ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် မြို့တော်တိုးချဲ့ရေးစီမံကိန်းကို တိကျသေချာသည့် စီးပွားရေး စီမံကိန်း မရှိဘဲ ဆက်လက်ဆောင်ရွက်ခြင်း မပြုရန် လွှတ်တော်ကိုယ်စားလှယ်များက မတ်လ ၂၃ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။
၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အတွက် ဒေသဆိုင်ရာ စီမံကိန်းဥပဒေကြမ်းကို ရန်ကုန်တိုင်း လွှတ်တော်၌ ဆွေးနွေးရာတွင် ဥပဒေကြမ်း၏ တစိတ်တပိုင်း အဖြစ် တင်သွင်းလာသော မြို့သစ်စီမံကိန်းကို သီးခြားအတည်ပြုချက်ရယူရန် လွှတ်တော်သို့ ပြန်လည်တင်သွင်းရန် လွှတ်တော်ကိုယ်စားလှယ်များက ယခုကဲ့သို့ တောင်းဆိုကြခြင်းဖြစ်သည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့ကိုယ်စား အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဒေသဆိုင်ရာ စီမံကိန်း ဥ ပဒေကြမ်းကို ရန်ကုန်တိုင်း လွှတ်တော်သို့ မတ်လ ၂၀ ရက်နေ့တွင် တင်သွင်းခဲ့သည်။ ဥပဒေကြမ်းတွင် သက်ဆိုင်ရာ ဝန်ကြီး ဌာနများသို့ ဘဏ္ဍာငွေ ခွဲဝေချထားပေးခြင်း၊ စိုက်ပျိုးရေး လျှပ်စစ်နှင့် မြို့ပြဒေသဖွံ့ဖြိုးရေး အတွက် စီမံကိန်းများ နှင့် အခြေခံအဆောက်အဦးများအပြင် လာမည့်ဘဏ္ဍာရေးနှစ်အတွင်း စီပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်အတွက် မျှော်မှန်းထားသော GDP နှင့် လူတဦးချင်းဝင်ငွေ ပျမ်းမျှတိုးတက်မှုများလည်း ပါဝင်သည်။ မြို့နယ် ၄၄ ခုအတွက် ချထားပေးသည့် ဘတ်ဂျက် အသေး စိတ်လည်း ပါဝင်သည်။
ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ရန်ကုန် အနောက်တောင်ပိုင်း တိုး ချဲ့ရေးကိစ္စသည် ကုန်ကျစရိတ်မြင့်မားသည့် စီမံကိန်းဖြစ်ကြောင်း ထို့ကြောင့် တိုင်းအစိုးရအနေဖြင့် လွှတ်တော်သို့ ပြန်တင်ပြသင့်ကြောင်း ထောက်ပြသည်။
ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ် အမှတ်(၂) မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက စီမံကိန်းတခုသည် ပြည်သူများအတွက် အကျိုးရှိနိုင်သည့်အလားအလာ သို့မဟုတ် ထိခိုက်နစ်နာစေခြင်းများ ရှိ၊ မရှိကို လေ့လာဆန်းစစ်ရန် လွှတ်တော်ကိုယ်စားလှယ်များတွင် တာဝန်ရှိကြောင်း၊ တိုင်း အစိုးရ အနေဖြင့် အသေးစိတ် အချက်အလက်များ ဖော် ပြပေးရန် လိုအပ်ကြောင်းပြောသည်။
သို့မှသာ လွှတ်တော်ကိုယ်စားလှယ်များက သူတို့၏ မဲဆန္ဒနယ်များအတွင်းမှ စီမံကိန်းကို ဖြစ်နိုင်ခြေရှိမရှိ အချေအတင် ဆွေးနွေးပြီး ကျင့်သုံးနေသော စံနှုန်းများနှင့် ကိုက်ညီမှု ရှိ မရှိကိုလည်းု သုံးသပ်ကြမည်ဖြစ်ကြောင်း၊ ဒေါ်စ န္ဒာမင်းက အမျိုးသားစီမံကိန်း ဥပဒေကြမ်းတွင်လည်း စီမံကိန်းများသည် လွှတ်တော်၏ အတည်ပြုချက် ရယူရန်လိုသည်ဟု ဖော်ပြထားကြောင်း ပြောသည်။
အကယ်၍ လွှတ်တော်ကိုယ်စားလှယ်များက အမျိုးသား စီမံကိန်း ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပေးလိုက်လျှင် မြို့တော်တိုးချဲ့ရေး စီမံကိန်းက လွှတ်တော်၏ အတည်ပြုချက်ကိုလည်း အလိုအလျောက် အတည်ပြုရာ ရောက်သွားနိုင်ပါသလားဟု ဦးကျော်ဇေယျက မေးခွန်း ထုတ်ခဲ့သည်။
“မြို့သစ်စီမံကိန်းကိစ္စကို ဒေသန္တရ ဥပဒေကြမ်းထဲမှာ စာရွက်ကလေးတရွက်အဖြစ် ကြားညှပ်ထည့်ထားတာမျိုးက လက်ခံနိုင်စရာမရှိပါဘူး။ ဒီစီမံကိန်းက သေးသေးလေး မဟုတ်ပါဘူး။ ဘီလီယံ နဲ့ ချီပြီး ကုန်မှာပါ” ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
ယခင် စစ်တပ်ကျောထောက်နောက်ခံ အစိုးရ လက်ထက်က စီမံကိန်းကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၃ ခုမှာ Yangon South West Development၊ Shwe Popa International နှင့် Business Capital City Development တို့ဖြစ်ကြပြီး ၎င်းတို့၏ ရှေ့လာမည့် အခန်းကဏ္ဍ မည်သို့ရှိမည်နည်းဟု ဝေဖန်ထောက်ပြသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသစ် တက်လာပြီးနောက်ပိုင်းတွင် စီမံကိန်းကို ပြန်လည်သုံးသပ်၍ မူဝါဒများ နှင့် ပွင့်လင်းမြင်သာမှု နှင့် ဆိုင်သော လုပ်ထုံးလုပ်နည်းများကို ပြောင်းလဲခြင်း ခြင်းများ ပြုလုပ်ခဲ့သည်။
သို့သော်လည်း စီမံကိန်းအတွက် ဒါရိုတ်တာ မည်သို့မည်ပုံဖွဲ့စည်းမည်၊ တိုင်းအစိုးရက မဟာစီမံကိန်းအတွက် ကိုယ်ပိုင် ဒီဇိုင်းရေးဆွဲမည်လား သို့ မဟုတ် ပုဂ္ဂလိကကုမ္ပဏီများသို့ တာဝန်ပေးမည်လား ဆိုသည့် အချက်များမှာလည်း ရှင်းရှင်း လင်းလင်းမရှိသေးပေ။
လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုအရ ရန်ကုန်တိုင်း အစိုးရက တိုးချဲ့ရေး စီမံကိန်း၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ထိန်း ချုပ်မည် ဖြစ်ပြီး ကျန် ၄၉ ရာခိုင်နှုန်းကို မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း (MCEA) က ရရှိမည် ဖြစ် သည်။ MCEA ကို မြန်မာနိုင်ငံ တလွှားမှ ဆောက်လုပ်ရေး ကုမ္ပဏီ ၂၀၀ ကျော်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဒါရိုက်တာ များ အဖြစ်ပါဝင်မည့် တိုင်း အစိုးရအဖွဲ့ ဝန်ကြီး ၅ ဦးကို ကူညီရန် အတွက် စီးပွားရေး ပညာရှင်တဦးကို ထည့်သွင်းရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့က စဉ်းစားနေသည်ကို လွှတ်တော်အမတ်တချို့က ကန့်ကွက်ကြသည်။ ဒါရိုက်တာ အဖွဲ့တွင် MCEA ဘက်မှ ၅ ဦးလည်း ပါဝင်မည် ဖြစ်သည်။
“ရန်ကုန်တိုင်းအစိုးရကို ကျမအကြံပြုချင်တာက ဝန်ကြီးတွေ စီးပွားရေးမလုပ်တတ်ဘူးဆိုရင် ရင်းနှီးမြှုပ်နှံမှုကို မလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီပိုက်ဆံတွေက ပြည်သူတွေရဲ့ပိုက်ဆံတွေပါ” ဟု ဒေါ်စန္ဒာမင်းက လွှတ်တော်အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
လွှတ်တော်မှ ဘဏ္ဍာရေး၊ စီမံကိန်း နှင့် စီးပွားရေး ကော်မတီက MCEA က ပိုင်ဆိုင်သည့် ရှယ်ယာ ၄၉ ရာခိုင်နှုန်း နှင့် အဆိုပါအဖွဲ့သည် ပုဂ္ဂလိကကုမ္ပဏီအဖြစ်မှ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းရှိမရှိကိုလည်း စုံစမ်းစစ်ဆေး နေသည်။ လက်ရှိအချိန်တွင် MCEA ၏ အမာခံအဖွဲ့ဝင် ၂၆ ဦး နှင့် အခြား ၃ ဦးတို့က ကျပ် သန်း ၁၀၀ စီ ရင်းနှီးမြှုပ်နှံထား ကြသည်။ အချို့က ကျပ် သန်း ၃၀၀ ထိထည့်ဝင်ထားကြသည်။
“အရမ်းကြီးတဲ့ စီမံကိန်းကြီးတစ်ခုကို အဲဒီငွေပမာဏနဲ့ တည်ဆောက်လို့မရနိုင်ပါဘူး။ နည်းစနစ်မှန်ကန်တဲ့ လုပ်ငန်း အစီအစဉ်တွေမရှိဘဲနဲ့ အဲဒီစီမံကိန်းကို ရှေ့ဆက်ပြီး မစတင်သင့်ပါဘူး” ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
ဒေသဆိုင်ရာ စီမံကိန်း ဥပဒေကြမ်း နှင့် ပတ်သက်၍ မတ်လ ၂၃ ရက်နေ့တွင် လွှတ်တော် ကိုယ်စားလှယ် ၆ ဦးက ဆွေး နွေးခဲ့ကြပြီး လာမည့် မတ်လ ၃၀ ရက်နေ့တွင် မဲခွဲဆုံး ဖြတ်မည် ဖြစ်သည်။