သတင်း

ယခုနှစ် နွေရာသီ အပူချိန် ပြင်းထန်နိုင်

Want create site? Find Free WordPress Themes and plugins.

ယခုနှစ် နွေရာသီတွင် ယခင်နှစ်ထက်  အပူချိန် ပိုမို ပြင်းထန် နိုင်သဖြင့် အပူကြောင့် ဖြစ်သည့် အန္တရာယ်နှင့် ရာသီဥတု ဖောက်ပြန်မှု အန္တရာယ်များကို သတိပြုရန်လိုကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြား သည်။

ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “ဒီလိုမျိုး အပူပျံတဲ့ တိမ်တွေဖြစ်တဲ့ အတွက်ကြောင့် လေပြင်းတိုက်ခတ်မှု ဖြစ်စဉ်တွေ ၊ မိုးရွာသွန်းတဲ့ ဖြစ်စဉ်တွေ ၊ နောက်ပြီး မိုးသီးကြွေတဲ့ ဖြစ်စဉ်တွေ၊ လျှပ်စီးလက်တဲ့ ဖြစ်စဉ်တွေ၊ မိုးကြိုးပစ်တဲ့ ဖြစ်စဉ်တွေ ဒီလို ဘေးအန္တရာယ်တွေကိုလည်း ကြိုပြီးတော့ သတိထားသင့်ပါတယ်”ဟု ရှင်းပြသည်။

အပူရှိန်ကြောင့် ဖြစ်ပေါ်နိုင်သည့် ရောဂါများအတွက် ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာရန်လည်း ၎င်းက အကြံပြုသည်။

အပူရှိန်ကြောင့် ဦးနှောက်သွေးကြောပြတ်ခြင်း၊ အပူရှပ်ခြင်း၊ ခန္ဓာကိုယ် အပူချိန်လွန်ကဲခြင်း (Heat Stroke) များ ဖြစ်ပေါ်နိုင်သဖြင့် သတိပြု နေထိုင်ရန် အနောက်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှုး ဒေါက်တာမျိုးသန့်က ပြောသည်။

“နေပူထဲမှာနေတယ်။ သွားတယ်လာတယ်၊ လုပ်ကိုင်နေရင်းက ရေကိုင်လိုက်တာတို့၊ ရေချိုးလိုက်တာ တို့၊ အဲကွန်းခန်းထဲကို ဝင်လိုက်တဲ့အခါ အပူချိန် ရုတ်တရက် အပြောင်းအလဲ ဖြစ်တဲ့အချိန်မှာ လူတွေက ခန္ဓာကိုယ်နဲ့ ဦးနှောက်က ထိန်းချုပ်မှုမှာ အနှောင့်အယှက်ဖြစ်ပြီးတော့ လူတွေက သတိလစ်ပြီးတော့ တချို့ဆို အသက်အန္တရာယ် ဆုံးရှုံးတာတွေ ဖြစ်နိုင်တယ်” ဟု ၎င်းက ရှင်းပြသည်။

ခရမ်းလွန်ရောင်ခြည်ကြောင့် နေပူလောင်ခြင်း၊ တင်းတိတ်၊ မှဲ့ခြောက်များ ထွက်ခြင်း စသည့် ပြဿနာများ၊ အပူချိန်ကြောင့် ရေခမ်း တတ်သဖြင့် မသန့်ရှင်းသည့် ရေများ သောက်မိခြင်း၊ ဝမ်းလျှောဝမ်းပျက်ခြင်းများကိုလည်း သတိပြုရန် ၎င်းက အကြံပြုသည်။

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အပြင်းထန်ဆုံး အယ်လ်နီညို ရာသီဥတုကြောင့် အပူလှိုင်း သက်ရောက်မှုကို ဆိုးရွားစွာ ကြုံတွေ့ခဲ့ရပြီး ရေခမ်းခြောက် ပြတ်လပ်မှုများစွာ ကြုံတွေ့ခဲ့ရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading