• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

NLD အစိုးရအဖွဲ့ကို ဒုဝန်ကြီးများခန့်၍ အင်အားဖြည့်မည်

by ထက်နိုင်ဇော်
21 April 2017
in သတင်း
A A
NLD ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်  / ဧရာဝတီ

NLD ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန် / ဧရာဝတီ

14.7k
VIEWS
Share on FacebookShare on Twitter

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို အင်အား တောင့်တင်းစေရန် အတွက် ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန် ပေးခြင်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ဧပြီ ၂၁ ရက်နေ့တွင် နေပြည်တော်ရှိ သတင်းထောက် များကိုပြောသည်။

ဦးဝင်းထိန် က “ဒုဝန်ကြီး ဆိုတာက လိုအပ်ချက် အရပဲခန့်မှာ။ လိုအပ်ချက်ဆိုတာ သက်ဆိုင်ရာဝန်ကြီးတွေ က သူတို့လုပ်တာ ကိုင်တာမှာ ဒုဝန်ကြီး လိုပါတယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ဆီ တင်ပြမယ်၊ တင်ပြတဲ့ဟာကို မေးပြီးတော့ အဆင်ပြေတယ်ဆို ခန့်မယ်ပေါ့” ဟု ပြောသည်။

RelatedPosts

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
67
စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
106
မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

12 July 2025
95

NLD အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၂၁ ခုရှိရာ ဒုတိယဝန်ကြီးရှိသည့် ဝန်ကြီးဌာနများမှာ နိုင်ငံခြားရေး၊ သမ္မတရုံး၊ အတိုင်ပင်ခံရုံး၊ စိုက်ပျိုးရေး၊ မွေးမြူရေနှင့် ဆည်မြောင်း၊ ပို့ဆောင်ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ ပညာရေးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့ ဖြစ်သည်။

ဧပြီလ ၁၉ ရက်နေ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် ဦးအောင်ထူး ဆိုသူကို သမ္မတဦးထင်ကျော် အမိန်ဖြင့် ခန့်အပ်တာဝန်ပေးခဲ့သေးသည်။

ယခင်အစိုးရ လက်ထက်တွင် ဝန်ကြီးဌာန ၄၀ နီးပါးအထိရှိခဲ့ပြီး ဝန်ကြီး၊ ဒုတိယဝန်ကြီး ၁၀၀ နီးပါးအထိ ရှိခဲ့ရာမှ NLD အစိုးရလက် ထက်တွင် ဝန်ကြီးဌာနများကို လျှော့ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဝန်ကြီးဌာန ၂ ခုကိုတာဝန်ယူထားသည်။

ဝန်ကြီးဌာနများ ပူးပေါင်းလိုက်သဖြင့် တာဝန်ပိုယူရသည့် ဝန်ကြီးများအနေဖြင့် လုပ်ငန်းပမာဏ များပြားလာသည့် အတွက် မနိုင်နင်းသည့်အခါ ဒုတိယဝန်ကြီး ခန့်အပ်ပေးရန် အဆိုပြုလာပါက ခန့်ထားပေးလျက်ရှိသည်ဟု ဆိုသည်။

“ဥပမာ ဒေါက်တာအောင်သူ ဆိုရင် စိုက်ပျိုးရေးရော မွေးမြူရေးရော အင်မတန်ကို ကျယ်ပြန့်တယ်။ နောက်လျှပ်စစ်နဲ့ စွမ်းအင်ဆိုလည်း များတဲ့အခါကျတော့ လုပ်ငန်းများတယ်။ မနိုင်နင်းဘူး။ ဝန်ကြီးက အပြည့်အ၀ တာဝန်မပေးနိုင်ဘူး။ အဲတော့ ဝန်ကြီးက တင်ပြတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီလူအရည် အချင်း ရှိတယ်။ အကျင့်စာရိတ္တ ကောင်းတယ်။ ဝန်ကြီးနဲ့ အဆင်ပြေမယ်ဆိုရင်တော့ ခန့်တာကသူခန့်မှာ” ဟု ဦးဝင်းထိန်က ပြောသည်။

ဧရာဝတီ၏ စုံစမ်းမှုအရ အစိုးရအဖွဲ့အတွင်း ဝန်ကြီး အပြောင်း အလဲများလည်းရှိပြီး ပန်းပဲတန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေဖူးဗဆွေ၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင် ကြည်ညွှန့် တို့မှာ ဝန်ကြီးများ ဖြစ်လာလိမ့်မည်ဟု နေပြည်တော်ရှိလွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းကပြောသည်။

သို့သော် ၎င်းတို့သည် မည်သည့် ဝန်ကြီးဌာနများတွင် တာဝန်ယူမည်ကိုမူစုံစမ်း၍ မရသေးပါ။

NLD အစိုးရ၏ တနှစ်တာ သက်တမ်းအတွင်း ဆောင်ရွက်ချက်များသည် ပြည်သူလူထု မျှော်လင့်သလောက် ခရီးမရောက်ခဲ့သဖြင့် စာမေးပွဲရမှတ်ဖြင့် ကြည့်မည်ဆိုရင် အောင်မှတ်ပင် မပေးလိုကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ဧရာဝတီသို့ ပြောသည်။

“ပြည်သူလူထုအနေနဲ့ အခုရေတွင်းတူး၊ အခုရေကြည်သောက်ဖို့ ပြောနေတာမဟုတ်ဘူး။ ချက်ချင်းကြီး ပြောင်းလဲရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။ အခုအစိုးရနဲ့ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေက အပြောင်းအလဲကို ဖော်ဆောင်တဲ့ အခြေခံကောင်းတွေကို ဖော်ဆောင်တဲ့ နေရာမှာ အားနည်း နေသေးတယ်” ဟု ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

ဖေသက်ထက်ခင် ပူးပေါင်းရေးသားသည်။

Your Thoughts …
Tags: NLD အစိုးရ
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်အာဏာမသိမ်းမီ နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦကို အရုဏ်မတက်ခင် အဝေးမှ မြင်ရစဉ် / ဧရာဝတီ

မြန်မာ့ဘဏ္ဍာရေးနှစ် ပြန်ပြောင်းချင်တာ အရင်လို ခြစားဖို့လား

by စောထွန်း
12 October 2021
10.2k

အစိုးရဘတ်ဂျက်မှ ငွေကို ကြိုတင် ထုတ်ယူပြီး အတိုးယူ နေမှုများနှင့် အဂတိလိုက်စားခွင့်များ လျော့ပါး သွားခဲ့ရခြင်းက အာဏာသိမ်းရသော လူမသိသည့် အကြောင်းပြချက် တခု ဖြစ်ပါသည်။

ပြုပြင်ပြောင်းလဲရေးခေတ် အစိုးရ ၂ ဆက် ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး / ဧရာဝတီ

ပြုပြင်ပြောင်းလဲရေးခေတ် အစိုးရ ၂ ဆက် ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကွယ်လွန်

by ဧရာဝတီ
24 May 2022
10.2k

NLD အစိုးရ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးဇော်ဌေးသည် မေလ ၂၃ တနင်္လာနေ့က နံနက်ပိုင်းက နေပြည်တော်တွင် နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်သွားခဲ့သည်။

NLD အစိုးရ ဒုတိယ သက်တမ်းအတွင်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် မျှော်လင့်ချက်များ ပုံအပ်ရဦးမည် / ဧရာဝတီ

NLD အစိုးရသစ်က မြန်မာ့စီးပွားရေး အားကောင်းအောင် လုပ်နိုင်မလား

by အောင်သီဟ
18 November 2020
8.4k

COVID-19 စီးပွားရေး ကုစားရေး အစီအစဉ် (CERP) သည် အချိန် ၆ လ ခန့် ကြာမြင့်လာပြီဖြစ်သော ကြောင့် ပြန်လည် သုံးသပ်ရန် လိုအပ်

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းတွင် တွေ့ရသော ကုန်စည်ပို့ဆောင်ရေး ကားများ  / ဧရာဝတီ

ကင်းလွတ်ခွင့် ပေးထားသည့် ကုန်စည်များ လိုင်စင်ပြန်လျှောက်ရန် စစ်ကောင်စီ ကြေညာ

by ဧရာဝတီ
19 December 2021
10.1k

ထိုသို့ လုပ်ဆောင်ခြင်းသည် စစ်ကောင်စီက စီးပွားရေးကို ပြန်လည်ကုစားမည်ဆိုသော ခေါင်းစဉ်အောက်မှနေ၍ သွင်း ကုန်တင်သွင်းမှု၊ ပို့ကုန်တင်ပို့မှု ပမာဏ အချက်အလက်များကို ထိန်းချုပ်ရန်အတွက်ဖြစ်ပြီး ယင်းသို့ လုပ်ဆောင်ခြင်းက လုပ်ငန်းတင်သွင်းမှုများတွင် အခက်အခဲများ ဖြစ်နိုင်သလို နှောင့်နှေးကြန့်ကြာမှုများလည်း ရှိသွားနိုင်ကြောင်း လုပ်ငန်းရှင်...

ကိုဗစ် ကာလတွင် သတင်းစာအချို့လည်း ရပ်နားလိုက်ကြရသည်  / ထက်ဝေ / ဧရာဝတီ

အစိုးရ က သတင်းမီဒီယာကို ကျပ်သိန်း ၃၀၀ ပေးတာ ချွေးသိပ်တာလား

by ဆလိုင်းသန့်စင်
5 October 2020
7.6k

ပုဂ္ဂလိက သတင်းမီဒီယာ သမားများက Stay at Home အမိန့်ကြောင့် သတင်းယူရန် ခက်ခဲနေသည့် အခြေ အနေတွင် နိုင်ငံပိုင် မီဒီယာဖြစ်သည့် MRTV နှင့် ပြန်ကြားရေး ဝန်ထမ်းများကတော့ နိုင်ငံ့ဝန်ထမ်းဟူသည့် ခေါင်းစဉ် အောက်မှ...

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အတွင်းရှိ ရွှေ တူးဖော်ရေး လုပ်ကွက်တခု  / ဧရာဝတီ

ရွှေ နှင့် သတ္တု လုပ်ကွက်သစ် ၂၀၀ နီးပါး စိစစ် ချပေးမည်ဟု ဆို

by မြတ်ပြည့်ဖြိုး
15 December 2018
10.5k

ရွှေနှင့် သတ္တု လုပ်ကွက် ပါမစ် လျှောက်လွှာ ၂၀၀ နီးပါး လာမည့်နှစ် အတွင်း ချထားပေးရန် စိစစ်လျက် ရှိ ကြောင်း

Next Post
ရေဝေးသုသာန်ရှိ ဦးဝင်းတင်၏ အုတ်ဂူ  / မျိုးမင်းစိုး / ဧရာဝတီ

ဟံသာဝတီ ဦးဝင်းတင် ပန်းခြံ ထားရှိပေးရေး တောင်းဆို

Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း  / www.cjr.org

ကိုဆွေဝင်း သာသနာ ညှိုးနွမ်းစေမှု မမြောက်ဟု ရန်ကုန် တရားရုံး ပလပ်

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

1 week ago
10.9k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate