• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မှုခင်း သတင်းထောက်များကို စည်းကမ်းကြပ်မတ်ရန် ဂျာနယ်လစ်အဖွဲ့များ တောင်းဆို

by မိုးမြင့်
26 April 2017
in သတင်း
A A
မွတ်စလင် အမျိုးသား ၃ ဦး (ရှေ့တန်း) အား တရားမဝင် ခေါ်ဆောင်လာသူ စစ်မှုထမ်းဟောင်း တစ်ဦးနှင့် မှုခင်းသတင်းထောက် ၂ ဦးကို  တောင်ပုံကြီးဂိတ်တွင် ဖမ်းဆီးထားစဉ်  / Phoe Zaw / Facebook

မွတ်စလင် အမျိုးသား ၃ ဦး (ရှေ့တန်း) အား တရားမဝင် ခေါ်ဆောင်လာသူ စစ်မှုထမ်းဟောင်း တစ်ဦးနှင့် မှုခင်းသတင်းထောက် ၂ ဦးကို တောင်ပုံကြီးဂိတ်တွင် ဖမ်းဆီးထားစဉ် / Phoe Zaw / Facebook

13.4k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် တောင်ပိုင်းရှိ တောင်ပုံကြီး နယ်စပ်စစ်ဆေးရေး စခန်းက စစ်မှုထမ်းဟောင်း တစ်ဦးနှင့် မှုခင်းသတင်းထောက် ၂ ဦးကို စစ်တွေမြို့မှ မွတ်စလင် အမျိုးသား ၃ ဦးအား တရားမဝင်သယ်ဆောင်မှုကြောင့် ဧပြီ ၁၆ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရအပြီး ရန်ကုန်ရှိ ဂျာနယ်လစ်ကွန်ရက်အသင်းအဖွဲ့များက သတင်းထောက်အလုပ်ကို အကြောင်းပြပြီး မဟုတ်တန်းတရားပြုလုပ်နေမှုများကို စည်းကမ်းကြပ်မတ်ပေးရန် မြန်မာနိုင်ငံမှုခင်း သတင်းထောက်များအသင်းအား တောင်းဆိုလိုက်သည် ။

မီဒီယာတိုက်တခုအတွက် အလုပ်လုပ်နေသည်ဆိုသော သတင်းထောက် ၂ ဦး ဖမ်းဆီးခံရသည့် ကိစ္စသည် မြန်မာနိုင်ငံ တွင် ဂုဏ်သိက္ခရှိရှိ ရပ်တည်နေကြသော အခြားမီဒီယာအဖွဲ့အစည်းများ၏ ပုံရိပ်ကိုပါ ထိခိုက်စေနိုင်ကြောင်းလည်း သတင်း မီဒီယာအဖွဲ့ အစည်းများက ဝေဖန်ပြောဆိုမှုများ ပေါ်ထွက်လာစေခဲ့သည်။

RelatedPosts

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ်  NUG ဝေဖန် (ရုပ်/သံ)

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ် NUG ဝေဖန် (ရုပ်/သံ)

17 July 2025
6
စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

17 July 2025
4
ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

17 July 2025
309

ဖမ်းဆီးခံ သတင်းထောက်များလုပ်ကိုင်နေသည့် မိခင်အဖွဲ့အစည်း ဖြစ်သော မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များ အသင်းက ယင်းစွပ်စွဲမှုများကို ပြန်လည်ချေပခဲ့သည်။

ရဲမှတ်တမ်းများအရ အဆိုပါ သံသယ ရှိသူ ၃ ဦးသည် စစ်တွေမြို့မှ ဘင်္ဂလီ (ဝါ) ရိုဟင်ဂျာ များကို ကီလိုမီတာ ၄၅၀ ကျော် ကွာဝေးသော တောင်ကုတ်မြို့သို့ မော်တော်ဆိုင်ကယ်များဖြင့် ခေါ်ဆောင်လာခဲ့ပြီး ရန်ကုန်-တောင်ကုတ် တောင်ကြားလမ်းတွင် ဖမ်းမိ ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ သုံးဦးတွင် ရခိုင်ပြည်နယ်မှ ၂ ဦး နှင့် ပဲခူးတိုင်း သာယာဝတီခရိုင်မှ တဦးပါဝင်သည်။

ရခိုင်ပြည်နယ်မှ ပြည်မသို့ ထွက်ခွာရန်လိုအပ်သော စာရွက်စာတမ်း အထောက်အထားများမပါသောကြောင့် စစ်တွေမှ မွတ်ဆလင် ၃ ဦး နှင့် အတူ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ရဲအရာရှိ ဦးဝင်းလှိုင်က ပြောသည်။

ရခိုင်ပြည်တွင်နေထိုင်သည့် မည်သူမဆို့ ဒေသအပြင်ဘက်သို့ ခရီးသွားလာလိုလျှင် နိုင်ငံသားဖော်ပြသည့် ပန်းရောင်ကတ် (ဝါ) အမျိုးသားမှတ်ပုံတင်ကဒ်ပြား သို့မဟုတ် သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်စာရွက်များ ရယူရန် လိုအပ်ပါသည်။

မွတ်ဆလင် အနည်းငယ်ကို နိုင်ငံသားကဒ်ပြားများထုတ်ပေးရန် ယခင်က အားထုတ်ခဲ့ရာ ဒေသခံရခိုင်များ၏ ဆန္ဒပြပွဲများနှင့်ရင်ဆိုင်ခဲ့ရသည်။ ဒေသအတွင်းတွင် မိမိကိုယ်ကို ရိုဟင်ဂျာအဖြစ် ခံယူထားသော မွတ်ဆလင် အရေ အတွက်မှာ ၁ သန်းခန့် ရှိမည်ဟု ခန့်မှန်းရပြီး ယခုအခါ နိုင်ငံမဲ့များဖြစ်လျက်ရှိသည်။ ဗုဒ္ဓဘာသာဝင် ရခိုင်အသိုင်းအဝိုင်းမှ အများစုနှင့် မြန်မာအစိုးရတို့က ရိုဟင်ဂျာ မွတ်ဆလင်များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရောက်ရှိလာသော “ဘင်္ဂလီ” လူမျိုးများ အဖြစ်သတ်မှတ်ကြပါသည်။

ယင်းအမှုကို တာဝန်ယူ စုံစမ်းစစ်ဆေးနေသော ရဲအရာရှိ ဦးခင်မောင်ထွေးက သံသယရှိသူ ၃ ဦးသည် မွတ်ဆလင် ၃ ဦးကို မြန်မာနိုင်ငံ အောက်ပိုင်းသို့ ပို့ဆောင်ပေးရန်အတွက် တဦးလျှင် စရံငွေ ရှစ်သိန်းကျပ် ရယူထားပြီးဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။

ရဲအဖွဲ့က သံသယရှိသူ ၃ ဦးကို မြန်မာနိုင်ငံ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၆၇ နှင့် ၃၇၀ တို့ဖြင့် ဖမ်းဆီးထားသည်။ လူကုန်ကူးမှု တားဆီးရေး ဥပဒေများအရ ပြစ်မှုကျူးလွန်သူတို့ကို ထောင်ဒဏ် အနည်းဆုံး ၇ နှစ်အထိ သို့မဟုတ် ဒဏ်ငွေပါ အပြစ်ပေးနိုင်ကြောင်း သိရသည်။

မှောင်ခိုဝင်ရောက်လာသည်ဟု သံသယ ရှိသူ ၃ ဦးကို လူဝင်မှုကြီးကြပ်ရေးဌာနက ဆက်လက်ကိုင်တွယ်သွားမည် ဖြစ် သည်ဟု ဦးခင်မောင်ထွေးကပြောသည်။ ဤအမှုမှာ ယခုနှစ်အတွင်း ပထမဆုံးသော မှောင်ခို ဖမ်းဆီးမှု ဖြစ်သည်ဟု သူက ထပ်ပြောသည်။

တောင်ကုတ် လူဝင်မှုကြီးကြပ်ရေးဌာနသို့ မှတ်ချက်တောင်းခံရန် ကြိုးစားသော်လည်း မရရှိခဲ့ပါ။ ပုံမှန်အားဖြင့် မြန်မာနိုင်ငံ အတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း သို့မဟုတ် ခရီးသွားလာခြင်းသည် ထောင်ဒဏ် အများဆုံး ၅ နှစ် နှင့် ဒဏ်ငွေ ၁၅၀၀ ကျပ်သော်လည်းကောင်း ၂ခုလုံး သော်လည်းကောင်း ချမှတ်နိုင်ပါသည်။

လူမှုကွန်ရက်များတွင် ပျံ့နှံခဲ့သော ဓာတ်ပုံများတွင် လက်ထိပ်ခတ်ခံထားရသော ၆ ဦးကို နယ်စပ်စစ်ဆေးရေးစခန်းတွင် တွေ့ရသည်။

ဓာတ်ပုံတပုံတွင် သာယာဝတီ ခရိုင်မှ အထူးမှုခင်း သတင်းထောက် ဟုဖော်ပြထားသော သက်သေခံ ကတ်ပြားတခုကို တွေ့ရသည်။ ယင်းမှာ မြန်မာနိုင်ငံမှုခင်း သတင်းထောက်များအသင်း MCRA အသင်း၏ တစိတ်တပိုင်းဖြစ်သော ရှု့ထောင့်သတင်းအေဂျင်စီက ထုတ်ပေးထားခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်းသို့ လိပ်မူကာ လွတ်လပ်သော ဂျာနယ်လစ်အသင်းအဖွဲ့များက ဧပြီလ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာချက်တွင် “သတင်းစုံစမ်းရေးသားမှုကို အခြေပြု၍ ငွေကြေးတောင်းခံခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အာဏာပိုင်အဖွဲ့အစည်းများကို သတင်းပေးခြင်းများသည် သတင်းသမားများ လိုက်နာရမည့် မီဒီယာကျင့်ဝတ်ကို တိုက်ရိုက်ချိုးဖောက်ရာ ကျလျက် ရှိပါသည်”ဟု ရေးသားထားသည်။

မြန်မာနိုင်ငံမှုခင်း သတင်းထောက်များအသင်း (MCRA) ၏ မှုခင်းသတင်းထောက် အရေအတွက် တနိုင်ငံလုံးတွင် နှစ်သောင်း (၂၀၀၀၀) ကျော်ရှိပြီး ရဲအရာရှိဟောင်းများက ၎င်းတို့ကို မှုခင်း ကာကွယ်တားဆီးရေး နှင့် စုံစမ်းဖော်ထုတ်ရေးသားပုံများကို လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း အပတ်စဉ်ထုတ် မှုခင်းဂျာနယ်တစောင်၏ ကြေညာဖော်ပြချက်အရ သိရသည်။

MCRA ကို လွန်ခဲ့သော ဆယ်နှစ် ကျော်ကတည်းက အစိုးရထံတွင် တရားဝင်မှတ်ပုံတင်ထားခဲ့ပြီး စစ်အစိုးရလက်ထက်က ပြည်ထဲရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးတင်လှိုင်က နာယက အဖြစ်ဆောင်ရွက်သည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ အဖွဲ့အဝင် ဦးမြင့်ကျော်က ပြောသည်။

“အဲဒီအဖွဲ့မှာပါတဲ့ လူတော်တော်များများက တကယ့် သတင်းထောက်တွေ မဟုတ်ဘဲ အစိုးရ သတင်းပေးဟောင်းတွေနဲ့ ရဲ အရာရှိဟောင်းတွေ ဖြစ်ပါတယ်” ဟု ဦးမြင့်ကျော်က ပြောသည်။

MCRA အဖွဲ့ဝင် အချို့က တရားမဝင် စီးပွားရေးလုပ်ငန်းများအကြောင်း ဖော်ထုတ်ရေးသားခြင်းမပြုပါက ငွေပေးရမည်ဟူ၍ ခြောက်လှန့် တောင်းယူမှုများ ပြုလုပ်နေကြောင်းကို စာနယ်ဇင်းကောင်စီထံ တိုင်ကြားမှုများ လက်ခံရရှိခဲ့သည်ဟုလည်း သူက ဆိုသည်။

“ပိုက်ဆံတောင်းတာက ပြည်သူနဲ့ စာနယ်ဇင်းသမားကြားမှာ ယုံကြည်မှုကို ထိခိုက်စေပါတယ်။ ထပ်ပြီးတော့ စာနယ်ဇင်း လွတ်လပ်ခွင့်ကိုလည်း ထိခိုက်လာနိုင်ပါတယ်။” ဟု ဦးမြင့်ကျော်က ပြောသည်။

MCRA အဖွဲ့ဝင် အချို့ကြားတွင် ပေါ်ပေါက်နေသည့် ကျင့်ဝတ် နှင့် မညီသော လုပ်ရပ်များကို အခြားစာနယ်ဇင်း အဖွဲ့ အစည်းများအနေနှင့် တညီတညွတ် ဆန့်ကျင်ကြရန်လည်း သူက တိုက်တွန်းခဲ့သည်။

မြန်မာ စာနယ်ဇင်းကွန်ရက် (MJN) ၏ အထွေထွေ အတွင်းရေးမှူး ဦးဇေယျာလှိုင်က MCRA အဖွဲ့ဝင်များ အနေ ဖြင့် မြန်မာနိုင်ငံ၏ ဥပဒေများ နှင့် စာနယ်ဇင်းသမားများ၏ ကျင့်ဝတ် စည်းကမ်းများကို လိုက်နာသင့်ကြောင်းပြောသည်။

ကျင့်ဝတ့်မဲ့ သတင်းထောက်များက သတင်းရင်းမြစ်ထံမှာ ငွေကြေးတောင်းခံခြင်း အလေ့အထသည် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဖြစ်ပွားနေကြောင်း သူက ထပ်ပြောသည်။

“စာနယ်ဇင်းသမားတွေအနေနဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ တာဝန် ရှိပါတယ်။ အဲဒါက မီဒီယာ အသိုင်းအဝိုင်းတခုလုံးရဲ့ ပုံရိပ်ကိုလည်း ထိခိုက်စေပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း ဒီပြဿနာကို ကူညီဖြေရှင်းပေးဖို့ လိုပါတယ်။ တကယ်လို့ သ တင်းထောက်တွေက ငွေကြေးရယူတယ်ဆိုရင် သက်ဆိုင်ရာ မီဒီယာ အဖွဲ့အစည်းတွေကို တိုင်တန်းဖို့ ပြည်သူတွေကို ကျနော်တိုက်တွန်းချင်ပါတယ်။ တိုင်ကြားဖို့ လုံးဝလက်မတွန့်ပါနဲ့” ဟု ဦးဇေယျာလှိုင်ကပြောသည်။

MCRA ၏ အမှုဆောင်ချုပ် ဦးသက်နိုင်ဦးက သူ၏ အဖွဲ့အစည်းမှ သတင်းထောက်များက တရားမဝင်လုပ်ငန်းများကို ငွေကြေးခြောက်လှန့်တောင်းယူခဲ့သည် ဆိုခြင်းကို ပယ်ချခဲ့သည်။

“အဖွဲ့ အစည်းကြီးတိုင်းမှာ ကောင်းတဲ့လူရော ဆိုးတဲ့လူပါရှိပါတယ်။ … တကယ်လို့ သူတို့ ထောင်ကျသွားတယ် ဆိုရင် ဘယ်သူ့ကိုမဆို ထုတ်ပစ်ပါတယ်” ဟု သူကပြောသည်။

မှုခင်းရှုထောင့် အေဂျင်စီသည် မြန်မာနိုင်ငံ တလွှားတွင် သတင်းထောက် ၄၀၀၀ ခန့် ရှိသည်ဟု သူက ပြောသည်။

ပြီးခဲ့သည့် နှစ်များအတွင်းတွင် တရားမဝင် သစ်ခိုးထုတ်မှုတွင် ပါဝင်ပတ်သက်ခဲ့သည့် အတွက် ထောင်ကျခဲ့သူ အချို့ အပါအဝင် စည်းကမ်းကျင့်ဝတ် နှင့် မညီညွတ်သောကြောင့် သတင်းထောက် ၁၀၀ ကျော် ထုတ်ပယ်ခဲ့ပြီးဖြစ်ကြောင်းလည်း ဆိုသည်။

အဆိုပါ ကိစ္စများထဲမှ အချို့သတင်းထောက်များမှာ ထောင်သက်တမ်းစေ့ဖြင့် လွတ်မြောက်လာပြီးနောက် တခြားမီဒီယာတိုက်များတွင် ပြန်လည်ဝင်ရောက် လုပ်ကိုင်လျက် ရှိကြောင်းလည်း ဦးသက်နိုင်ဦးကပြောသည်။

(ဧရာဝတီအင်္ဂလိပ်ပိုင်းတွင် Former Soldier and Two reporters Arrested for smuggling Rohingya in Arakan State  ကို ဘာသာပြန်ပြီး ထပ်မံဖြည့်စွက်ရေးသားသည်)

Your Thoughts …
Tags: မှုခင်းသတင်းထောက်
မိုးမြင့်

မိုးမြင့်

ဧရာဝတီ

Similar Picks:

မှုခင်းနှင့်သတင်းရှုထောင့် သတင်းမီဒီယာ မှ ထုတ်ပေးသည့် ကတ်တခု / ထက်နိုင်ဇော် / ဧရာဝတီ

ခြိမ်းခြောက်ငွေတောင်းသည့် မှုခင်းသတင်းထောက် ၄ ဦးအား ဖမ်းဆီး

by ထွန်းထွန်း
26 June 2018
11.4k

ရွာကကျောင်းမှာ စာရေးခုံမရှိဘူး၊ ကြမ်းပြင်မှာရေးနေရလို့ ကျောင်းအုပ် ဆရာမကြီးက အကူအညီတောင်းတာကို ရွာကလူတွေ ရှိတဲ့သစ်ချောင်းလေးတွေစုပြီး ပရိဘောဂဆိုင်လာပို့တာ၊ ဒါကိုသူတို့က ခြိမ်းခြောက်ငွေတောင်းတာပေါ့၊ အခုဖမ်းထားပြီးပါပြီ

မှုခင်းသတင်းထောက်များ အသုံးပြုခဲ့သည့် လိုင်စင်မဲ့ မော်တော်ယာဉ် / Upper Chindwin Youth Network

ကလေးမြို့တွင် မှုခင်းသတင်းထောက်ဟု ဆိုသူများကို ရိုက်နှက်ဖမ်းဆီးမှု ဖြစ်ပွား

by ထွန်းထွန်း
24 February 2020
20.5k

လူထုအလင်း သတင်းအေဂျင်စီ သတင်းထောက်ကတ်ပါ မင်းမင်းဦးဆိုသူ ဦးဆောင်သည့်အဖွဲ့မှ သစ်စက် တခုအတွင်း ဝင်ရောက်ကာ ငွေတောင်းခံမှုအပေါ် ငြင်းဆိုရာမှ ပြဿနာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မင်းမင်းဦးဆိုသူမှာ ထွက်ပြေး လွတ်မြောက်ခဲ့သော်လည်း နေလင်းနှင့် အောင်အောင် တို့ကို ဖမ်းမိခဲ့ကြောင်း

Next Post
အစ္စလာမ်အမည်ပေးခြင်းကို တရုတ်အာဏာပိုင်တို့ ပိတ်ပင်

အစ္စလာမ်အမည်ပေးခြင်းကို တရုတ်အာဏာပိုင်တို့ ပိတ်ပင်

ဧပြီ ၂၅ ရက်နေ့က ပျောက်ဆုံးကျောင်းသားများကို ရှာဖွေနေစဉ် / ကောင်းမြတ်မင်း

ဧရာဝတီမြစ်အတွင်း ရေဆင်းကူးသည့် ကျောင်းသား ၂ ဦး အလောင်း ပြန်တွေ့

No Result
View All Result

Recommended

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

3 days ago
3.8k
ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 week ago
5.8k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate