သတင်း

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားရှိ မြေမြှုပ်မိုင်းများ ၂ နိုင်ငံ ပူးတွဲ ရှင်းလင်းမည်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်စပ်အနီးမှ မိုင်းများနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကို ၂ နိုင်ငံနယ်ခြား တပ်ဖွဲများ ပူးပေါင်း၍ ဖယ်ရှား ဖြုတ်သိမ်းရန် ကတိပြုခဲ့ကြောင်းကြကြောင်း ဘင်္ဂလားဒေ့ရှ်မှ လာသော သတင်းများအရ သိရသည်။

မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကြားတွင် နယ်စပ်ရေးရာနှင့် ပတ်သက်၍ ၅ ရက်ကြာကွန်ဖရင့်တခု ပြုလုပ်ခဲ့ပြီး နောက် ဧပြီလ ၆ ရက်နေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေး မှူးချုပ် ဗိုလ်မှူးချုပ် Md Anisur Rahman က သဘောတူညီချက်ကို ထုတ်ပြန်ကျေညာခဲ့သည်။

အဆိုပါ ကွန်ဖရင့် တွင် ၂ နိုင်ငံတပ်ဖွဲ့များက လုံခြုံ အေးချမ်းသော နယ်စပ် တခုဖြစ်လာရေးအတွက် ဆောင်ရွက်ရန် ကိစ္စအမျိုးမျိုးကို ဆွေးနွေးခဲ့ကြသည်ဟု သူကပြောသည်။

“ကွန်ဖရင့်မှာ နယ်စပ်နားမှာ ချထားတဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ မြေမြှုပ်မိုင်းတွေကို ဖယ်ရှားဖို့နဲ့ ပုံမှန် ကင်းလှည့်ဖို့တွေ အပါအဝင် ဆောင်ရွက်စရာကိစ္စ အများအပြားကို ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်” ဟု ဗိုလ်မှူးချုပ် Md Anisur Rahman က ပြောသည်။

ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ၏ နယ်စပ်က ၂၇၁ ကီလိုမီတာ ရှည်လျားပြီး ၁၅၀ ကီလိုမီတာ ခန့်က တောများ တောင်များ နှင့် အခြားဝေးလံ ခေါင်ဖျားသော နေရာများပါဝင်နေသည်။ အဆိုပါနေရာတွင် ခွဲထွက်ရေး အဖွဲ့များ၊ ရာဇဝတ်သားများ၊ မူးယစ်ဆေး မှောင်ခိုများနှင့် လက်နက် ကုန်သည်များ လှုပ်ရှားနေကြသည်။

နယ်စပ်အနီးတွင် ရာဘ ဆေးစက်ရုံ ၄၉ ခု ရှိကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် အဖွဲ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို သတင်းပေးခဲ့ကြောင်း ဗိုလ်မှူးချုပ် Md Anisur Rahman က ပြောသည်။

နယ်စပ်ဒေသတွင် မူးယစ်ဆေးမှောင်ခိုများ နှင့် ရာဇဝတ်သားများကို တိုက်ခိုက်နှိမ်နင်းရန် ကတိပြုခဲ့ကြောင်းလည်း သူ ကပြောသည်။

မြန်မာနိုင်ငံ အတွင်းမှ ရိုဟင်ဂျာ အများစု နေထိုင်ရာဒေသများတွင် အခြေအနေ ပုံမှန်ပြန် ဖြစ်လာကြောင်း မြန်မာ ကိုယ်စားလှယ်အဖွဲ့က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ကို ပြောကြားခဲ့ကြောင်း သိရသည်။ ပုံမှန် မဟုတ်သည့် အခြေ အနေများကြောင့် မြန်မာနိုင်ငံဘက်တွင် နေထိုင်သူများက နယ်စပ်ကို ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် သော အရေအတွက် လျှော့ချရေးအတွက် အတူပူးပေါင်းလုပ်ကိုင်ရန်လည်း ၂ နိုင်ငံလုံးက သဘောတူခဲ့ကြသည်။

“မောင်တောမှာ မတည်ငြိမ်မှုတွေ ထပ်မဖြစ်တော့ပါဘူး။ တဖွဲ့နဲ့ တဖွဲ့ ဆက်သွယ်ရေး ထူထောင်ဖို့ အတူ လုပ်ကြဖို့နဲ့ တကယ်လို့ ပြီးခဲ့တဲ့ နှစ်ကလိုမျိုး ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ ဖြစ်လာရင် တရာမဝင် နယ်စပ်ဖြတ်ကျော်မှုကို ကာကွယ် တားဆီးဖို့ ကျနော်တို့ သဘောတူခဲ့ကြပါတယ်” ဟု ဗိုလ်မှူးချုပ် Md Anisur Rahman က ပြောသည်။

ကွန်ဖရင့်သို့ အဖွဲ့ဝင် ၁၆ ဦးပါဝင်သော ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်မှူးချုပ် Md Anisur Rahman က ဦးဆောင် တက်ရောက်ခဲ့ပြီး အဖွဲ့ဝင် ၆ ဦးပါသော မြန်မာကိုယ်စားလှယ် အဖွဲ့ကို မြန်မာနိုင်ငံ ရဲ အဖွဲ့မှ ဦးစီး အရာရှိချုပ် ရဲမှူးချုပ် မျိုးဆွေဝင်းက ဦးဆောင်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading