သတင်း

UNFC ၀ ဒေသ သို့ သွားမည်

Want create site? Find Free WordPress Themes and plugins.

လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများ၏အုပ်စုတခုဖြစ်သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ UNFC ကိုယ်စားလှယ် အဖွဲ့တဖွဲ့သည် နိုင်ငံ၏အကြီးဆုံး အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည့် ၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)နှင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆွေးနွေးရန် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ သွားရောက်မည်ဟု ထိုင်းနိုင်ငံ ချင်းမိုင်တွင် ၃ ရက်ကြာ အရေးပေါ် အစည်းအဝေးအပြီး ကြာသာပတေးနေ့က UNFC ခေါင်းဆောင်တဦးက ပြောသည်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ၎င်း၏ အခန်း ကဏ္ဍနှင့်ပတ်သက်ပြီး ပါဝင်သောအဖွဲ့များအတွင်း သဘောထားကွဲလွဲသောကြောင့် အကွဲအပြဲဖြစ်နေသည်ဟူသော သံသ ယများအကြားတွင် UNFC က ၎င်းတို့သည် NCA နှင့်ပတ်သက်ပြီး ညီညွတ်သည်ဟု ယခုအပတ်အစောပိုင်းက ကြေညာခဲ့ ပြီးနောက် ယခုဖြစ်ရပ်သည် လူမျိုးစုလက်နက်ကိုင်အဖွဲ့များအကြား ညီညွတ်မှုကို UNFC က ပြသလိုက်ခြင်းပင်ဖြစ်သည်။

“ကျနော်တို့အားလုံးဟာ လွတ်လပ်မှုမရှိဘဲ နေထိုင်ရတဲ့လူမျိုးစုတွေဖြစ်တဲ့အတွက် ကျနော်တို့နဲ့ UWSA ရဲ့ခင်မင်မှုကို ဖြတ်တောက်မှာ မဟုတ်ပါဘူး” ဟု UNFC ဒုဥက္ကဌ နိုင်ဟံသာက ဧရာဝတီသတင်းဌာနသို့ ကြာသာပတေးနေ့က ပြော သည်။

“UNFC နဲ့ UWSA အကြားမှ ဘာ နားလည်မှုလွဲမှားမှုမရှိအောင် လုပ်ဖို့လိုတယ်။ အင်အားစုတခုတည်းအနေနဲ့ ခိုင်မာဖို့ လိုတယ်” ဟု သူ ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA-N တို့သည် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုန် ၏မြို့တော် ပန်ဆန်းတွင် ဖေဖော်ဝါရီလက ကျင်းပသည့် UWSA ဦးဆောင်သည့် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ ကြသည်။

UNFC ၏ အဖွဲ့ဝင်အားလုံး NCA ထိုးရေးမူ ၉ ချက်နှင့်မတူ UWSA က NCA ကို အစားထိုးရေးကို တောင်းဆိုပြီး လူမျိုးစု လက်နက်ကိုင်များနှင့် အစိုးရတို့ နိုင်ငံရေးဆွေးနွေးရာတွင် ၎င်းတို့ဦးဆောင်မည်ဟု ကြေညာသည်။

UNFC ၇ ဖွဲ့အနက် ၅ ဖွဲ့ ကရင်နီတိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီ NMSP၊ ရခိုင်အမျိုးသားကောင်စီ ANC ၊ လား ဟူ ဒီမိုကရက်တစ်အဖွဲ့ LDU နှင့် ဝအမျိုးသားအဖွဲ့ချုပ် WNO တို့သည် NCA ကို လက်မှတ်ရေးထိုးမည်ဟု အစိုးရက လွန် ခဲ့သော အပတ်က ကြေညာခဲ့သည်။ သို့သော် ၎င်းတို့က ထိုသို့ မဆုံးဖြစ်ရသေးကြောင်း ထပ်မံ ကြေညာခဲ့သည်။

“UWSA ထိပ်သီးဆွေးနွေးပွဲကို ကျနော်တို့လည်း တက်ခဲ့တော့ NCA နဲ့ပတ်သက်တဲ့ ကျနော်တို့ရဲ့သဘောထားကို UWSA ကိုရှင်းရှင်းလင်းလင်း အသိပေးရမယ်” ဟု နိုင်ဟံသာက ဖေဖော်ဝါရီလ ပန်ဆန်းဆွေးနွေးပွဲကို ရည်ရွယ်ပြောကြားသည်။

UWSA က UNFC ကိုယ်စားလှယ်များကို ထိုထိပ်သီးဆွေးနွေးပွဲတက်ရန် ဖိတ်ကြားခဲ့ပြီး UNFC ဥက္ကဌ KIA မှ ဗိုလ်ချုပ် ကြီး အင်ဘန်လ တက်ရောက်ခဲ့သော်လည်း သူသည် KIA ကိုသာ ကိုယ်စားပြုပြီး UNFC ကို ကိုယ်စားပြုခြင်း မရှိပေ။

၎င်းတို့သည် မြန်မာစစ်တပ်၏တိုက်ခိုက်မှုခံနေရပြီး ၎င်းတို့ကိုယ်ကို ကာကွယ်ရန် ညီညွတ်ရန် လိုသောကြောင့် UNFC အဖွဲ့ဝင်များ ပန်ဆန်းဆွေးနွေပွဲတက်ခြင်းကြောင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့်ပြဿနာမရှိကြောင်း နိုင်ဟံသာက ပြော သည်။

နိုင်ငံရေးပြဿနာကို အင်အားသုံး ဖြေရှင်းမရသောကြောင့် ဘက်အားလုံးတို့သည် ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ရန် သည်း ခံရမည်ဟု သူက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

UWSA ဦးဆောင်သော နိုင်ငံရေးညှိနှိုင်းမှုအဖွဲ့နှင့်တွေ့ရေးအတွက် ပြင်ဆင်ရန် နိုင်ဟံသာက အစိုးရကို တိုက်တွန်းသည်။

UNFC သည် နိုင်ငံရေးပါတီများနှင့် NCA လက်မှတ်ရေးထိုးထားသောအဖွဲ့များနှင့်လည်း ၂၀၁၆ က KIA ဦးဆောင်သည့် မိုင်ဂျာယန် ထိပ်သီးဆွေးနွေးပွဲ၏ ဖက်ဒရယ်နိုင်ငံတော် အခြေခံမူများကို ဆွေးနွေးပွဲများကျင်းပမည်ဟု သူ ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading