ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဝန်ကြီးနှင့် တွေ့ဆုံခဲ့သည့် သူနာပြု ကိုယ်စား လှယ် ၈ ဦးတို့က ရှင်းလင်းမှုများကို ယနေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဟု မန္တလေးမြို့မှ သူနာပြုတဦးဖြစ်သူ ဒေါ်မေသူနှင်းက ဧရာဝတီသို့ ပြောသည်။

“ဝန်ကြီးနဲ့ တွေ့ခဲ့တဲ့သူတွေက ကျန်တဲ့သူတွေကို ပြန်ရှင်းပြမှာ။ အားလုံး ဆွေးနွေးတိုင်ပင်ပြီး ရှင်းလင်း တင်ပြချက် တခုတော့ ထုတ်ဖို့ ရှိတယ်။ အဲဒီအခါမှပဲ သူနာပြုတွေရဲ့ သဘောထားကို ထုတ်ပြောပြနိုင်မယ်”ဟု ၎င်းကဆိုသည်။

ယခုပြဿနာ ပေါ်ပေါက်ရသည့်အကြောင်းမှာ ယခင်က သူနာပြုများကို ကျောင်းဆင်းပါက လိုင်စင်ထုတ်ပေးသော်လည်း ယခုုအခါ နိုင်ငံ့ဝန်ထမ်းအဖြစ် ၃ နှစ် တာဝန်ထမ်းဆောင်ပြီးမှသာ ထုတ်ပေးမည့် ဖြစ်ကြောင်းနှင့် လိုင်စင်မရှိသူများကို လက်မခံရန် ပုဂ္ဂလိက ဆေးရုံများသို့ ညွှန်ကြားချက်ထုတ်ခဲ့၍ ဖြစ်သည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading