• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြစ်ဆုံစီမံကိန်း တရုတ်ဘက်က ရုပ်သိမ်းနိုင်ဖွယ်ရှိ

by Reuters
6 April 2017
in သတင်း
A A
မြစ်ဆုံအနီး ကျောက်ဆောင်ပေါ်တွင် ရေကာတာတည်ဆောက်မှုအား ဆန့်ကျင်ကြောင်း ရေးထားသည်ကို တွေ့ရစဉ် / Reuters

မြစ်ဆုံအနီး ကျောက်ဆောင်ပေါ်တွင် ရေကာတာတည်ဆောက်မှုအား ဆန့်ကျင်ကြောင်း ရေးထားသည်ကို တွေ့ရစဉ် / Reuters

47.7k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံနှင့် ကာလရှည်ကြာစွာ အငြင်းပွားနေသော အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ကုန်ကျမည့် မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံဘက်က သဘောထား ပြောင်းလဲသွားပြီ ဟု သတင်းရင်းမြစ် ၇ ခုက ဆိုသည်။ မြန်မာနိုင်ငံမှ အခြား စီးပွားရေးနှင့် သေနင်္ဂဗျူဟာ အခွင့်အလမ်းများ အတွက် အလဲအလှယ် အဖြစ် ထိုစီမံကိန်းကို စွန့်လွှတ်မည့် သဘောဖြစ်သည် ဟုလည်း ဆိုသည်။

သမ္မတ ဦးထင်ကျော်သည် ကြာသပတေးနေ့တွင် စတင်မည့် တရုတ်ခရီးစဉ် အတွင်း ထိုကြီးမားသော မြစ်ဆုံဆည် အကြောင်း ဆွေးနွေးကောင်း ဆွေးနွေးမည် ဟု ဝါရင့်အစိုးရ အရာရှိ နှစ်ဦးနှင့် ထိုကိစ္စနှင့် ဆက်စပ်မှုရှိသည့် အရာရှိတဦးက Reuters သတင်းဌာနသို့ပြောသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
120
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
154
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
491

မြန်မာနိုင် ပြည်သူများက ဆန့်ကျင်သောကြောင့် ၂၀၁၁ ခုနှစ်က ဆိုင်းငံ့ခဲရသည့် လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၆၀၀၀ ထုတ်လုပ်မည့် ထိုစီမံကိန်းကို ဆက်လက် လုပ်ဆောင်ရန် တရုတ်နိုင်ငံသည် မကြာသေးမီကာလ အထိ အပြင်းအထန် ဖိအားပေးနေခဲ့သည်။

ယခုအခါ တရုတ်အစိုးရသည် ထိုစီမံကိန်း ရုပ်သိမ်းပေးရမှု အတွက် လျော်ကြေးအနေဖြင့် ရေအားလျှပ်စစ် စီမံကိန်း အသေးစား အများအပြား အကောင်အထည် ဖော်ခြင်းနှင့် သေနင်္ဂဗျူဟာ ကျသော ဆိပ်ကမ်းတခု အထူးအသုံးပြုခွင့် အပါအဝင် အခြား နည်းလမ်းများကို ဆွေးနွေးနေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

ထိုသတင်းရင်းမြစ် ၇ ခုတွင် ထိပ်တန်း မြန်မာအရာရှိကြီးများ၊ မူလ သဘောတူညီချက်နှင့် ရင်းနှီးကျွမ်းဝင်သူတဦး၊ တရုတ်နိုင်ငံတော်ပိုင် ထိုဆည်စီမံကိန်းကို လုပ်ငန်းလည်ပတ်မည့် အဖွဲ့နှင့် နီးစပ်သူ တဦးတို့ ပါဝင်သည်။ ထိုကိစ္စမှာ လွန်စွာ အရေးပါသောကြောင့် ၎င်းတို့ အမည် ထုတ်ဖော်ပြောရန် ငြင်းဆိုကြသည်။

ဆည်ကို တည်ဆောက်သည့် တရုတ်မြန်မာ ဖက်စပ် (Upstream Ayeyawady Confluence Basin Hydropower) လုပ်ငန်း အမှုဆောင်များကမူ စီမံကိန်းရုပ်သိမ်းမည်ကို အထူးစိုးရိမ်နေကြသည် ဟု ထိုလုပ်ငန်းနှင့် နီးစပ်သူတဦးက ပြောသည်။

ထိုစီမံကိန်း၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘ၀ ထိခိုက်မှုများကို မြန်မာအစိုးရက ဘက်မလိုက်ဘဲ မျှတစွာ ပြန်လည် သုံးသပ်မည်ဟု မျှော်လင့်ကြောင်း ထိုကုမ္ပဏီက ကြေညာချက်တခုတွင် ဖော်ပြသည်။ သင့်တော်သော ဖြေရှင်းချက် တခု ရမည် ဟု မျှော်လင့်ကြောင်းလည်း ဖော်ပြသော်လည်း အသေးစိတ် အချက်အလက်များ ပါဝင်ခြင်း မရှိပေ။

သမ္မတ ဦးထင်ကျော်ဦးဆောင်သော ပြန်လည် ဆန်းစစ် စိစစ်မှုမှာ နောက်ဆုံးအဆင့်သို့ ရောက်နေပြီဟု အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ပြောသည်။

ထိုဆည် လုပ်ငန်းလည်ပတ်မည့် တရုတ်အစိုးရပိုင် (State Power Investment Corp Yunnan International Power Investment – SPICYN) သည် ယခင်က ကြိုတင်ပြင်ဆင် ချင့်ချင့်ချိန်ချိန် လုပ်တတ်သော သဘာဝနှင့် အတူ လွန်ခဲ့သော ၆ လခန့်မှ စ၍ ထိုကိစ္စကို ဖိဖိစီးစီး လုပ်ဆောင်ခြင်း မရှိတော့ဟု မူလ သဘောတူညီချက်နှင့် အကျွမ်းတဝင် ရှိသူက ပြောသည်။ ယင်း အချက်နှင့် ပတ်သက်ပြီး SPICYN က မှတ်ချက်ချပြောကြားရန် ငြင်းဆိုသည်။

ထိုစီမံကိန်းနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရာတွင် တွေ့ကြုံရမည့် မည်သည့် အခက်အခဲကို မဆို ကိုင်တွယ်ရန် မြန်မာနှင့် ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်ထားမည် ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချန်ယန်း (Hua Chunying) က ပုံမှန် သတင်းစာရှင်းလင်းပွဲတခုတွင် ပြောသည်။

မြစ်ဆုံဆည်မှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အား၏ ၉၀ ရာခိုင်နှုန်းကို အိမ်နီးခြင်း တရုတ်နိုင်ငံ၏ ယူနန်ပြည်နယ်သို့ ပေးပို့ရန် စီစဉ်ထားခဲ့သဖြင့် ဓာတ်အား မလုံလောက်သော မြန်မာပြည်သူများကို ဒေါသထွက်စေခဲ့သည်။

ယူနန်ပြည်နယ်သည် စီးပွားရေး နှေးကွေးသောကြောင့် စွမ်းအင်အသုံးပြုမှု နည်းသော စက်မှုလုပ်ငန်းများကိုသာ အာရုံစိုက် လာပြီး လျှပ်စစ်ဓာတ်အား ပိုလျှံလာသဖြင့် မကြာသေးမီ လများက ထိုစီမံကိန်းအပေါ် တရုတ်၏ စိတ်အား ထက်သန်မှုမှာ လျှော့ကျလာသည် ဟု သတင်းရင်းမြစ်များက ပြောသည်။

ထို့ကြောင့် တရုတ်နိုင်ငံသည် ၎င်း၏ ဒေသတခု၊ လမ်းကြောင်းတခုမူဝါဒ One Belt, One Road အရ ဗဟိုအာရှနှင့် ဥရောပသို့ လမ်းကြောင်း ကောင်းမွန်ရေး ဦးစားပေး လုပ်ဆောင်နေပြီး မြစ်ဆုံကို စွန့်လွှတ်ရလျှင် အခြားစီးပွားရေး အကျိုးစီးပွားများကို ရှေတန်းတင်၍ မျက်နှာမပျက်ရဘဲ အစားထိုး ရရှိနိုင်မည့် အဖြေကို ရှာနေသည်ဟု ဆွေးနွေးမှုများ နှင့် အကျွမ်းတဝင်ရှိသော ထိပ်တန်းအရာရှိ တဦးက ပြောသည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် ၎င်းတို့၏ ပြည်တွင်းရေးကို ပိုမို အာရုံစိုက်နေစဉ် နေပြည်တော်သည် တရုတ်နှင့် ဆက်ဆံရေး ကောင်းမွန်ရန်ု ကြိုးစားနေသောကြောင့် ယခုကိစ္စသည် မြန်မာနိုင်ငံ အတွက် အနောက်နှင့် လမ်းခွဲသည့် ပထဝီနိုင်ငံရေး အရွှေ့အပြောင်း ဖြစ်နိုင်သည်။

ဆယ်စုနှစ် များစွာ ကြာပြီဖြစ်သော ပြည်တွင်းစစ် အဆုံးသတ်ရေးကို ထိပ်တန်း ဦးစားပေးဟု သတ်မှတ်ထားသော မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် ဘေကျင်းသည် ပို၍ပို၍ အရေးပါလာနေသည်။ လုမျိုးစု လက်နက်ကိုင်များနှင့် တိုက်ပွဲများ ပိုမိုဖြစ်လာနေသော နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်အောင် လုပ်ဆောင်ရန် မြန်မာသည် တရုတ်၏ အကူအညီကို လိုအပ်နေသည်။

မြန်မာနိုင်ငံသည် စီမံကိန်းအတွက် ကုန်ကျပြီး ဖြစ်သည့် ဒေါ်လာသန်း ရာနှင့် ချီသည့် လျှော်ကြေး ပေးရဖွယ် ရှိသည် ဟု ထိုကိစ္စနှင့် အကျွမ်းတဝင်ရှိပြီး အစိုးရနှင့် နီးစပ်သူတဦးက ပြောသည်။

မြစ်ဆုံဆည် တည်ဆောက်သော လုပ်ငန်းနှင့် လည်ပတ်မည့် လုပ်ငန်းတို့က ဖြစ်နိုင်ခြေရှိသော လျော်ကြေး အတွက် တစုံတရာ ဖြေကြားခြင်း မရှိကြဘဲ ထိုကိစ္စကို မည်သို့ ကိုင်တွယ်မည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

“လျော်ကြေးက ငွေဖြစ်စရာတော့ အတိအကျ မလိုပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည် ၏ တွေးခေါ်ပုံကို အကျွမ်းတဝင် ရှိသူ တဦးက ပြောသည်။ “တရုတ်က ဆည်အသေးစားတွေ အပါအဝင် အခြား အခြေခံ အဆောက်အအုံ စီမံကိန်း တွေကို စိတ်ဝင်စားနေတယ်” ဟု သူက ဆက်ပြောသည်။

တရုတ်နိုင်ငံသည် ဘင်္ဂလားပင်လယ်အော်မှ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို အထူး အသုံးပြုခွင့် ရရန် တွန်းအား ပေးနေသည် ဟု အစိုးရနှင့် နီးစပ်သည့် ရင်းမြစ်နှစ်ခုက ပြောသည်။

ကျောက်ဖြူသည် တရုတ်ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း၏ စမှတ် ဖြစ်ပြီး ထိုပိုက်လိုင်းမှ ရေနံစတင်ပို့လွှတ်ရန် နီးကပ်နေပြီ ဖြစ်သည်။ ထိုပိုက်လိုင်းသည် အရှေ့အလယ်ပိုင်းမှ ရေနံ တရုတ်သို့ ပို့ရန် လမ်းကြောင်းသစ် တခုလည်း ဖြစ်သည်။

Your Thoughts …
Tags: မြစ်ဆုံစီမံကိန်း
Reuters

Reuters

Agency

Similar Picks:

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်က ဖိတ်ထားသလား

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်က ဖိတ်ထားသလား

by ဧရာဝတီ
22 July 2023
14.4k

မင်းအောင်လှိုင်သည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးသို့ သွားသည်ဟု အာရှထောက်လှမ်းရေး သတင်းများနှင့် နေပြည်တော်မှ အခြားရင်းမြစ်များက ပြောသည်။

မင်းအောင်လှိုင်ကို တရုတ်က မမြင်ချင်တော့ဘူးလား

မင်းအောင်လှိုင်ကို တရုတ်က မမြင်ချင်တော့ဘူးလား

by ဖီးနစ်
12 July 2024
9.6k

အာဏာသိမ်းပြီးကာစက စပြီး ယခုအချိန်အထိ မြန်မာ့အရေးဟာ တရုတ်အတွက် ခေါင်းခဲစရာ ဖြစ်ခဲ့တယ်။

မင်းအောင်လှိုင် ကိုယ်စား ဦးသိန်းစိန်က တရုတ်ကို အကူအညီတောင်းခဲ့သလား

မင်းအောင်လှိုင် ကိုယ်စား ဦးသိန်းစိန်က တရုတ်ကို အကူအညီတောင်းခဲ့သလား

by ဧရာဝတီ
6 July 2024
6.3k

ဦးသိန်းစိန်သည် ရှမ်းပြည်မြောက်ပိုင်းတွင် မကြာသေးမီက ပြန်လည် စတင်သည့် တိုက်ပွဲများကို ကြားဝင်ဆောင်ရွက်ပေးရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံမှ မေတ္တာရပ်ခံမှုကို ပြောကြားခဲ့ဖွယ်ရှိကြောင်း လေ့လာသူများက ယူဆသည်။

စစ်ကောင်စီက တရုတ်ထံမှ ဒေါ်လာဘီလီယံချီ အထောက်အပံ့ရနေ

စစ်ကောင်စီက တရုတ်ထံမှ ဒေါ်လာဘီလီယံချီ အထောက်အပံ့ရနေ

by ဧရာဝတီ
25 August 2023
6.1k

တရုတ် ရင်းနှီးမြှုပ်နှံမှုသည် မြန်မာမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၃ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး အများစုသည် လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် ဖြစ်ကြောင်း ၎င်းကပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ဒုက္ခသမိုင်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ဒုက္ခသမိုင်း

by မောင်ကဝိ
24 October 2024
2.7k

ပထမအကြိမ် တိုက်ခိုက်မှုဟာ လွန်ခဲ့တဲ့ ၅၇ နှစ်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ရှိ တရုတ်သံရုံးကို ၁၉၆၇ ခုနှစ်က တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းအတွင်း တိုက်ခိုက်တာ ဖြစ်ပါတယ်။

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း – ၃ (ရုပ်/သံ)

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း – ၃ (ရုပ်/သံ)

by ဧရာဝတီ
7 June 2024
618

အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံလောက်ကုန်မယ့် မြစ်ဆုံစီမံကိန်းကို အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ အေးရှားဝေါလ်နဲ့ တရုတ်အစိုးရပိုင် China Power Investment Corporation တို့က ၂၀၀၆ ခုနှစ်မှာ နားလည်မှုစာချွန်လွှာ ရေးထိုးပါတယ်။ လက်မှတ် ရေးထိုးတဲ့...

Next Post
KIO ထိန်းချုပ်နယ်မြေရှိ စစ်ဘေး ဒုက္ခသည် တချို့ကို ထောက်ပံ့မှုလျှော့ချ (ရုပ်/သံ)

KIO ထိန်းချုပ်နယ်မြေရှိ စစ်ဘေး ဒုက္ခသည် တချို့ကို ထောက်ပံ့မှုလျှော့ချ (ရုပ်/သံ)

ပြည်မြို့ မြို့မရဲစခန်းမြင်ကွင်း / ကောင်းမြတ်မင်း

လက်ရှိဇနီးကို ဇနီးဟောင်းကသတ်ပြီး အလောင်းဖျောက်ရန်ကြိုးစား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate