မတ်လ၂၁ရက်နေ့ ကမ္ဘာ့ကဗျာနေ့နဲ့အလယ်ရိုးမကဗျာဆုပေးပွဲကို ပျဉ်းမနားမြို့cafe’ NanSein အပေါ်ထပ်မှာ မနက် ၁၀ နာရီမှ၁၁နာရီ ပျဉ်းမနားအခြေစိုက် ကဗျာဆရာများက ကျင်းပပြုလုပ်ခဲ့ပါတယ်။ မတ်လ၂၁ရက်နေ့မှာ ကျရောက်တဲ့ ကဗျာ ဆရာကြီး မောင်သင်းခိုင် အသက်၇၇နှစ်ပြည့် မွေးနေ့လည်း ဖြစ်ပါတယ်။
အဆိုပါ အခမ်းအနားမှာ အလယ်ရိုးမကဗျာဆုအဖြစ် လရောင်လမ်းချိုးမဂ္ဂဇင်းအမှတ်၂ပါကဗျာဆရာ သားဦးရဲ့ကိုယ့်အသိ ထဲကသူစိမ်းတယောက်ကဗျာကို ရွေးချယ်ဆုချီးမြှင့်ခဲ့ပြီး အလယ်ရိုးမကဗျာဆုကို ၂၀၀၂ခုနှစ်မှစတင်ပြီး မဂ္ဂဇင်း၊ ဂျာနယ်၊ မီဒီယာအသီးသီးမှဖော်ပြခဲ့တဲ့ ကဗျာများထဲမှ ဆုရွေးချယ်ချီးမြှင့်ပေးခဲ့ပါတယ်။
မတ်လ၂၁ရက်မှာ ကျရောက်တဲ့ ကဗျာဆရာကြီး မောင်သင်းခိုင် အသက် ၇၇ပြည့်မွေးနေ့အတွက်လည်း ယခုပွဲကျင်းပရ ခြင်းနဲ့ပတ်သက်ပြီး မောင်သင်းခိုင်သမီးဖြစ်သူက သူ၏ဖေ့ဘုတ်စာမျက်နှာမှာ “ဖေဖေ အသက်ရှည် ကျန်းမာစွာရှိနေပေမယ့် ပြီးခဲ့တဲ့ ၂၀၁၆ ကစပြီး အလယ်ရိုးမ ကဗျာဆုပေးပွဲ အခမ်းအနားတွေမှာ `မောင်သင်းခိုင်ရဲ့ မွေးနေ့“ဆိုတဲ့ စကားလုံးလေး တဖြည်းဖြည်းနဲ့ မှေးမှိန် ပျောက်ကွယ်စပြုလာတဲ့အတွက် ဖေဖေကိုချစ်တဲ့ သမီးတစ်ယောက်ရဲ့ ရင်ထဲမှာ ဝမ်းနည်း ရပါတယ်။ နောင်နှစ်တွေများမှာ ဖေဖေချစ်တဲ့ ကဗျာဆရာတွေနဲ့အတူ ဖေဖေ့ရဲ့ မွေးနေ့ပွဲများစွာကို ကျင်းပပေးချင်မိတဲ့ အတွက် ဖေဖေ အသက် တစ်ရာတိုင် အသက်ရှည်ကျန်းမာစွာနဲ့ ရှိနေခွင့်ပေးပါလို့ ဆုတောင်းရင်း…လို့ ရေးသားထား ပါတယ်။
အလယ်ရိုးမကဗျာဆုရွေးချယ်ရေးအဖွ့ဲမှာ ၁။ မောင်သင်းခိုင် ၂။ မောင်ကြူးရင့် ၃။ ဇော်ဝင်းကို ၄။ မိုးကျော်အောင် ၅။ လှိုင်း ထက် ၆။ သန်းဆွေမိုး(ကလော) ၇။ အောင်နှင်းသစ် ၈။ ဇော်ထိန် ၉။ ညီဗလ ၁၀။ ဆောင်းချစ်ငြိမ် ၁၁။ အိုအောင် ကဗျာ ဆရာများနဲ့ ဖွဲ့စည်းထားပါတယ်။
မတ်လ၂၁ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကဗျာနေ့အခမ်းအနားများကို ရန်ကုန်၊ မန္တလေး၊ ပျဉ်းမနား၊ ပြည်နဲ့ အခြား မြို့နယ်အသီးသီးမှာလည်း ကျင်းပပြုလုပ်ကြကြောင်းလည်း သိရပါတယ်။