ပြင်သစ်မှ အစွန်းရောက် သမ္မတလောင်းနှစ်ဦးဖြစ်သည့် လက်ယာမှ Marine Le Pen နှင့် လက်ဝဲမှ Jean-Luc Mélenchon တို့၏ ပို၍ပို၍ လူကြိုက်များလာခြင်းသည် ပြင်သစ်တို့၏ နိုင်ငံရေး တွေးခေါ်မျှော်မြင်မှုနှင့် လိင်မှုဘဝကို ဆက်စပ်နေကြောင်း လတ်တလော စစ်တမ်းကောက်ယူမှု တခုက ပြသနေသည်။
လူမှုရေးတက်ကြွသူများ၏ လူမှုကွန်ရက်ဖြစ်သော Wyydle.com အတွက် လူထုသဘောထား ကောက်ယူသောလုပ်ငန်း IFOP က ပြုလုပ်ပေးသော အရွယ်ရောက်ပြီးသူ ၄၀၀၀ ကျော်အား လေ့လာမှုအရ ပြင်သစ်တဦးသည် နိုင်ငံရေးအရ ပိုမိုအခြေခံဝါဒီဆန်ပြီး လက်ရှိစနစ်ကိုဆန့်ကျင်လေလေ၊ သမားရိုးကျ လိင်မှုဆိုင်ရာပြဌာန်းချက်များမှ သွေရန် ဖြစ်နိုင်ခြေများလေလေ ပင်ဖြစ်ကြောင်းတွေ့ရသည်။
စစ်တမ်းတွင်ပါဝင်သော အချို့ ရွေးချယ်မှုများသည် “အရွယ်ရောက်ပြီးသူများအတွက်သာ” ဟု ဖေါ်ပြမထားသော ဝက်ဘ်ဆိုက် တခုအတွက် လွန်စွာ လိင်သဘောသက်ရောက်နေသော်လည်း လက်ဝဲစွန်းသည် လက်ယာစွန်းထက် လိင်မှုဆိုင်ရာ စမ်းသပ်လုပ်ဆောင်မှုများတွင် ပါဝင်လေ့ရှိသည်ဟု ဆိုနိုင်သည်။
စစ်တမ်းကမေးမြန်းသည့် (ဓမ္မတာမဟုတ်သော လိင်မှုအလေ့အထဟု ယူဆရ) tamer habits အချို့ကိုပြသရမည်ဆိုလျှင် လက်ဝဲစွန်းများ၏ ၄၅ ရာခိုင်နှုန်းသည် နာကျင်မှုကို လိင်စိတ်နှိုးဆွမှုဟု ယူဆခြင်း (S&M – Sadism and Masochism: The practice of using pain as a sexual stimulant) တွင် ပါဝင်ပတ်သက်ကြပြီး လက်ယာစွန်းက ၄၁ ရာခိုင်နှုန်း ရှိကာ တနိုင်ငံလုံး ပျှမ်းမျှနှုန်းမှာ ၂၉ ရာခိုင်နှုန်းရှိသည်။
လက်ဝဲစွန်းများသည် လက်ယာစွန်းများထက် သုံးဦး လိင်အတူဆက်ဆံခြင်း menage à trois တွင်လည်း ပိုမိုပါဝင်ကြဖွယ် (၃၇ ရာခိုင်နှုန်း) ရှိပြီး လက်ယာစွန်းက ၁၉ ရာခိုင်နှုန်းဖြင့် တနိုင်ငံလုံးပျမ်းမျှ ၁၈ ရာခိုင်နှုန်းနှင့် မကွာလှပေ။ လက်ဝဲစွန်းများ၏ ၂၃ ရာခိုင်နှုန်းသည် ကြင်ယာဘက် အပြန်အလှန် လဲလှယ်ဆက်ဆံကြပြီး လက်ယာစွန်းများမှာ ၁၂ ရာခိုင်နှုန်းနှင့် တနိုင်ငံလုံး ပျမ်းမျှမှာ ၉ ရာခိုင်နှုန်းရှိသည်။
နိုင်ငံရေး အစွန်း နှစ်ဘက်တို့၏ သမားရိုးကျမဟုတ်သော လိင်မှုအလေ့အထများ ကြောင့်ဖြစ်စေ သို့မဟုတ် ထိုသို့ ရှိနေကြသော်လည်း ပြင်သစ် ၆၂ ရာခိုင်နှုန်းက ၎င်းတို့သည် လက်ယာစွန်းသမားမျာကို အလေးအနက် ဆက်ဆံမည်မဟုတ်ကြောင်း ပြောကြပြီး ၅၂ ရာခိုင်နှုန်းက လက်ဝဲစွန်းသမားများနှင့် အိမ်ထောင်မပြုဟု ဆိုကြသည်။
နိုင်ငံရေးအရ အလယ်အလတ် ဖြစ်ခြင်းသည် လူတဦးချင်းစီ၏ စွဲဆောင်မှုကို မြင့်မားစေသည်။ စစ်တမ်းကောက်ယူခဲ့သူများ၏ ၂၄ ရာခိုင်နှုန်းကသာ အလယ်ဗဟို လက်ယာဝါဒီများနှင့် ဆက်ဆံရေးကို ရှောင်ရှားမည်ပြောပြီး ၂၅ ရာခိုင်နှုန်းက အလယ်ဗဟို လက်ယာသမားများကို ရှောင်ရှားမည်ဟု ပြောသည်။ ခြုံ၍ပြောရလျှင် အမျိုးသမီးများသည် အမျိုးသားများထက် ကြင်ယာဘက်၏ နိုင်ငံရေး တိမ်းညွတ်မှုကို အလေးအနက်ထားကြပြီး အမျိုးသမီး အရေအတွက်မှာ ၈၀ ရာခိုင်နှုန်း ရှိပြီး အမျိုးသားမှာ ၇၄ ရာခိုင်နှုန်း ရှိသည်။
တွေ့ဆုံမေးမြန်းခဲ့သူများသည် လက်ရှိအိမ်ထောင်ဖက်၏ နိုင်ငံရေးရွေးချယ်မှုကို (၉၁ ရာခိုင်နှုန်း) အိမ်ထောင်ဖက်ဟောင်း၏ နိုင်ငံရေး ရွေးချယ်မှု (၅၄ ရာခိုင်နှုန်း) ထက် သို့မဟုတ် လိင်ဆက်ဆံခဲ့ဖူးသူ (၂၉ ရာခိုင်နှုန်း) ထက် ပိုသိကြသည်။
တွေ့ဆုံမေးမြန်းခဲ့သူများသည် နိုင်ငံရေး အမြင်တူသူများနှင့် ဘဝကို မျှဝေလိုကြသည်။ စစ်တမ်းကောက်ယူခဲ့သော စုံတွဲများ၏ ၇၅ ရာခိုင်နှုန်းက ၎င်းတို့သည် နိုင်ငံရေးဘက်မှု တူညီကြောင်းပြောပြီး ၇၀ ရာခိုင်နှုန်းက သဘောတရားရေး ရပ်တည်မှုပါ တူညီသည်ဟုပြောသည်။ သို့သော် ထိုအချက်ကြောင့် ၎င်းတို့သည် မဲပေးသည့်ပုံစံ တူသည်ဟု မယူဆနိုင်ပေ။ ဖြေကြားခဲ့သူများ၏ ၄၄ ရာခိုင်နှုန်းကသာ အဖော်က မဲပေးသည့် ကိုယ်စားလှယ်လောင်းကို မဲပေးသည်ဟု ပြောကြသည်။
ဖြစ်ပေါ်တိုးတက်မှုသစ်မှာ စုံတွဲများသည် ၎င်းတို့၏ နိုင်ငံရေး အရ ရွေးချယ်မှုများကို ပဟေဠိ အဖြစ် ထားရှိရန် ပိုမိုရွေးချယ်လာကြခြင်း ဖြစ်သည်။ ၂၀၀၇ ခုုနှစ်က မေးမြန်းခဲ့သူများ၏ ၇၄ ရာခိုင်နှုန်းသည် ၎င်းတို့၏ တွဲဘက်က မည်သူ့ကို မဲပေးမည်ကို သိခဲ့ကြသော်လည်း ၂၀၁၇ တွင် ထိုသို့သောသူ ၆၆ ရာခိုင်နှုန်းသို့ကျဆင်းလာသည်။ ၎င်းတို့ထောက်ခံသော ကိုယ်စားလှယ်မဟုတ်သူကို လက်တွဲဖော်က မည်သည့်အချိန်တွင် မဲပေးမည်ကို သိသူမှာ ၈ ရာခိုင်နှုန်းသာ ရှိသည်။
ကြင်ဘက်နှင့် နိုင်ငံရေး အမြင်တူလိုသူများသည် အနှောင်အဖွဲ့ မပါသော လိင်ဆက်ဆံခြင်းနှင့်ပတ်သက်လျှင် တယူသန်လည်း မဆန်ကြပေ။ နိုင်ငံရေး တိမ်းညွတ်မှု မတူသူ အနည်းဆုံး တဦးနှင့် လိင်ဆက်ဆံဖူးပါသလားဟူသော မေးခွန်းကိုဖြေသူ ၈၀ ရာခိုင်နှုန်းက ဆက်ဆံဖူးကြောင်း ဖြေကြသည်။
ဤစစ်တမ်းကို ဖြေဆိုသူများသည် လူဦးရေ ပျံံ့နှံ့မှု၊ အသက်မွေးဝမ်းကြောင်းနှင့် ပထဝီ အနေအထားအရကွဲပြားကြပြီး အိမ်ထောင်ရေးအခြေအနေအားလုံးမှလူများပါဝင်သည်။ ဖြေကြားသူများက မေးခွန်းလွှာများကို ၂၀၁၇ ခုနှစ် မတ်လ ၂၄ ရက်နေ့မှ ၃၀ ရက်အတွင်းအွန်လိုင်းမှထြေကြားခဲ့ကြသည်။
ကိုးကား။ ။ france24.com