• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရဲဘော်မင်းဌေး ပါဝင်သည့် “Rambo 4” ဇာတ်ကား တပ်မတော် သိက္ခာကျဟု ဆို

by ကျော်ခ
30 March 2017
in သတင်း
A A
Rambo 4 ဇာတ်ဝင်ခန်းထဲက ရဲဘော်မင်းဌေးနှင့် စတားလုံး (Sylvester Stallone) / www.flixster.com

Rambo 4 ဇာတ်ဝင်ခန်းထဲက ရဲဘော်မင်းဌေးနှင့် စတားလုံး (Sylvester Stallone) / www.flixster.com

26k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၏ ဗဟိုကော်မတီဝင် ရဲဘော် မင်းဌေး ပါဝင် သရုပ်ဆောင်ထားသော “Rambo 4” ဇာတ်ကားသည် တပ်မတော်ကို သိက္ခာကျစေသည်ဟု မတ်လ ၂၉ ရက်နေ့ ရုံးထုတ်တွင် တရားလိုပြသက်သေ တပ်မတော် အရာရှိ တဦးက တရားရုံးတွင် တင်ပြကြောင်း သိရသည်။

မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခံထားရသည့် ရဲဘော်မင်းဌေးကို မိုးမောက်မြို့နယ် တရားရုံးတွင် ယနေ့ ရုံးထုတ်ခဲ့ပြီး တရားလိုပြ သက်သေဖြစ်သည့် ဗိုလ်မှူး နေလင်းထိုက်က ယင်းသို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း ရဲဘော်မင်းဌေး ၏ ဇနီး လည်းဖြစ် ABSDF မြောက်ပိုင်း အဖွဲ့ ကော်မတီ၏ အတွင်းရေးမှူးလည်း ဖြစ်သည့် ဒေါ်နန်းယဉ်က ပြောသည်။

RelatedPosts

ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

19 May 2025
12
အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
1.1k
တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

19 May 2025
746

ဒေါ်နန်းယဉ်က “တပ်မတော်ကို သိက္ခာကျစေတဲ့ Rambo 4 ရိုက်တဲ့ စတားလုံးနဲ့ တွဲပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေလည်း တွေ့တယ်လို့ တရားရုံးမှာ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူး နေလင်းထိုက်သည် ဗန်းမော်မြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ) ၂၁ လက်အောက်ခံ ခလရ ၂၂၃ ဒုတပ်ရင်းမှူး ဖြစ်ကြောင်း သိရပြီး ၎င်းအား တရားလိုပြ သက်သေအဖြစ် ယနေ့ ရုံးထုတ်ခြင်း ဖြစ်ကြောင်း သိရသည်။

ABSDF ၏ မြောက်ပိုင်း တပ်ဖွဲ့၏ ကော်မတီဝင်လည်း ဖြစ်သည့် ရဲဘော်မင်းဌေးသည် ၂၀၀၈ ခုနှစ်က ကမ္ဘာကျော် Hollywood ရုပ်ရှင်မင်းသား Sylvester Stallone ရိုက်ကူး ထုတ်လုပ်ပြီး ကိုယ်တိုင် သရုပ်ဆောင်ထားသည့် “Rambo 4” ရုပ်ရှင်တွင် တပ်မတော် အရာရှိ တဦးအဖြစ် ပါဝင် သရုပ်ဆောင်ထားသည်။

ရဲဘော်မင်းဌေးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က ဗန်မော်-လွယ်ဂျယ် ကားလမ်းပေါ်ရှိ စိန်လုံဂိတ်တွင် တပ်မတော်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)  လက်မှတ် ရေးထိုးထားခြင်း မရှိသေးသည့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) နှင့် ဆက်သွယ်သည်ဟု ဆိုကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ABSDF အဖွဲ့သည် အပစ်ရပ်အဖွဲ့များ၏ နယ်မြေသာမက အပစ်မရပ်ရသေးသော အဖွဲ့အစည်းများ၏ နယ်မြေများတွင်ပါ တည်ရှိပြီး ထိုအခြေအနေကို NCA လက်မှတ်ရေးထိုးစဉ် ကတည်းက အစိုးရနှင့် တပ်မတော်တို့က သိရှိပြီးသား ဖြစ်ကြောင်း ABSDF ဘက်ကလည်း ပြောဆိုထားသည်။

ဗန်းမော် အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသော ရဲဘော်မင်းဌေးကတော့ ၎င်းအနေဖြင့် NCA ရေးထိုးလိုက်မှ ဖမ်းဆီး ချုပ်နှောင်ခြင်း ခံရသည်ဟု ယနေ့ တွေ့ဆုံခွင့်ရချိန်တွင် ညည်းညူခဲ့ပြီး NCA ကိုလည်း ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး ဖြစ်စေလိုသည်ဟု ပြောဆိုခဲ့ကြောင်း ဇနီးဖြစ်သူက ပြောသည်။

“ဒီနေ့တွေ့တော့ စကားတွေ ပြောဖြစ်ကြတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေတွေပေါ့။ သူကတော့ လက်ရှိ ငြိမ်းချမ်းရေး အခြေအနေကို စစ်စစ်မှန်မှန် ဖြစ်ချင်တယ်လို့ ပြောတယ်။ ငြိမ်းချမ်းရေးလက်မှတ် ထိုးလိုက်လို့ အချုပ်ထဲမှာ နေရတာ သူပဲ ရှိတယ်တဲ့” ဟု ဒေါ်နန်းယဉ်က ပြောသည်။

ရဲဘော်မင်းဌေး အမှုကို တရားလိုပြ သက်သေအဖြစ် ၁၀ ဦး ထွက်ဆိုမည်ဖြစ်သဖြင့် ၆ လခန့် ကြာမြင့်ဖွယ်ရှိကြောင်း၊ နောက်ထပ် ရုံးချိန်းကို ဧပြီလ ၅ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း သိရသည်။

ရဲဘော်မင်းဌေးကို ပြန်လွှတ်ပေးရန် အစီအစဉ် မရှိဘဲ တရားဥပဒေ အတိုင်းသာ ဆောင်ရွက်မည်ဟု ယခုနှစ် ဇန်နဝါရီလ ၂၄ ရက် နေ့က နေပြည်တော်တွင် ပြုလုပ်သော အပစ်ရပ်အဖွဲ့များနှင့် တွေ့ဆုံစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြောင်း ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင် အချို့က သတင်း မီဒီယာများထံ ပြောဆိုထားသည်။

ABSDF သည် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့်အတူ NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ တွင် လက်မှတ် ရေးထိုးထားသော အဖွဲ့ ဖြစ်ပြီး လက်ရှိ အစိုးရလက်ထက်တွင် ပထမဆုံးအကြိမ် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ – ရာစု ပင်လုံသို့လည်း ABSDF ကိုယ်စား ကိုယ်တိုင် တက်ရောက်ခဲ့သူ ဖြစ်သည်။

ဒေါ်နန်းယဉ် က “အန်တ့ီ အနေနဲ့ကတော့ လက်ရှိ ဖြစ်နေတဲ့ အနေအထားကြီးကို ကျော်ချင်ပြီ။ ဒါဟာ ဖြစ်လည်း မဖြစ်သင့်ဘူး။ တရားခွင်မှာ လာနေရ၊ သွားနေရတယ်။ အမြန်ဆုံး ဆွေးနွေးပြီးတော့မှ အမြန်ဆုံး ပြန်လွှတ်စေချင်တယ်။ တရားရုံး ရောက်ရမယ့် အကြောင်းလည်း မရှိဘူးလို့ မြင်ပါတယ်” ဟု ပြောသည်။

ရဲဘော်မင်းဌေးသည် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရိုက်ကူးထားသည့် “The Lady” ရုပ်ရှင်ဇာတ်ကားတွင်လည်း ပါဝင် သရုပ်ဆောင်ထားသလို မြန်မာ ဗီဒီယိုကားများဖြစ်သည့်  “အမေတွေ အသဲကွဲတဲ့မြေ”၊  “အဖေ့ကျောင်း”၊  “ချွတ်ချော်တဲ့ လွှတ်တော်”၊  “ဇွတ်ခေါ်တဲ့လွှတ်တော်” စသည့် ဇာတ်ကားများတွင်လည်း ပါဝင် သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်သည်။

Your Thoughts …
Tags: NCA
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.2k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.8k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.3k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

Next Post
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်ခရီးစဉ် / ဧရာဝတီ

အမ်းမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်ပါတီ အောင်ပွဲခံမှာလဲ

ရန်ကုန် ရေကစား မဏ္ဍပ်တခု မြင်ကွင်း / ဧရာဝတီ

ရန်ကုန်မြို့တွင်း သင်္ကြန်မဏ္ဍပ် ၂၂ ခု ဆောက်လုပ်ခွင့် ပြုမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate