သတင်း

နိုင်/ကျဉ်းများလွတ်မြောက်ရေး အပြာရောင်ဝတ်လှုပ်ရှားမှု ပြုလုပ်မည်

Want create site? Find Free WordPress Themes and plugins.

နိုင်ငံအဝန်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အပြာရောင်အင်္ကျီဝတ်ဆင်သည့် လှုပ်ရှားမှုတရပ်ကို ဧပြီ ၂၁ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ပြောသည်။

ယင်းလှုပ်ရှားမှုကို နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၃ နှစ်အခမ်းအနား နှင့် တိုက်ဆိုင်ကာ ဂုဏ်ပြုသည့်အနေဖြင့် ပြုလုပ်ခြင်းလည်းဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်မည်သူများ အနေဖြင့်လည်း အပြာရောင်ဝတ်ဆင်ကြရန် AAPP မှ ကိုဘိုကြည်က တိုက်တွန်းခဲ့သည်။

ကိုဘိုကြည်က “နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတာကို အစိုးရသိစေဖို့နဲ့ အမြန်ဆုံးလွတ်ပေးဖို့ တိုက်တွန်း လုပ်ဆောင် တာပါ၊ ချီတက် လမ်းလျောက်တာ တွေတော့ မလုပ်ပါဘူး”ဟု ပြောသည်။

AAPP ၏ စာရင်းများအရ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၁၇၈ ဦးရှိနေသေးပြီး ၎င်းတို့ထဲ တွင် ကိုယ်ပိုင်အခွင့်အရေး တောင်းဆိုသူများနှင့် တိုင်းရင်းသားများပါဝင်နေကြောင်း ဆိုထားသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုထွန်းကြည်က “နိုင်ငံတကာမှာက နိုင်ငံရေး အကျဉ်းသားတွေမရှိ တော့ဘူးလို့ ထင်နေကြတယ်၊ တကယ်က ဒါတွေရှိနေသေးတယ် ဆိုတာကို ပြချင်တာပါပဲ”ဟု ပြောသည်။

သတင်းစားဆရာကြီး ဟံသာဝတီ ဦးဝင်တင် ကွယ်လွန်ခြင်း ၃ နှစ်ပြည့်အခမ်းအနားကို ဧပြီ ၂၁ ရက်နေ့တွင် တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်မည်ဖြစ်ပြီး ၎င်း၏အုတ်ဂူသို့လည်း သွားရောက်ကာ ဂါဝရပြုမည် အစီအစဉ်လည်းပါဝင်ကြောင်း ကိုထွန်းကြည် က ပြောသည်။

ဟံသာဝတီ ဦးဝင်းတင်သည် စစ်အစိုးရလက်ထက် အကျဉ်းထောင်တွင်း နှစ် ၂၀ ခန့်နေထိုင်ခဲ့ရပြီး ပြန်လည် လွတ်မြောက်ချိန်တွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ခြင်း မရှိသေးသည့်အတွက် ကွယ်လွန်သည် အထိ ထောင်ဝတ်စုံဖြစ်သည့် အပြာရောင်ကိုသာ ဝတ်ဆင်ခဲ့သူဖြစ်သည်။

အပြာရောင် အကျီၤဝတ်ဆင်မည့် လှုပ်ရှားမှုတွင် ဦးဝင်တင်ဖောင်ဒေးရှင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့များနှင့် Burma Campain UK စသည့် အဖွဲ့များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading