ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တင်းမေ ကျေးရွာ တာဝန်ခံ အသက် ၄၆ နှစ်အရွယ် ဟာမီဒူလာ သည် မတ်လ ၃၁ ရက်နေ့ ည ၁၂ နာရီခန့်တွင် နေအိမ်၌ အိပ်နေစဉ် လူတစုမှ ဝင်ရောက် သတ်ဖြတ်သွားကြောင်း ဒေသခံ ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဟာဗီဒူလာကို မတ်လ ၂၉ ရက်နေ့က ဘူးသီးတောင် ဒေသခံ ၁၇ ဦး အကြမ်းဖက်သင်တန်း တက်ရောက်မှုဖြင့် ဖမ်းခံရသည့် ကိစ္စနှင့် ပတ်သက်၍ သတင်းမီဒီယာများက မေးမြန်းစုံစမ်းမှုများ ပြုလုပ်ခဲ့ပြီး နောက် နှစ်ရက်တွင် ယခုကဲ့သို့ အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
အကြမ်းဖက်သင်တန်း တက်ရောက်သူ ၁၇ ဦး အဖမ်းခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး ၎င်းကို အင်တာနက်မှ တဆင့် အသက် အန္တရာယ် ခြိမ်းခြောက်မှုများ ရှိနေကြောင်း မတ်လ ၂၉ ရက်နေ့က သတင်းမီဒီယာများကို ဖြေကြားစဉ်မှာလည်း ပြောဆိုခဲ့ သေးသည်။
အလားတူ သက်ကိုင်ညာကျေးရွာ အုပ်စုတွင်လည်း ယနေ့ မတ်လ ၁ ရက်နေ့ မနက် ၁ နာရီခန့်က သက်ကိုင်ညာ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး အကူစာရေး ရှောင်ရှုအာလောင် (ခ) ဝင်းနိုင်နှင့် တစ်ရွာတည်းနေ အဒူဆ တို့နှစ်ဦးလည်း နေအိမ်၌ အိပ်နေစဉ် အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေပြီး အကြမ်းဖက်သမားများက ရွာသား ၂ ဦး ကိုလည်း သတ်ဖြတ်ခဲ့သေးသည်ဟု ကနဦး သတင်းရရှိသည်။