ကွန်ပျူတာ တလုံးရဲ့ လုပ်ဆောင်ချက်တွေ မြန်ဆန်ဖို့ အတွက် တာဝန်ယူတဲ့ အတိုင်း CPU မှာ အရေးပါတဲ့ Processor တွေ အကြောင်း ပြောပြချင်ပါတယ်။ တကယ်လို့ သင့် အနေနဲ့ ကွန်ပျူတာ တလုံး ဝယ်ယူတော့မယ် ဆိုရင် ကွန်ပျူတာ ရဲ့ Processor ကို ကြည့်လိုက်ပြီး အခုစာရင်းထဲက Processorတွေ ဖြစ်နေသလား၊ တိုက်ဆိုင် စစ်ဆေး ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အခု Processor တွေကတော့ လက်ရှိ ဈေးကွက်ထဲက အကောင်းဆုံး မော်ဒယ်တွေပဲ ဖြစ်ပါတယ်။
(၁) AMD A8-7670K – AMD ထုတ် Processor တွေကို အဆင့်မြှင့်ချင်တယ် ဆိုရင် နောက်ဆက်တွဲ အဖြစ် ထွက်ရှိ လာတာပါ။ ပြည်တွင်းမှာတော့ Intel တွေ အသုံးများ ပါတယ်။ ဒါပေမယ့် AMD သမားတွေ အတွက် စိတ်ကြိုက် ဖြစ်မယ့် Processor ပါ။ Core ၄ ခု၊ မြန်နှုန်းက 3.6GHz ၊ Socket က FM+ နဲ့ ဖြစ်ပါတယ်။ ဈေးနှုန်းက ဒေါ်လာ ၁၀၅ ဖြစ်ပါတယ်။ တန်ကြေးသင့် Gaming ကွန်ပျူတာတွေမှာ ထည့်သွင်း အသုံးပြုသင့်ပါတယ်။
(၂) Intel Xeon E5-2660 ကတော့ စွမ်းဆောင်ရည်မြင့် Processor တခုပါ၊ ဈေးလည်း ချိုပါတယ်။ စွမ်းအင် အသုံးပြုမှု ကတော့ နည်းနည်းများပါတယ်၊ Processor က ဈေးချိုပေမယ့် သူ့ကို စိုက်သုံးရမယ့် Motherboard က ဈေးြ့မင့်နေတာ တခုက အားနည်းချက်ပါ။ Core ၈ ခု၊ မြန်နှုန်း 2.2 GHz ၊ Socket က FCLGA1011 ဖြစ်ပါတယ်။ ဈေးနှုန်း ဒေါ်လာ ၉၀ ဝန်းကျင်ပဲ ရှိပါတယ်။
(၃) Intel Core i3-7100 ကတော့ လက်ရှိ ပြည်တွင်းမှာလည်း လူကြိုက်များနေတဲ့ Processor စနစ်ပါ။ Core ၂ ခု၊ မြန်နှုန်း 3.9GHz နဲ့ Socket က LGA 1151 ဖြစ်ပါတယ်။ ဈေးချိုပါတယ်၊ ကွန်ပျူတာရဲ့ မှတ်ဉာဏ်ကို ဖတ်နှုန်း မြန်ဆန် ပါတယ်။ အခြား ချိတ်ဆက် စက်ပစ္စည်းနဲ့ သတင်း အချက်အလက် ပေးပို့၊ ရယူမှု မြန်ဆန်ပါတယ်။ ဒါပေမယ့် နောက်ထွက် Motherboard တွေရဲ့ အထိုင်နဲ့ အံမကျချင် ပါဘူး။ ဈေးနှုန်းက ဒေါ်လာ ၁၁၉ ဖြစ်ပါတယ်။
(၄) AMD Sempron 3850 ကတော့ Core ၄ ခု အထိုင်စနစ်ထဲမှာ လက်ရှိ အကောင်းဆုံး Chip ပါ။ စွမ်းအင်စား အထူး နည်းပါး ပါတယ်။ မြန်နှုန်း 1.3 GHzပဲ ရှိပြီး Socket က AM1 ဖြစ်ပါတယ်။ GPU ပါ တတွဲထည်း ထည့်သွင်းထား လို့ သဘောကျစရာ ဖြစ်ပြီး AMD Radeon HD 8280 ပါရှိတာ ဖြစ်ပါတယ်။ စွမ်းအင် နည်းနည်းပဲ သုံးစေချင်တဲ့ ကွန်ပျူတာ စနစ်တွေ အတွက် အသင့်တော်ဆုံးပါပဲ။ ဒါပေမယ့် Memory Channel တခုပဲ ပါရှိတာက နောက်ထပ် အဆင့်မြှင့်လို့ မရစေတော့ပါဘူး။ ဈေးနှုန်းက ၃၉ ဒေါ်လာပဲ ရှိပါတယ်။
(၅) Intel Pentium G4400 ကတော့ ပြည်တွင်းမှာ လူကြိုက်နည်းပါတယ်။ I Series ကို ပိုကြိုက်ကြပါတယ်။ ဒါပေမယ့် ဈေးချိုချိုနဲ့ ရနိုင်တဲ့ Processor ပါ။ Core ၂ ခု၊ မြန်နှုန်း 3.3GHz နဲ့ Socket က FCLGA1151 ဖြစ်ပါတယ်။ တန်ကြေးနည်း ကွန်ပျူတာတွေမှာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ပါတယ်၊ စွမ်းအင်စား သက်သာပါတယ်၊ ဒါပေမယ့် အထိုင်စနစ်ကြောင့် Motherboard အသစ် လိုအပ်သလို ဗီဒီယို ရုပ်ထွက်က အားနည်းချင်ပါတယ်။ ဈေးနှုန်း ဒေါ်လာ ၆၄ ဖြစ်ပါတယ်။
(၆) Intel Core i7-7700K ကတော့ ပြည်တွင်းမှာ ဈေးကွက် တနေရာ ကောင်းကောင်း ရထားတာ တွေ့ရပါတယ်။ Core ၄ ခု၊ မြန်နှုှုန်း 4.2 GHz နဲ့ Socket က LGA1151 ဖြစ်ပါတယ်။ ဈေးနှုန်း မြင့်လွန်းတာ တချက်က လူတိုင်း ဝယ်မသုံးစေနိုင်ပါဘူး။ vPro စနစ်နဲ့ မချိတ်နိုင်ပါဘူး။ Core အရေအတွက်က အခုထက် ပိုလာရင် Processor က ပိုမြန်လာနိုင်ပေမယ့် အခုထိ Core ၄ ခုပဲ ဖြစ်နေတာက Processor ကို ဝန်ပိုပိနေစေသလိုပါ။ ဈေးနှုန်း ဒေါ်လာ ၃၃၉ ရှိပါတယ်။
(၇) Intel Core i5-7500 ကလည်း i7 ထက် ပြည်တွင်းမှာ လူကြိုက်များ ပါတယ်။ ဈေးနှုန်း သင့်ပြီး ရုပ်ထွက် ပိုကောင်းလို့ ဖြစ်ပါတယ်။ Core ၄ ခု၊ မြန်နှုန်း 3.5 GHz နဲ့ Socket က LGA1151ပဲ ဖြစ်ပါတယ်။ vPro သုံးနိုင်ပါတယ်။ ဒီအချက်က i7 ထက် ပိုကောင်းသွားပါတယ်။ ဒါပေမယ့် Hyper-therading မရပါဘူး။ ဈေးနှုန်း ဒေါ်လာ ၂၈၁ ဖြစ်ပါတယ်။ ။