ရိုဟင်ဂျာ ဟုခေါ်ဆိုနေကြသော ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်စလင်များနှင့်ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား သံတမန်ရေး ပြဿနာ ကူညီဖြေရှင်းပေးရန် တရုတ်နိုင်ငံက ကမ်းလှမ်းလာကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိနှစ်ဦးက ပြောကြောင်း ရိုက်တာသတင်းတပုဒ်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ခိုက်မှုများမှ လွတ်မြောက်ရန်အတွက် အောက်တိုဘာလမှ စတင်ပြီး မွတ်စလင် ၆၉၀၀၀ ခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး ထိုနိုင်ငံမဲ့မွတ်စလင်များသည် တဖက်နိုင်ငံ၏ ပြဿနာ ဖြစ်သည်ဟု မြင်ကြသော အိမ်နီးချင်းနှစ်နိုင်ငံအကြား ဆက်ဆံရေးကို တင်းမာစေခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လေးရက်ကြာခရီးစဉ် စတင်နေသော တရုတ်အထူးသံတမန် ဆွန်ကော့ရှန်က မြန်မာနိုင်ငံနှင့် ပြဿနာကို နှစ်ဦးနှစ်ဖက်ဖြေရှင်းရန် ဒါကာကို တိုက်တွန်းသော်လည်း ထိုကိစ္စတွင် တရုတ်နိုင်ငံဘက်က ကူညီရန် အသင့်ရှိ ကြောင်းလည်း ပြောသည်ဟု ဒါကာမှ နိုင်ငံခြားရေးအရာရှိတဦးက ရိုက်တာသတင်းဌာနသို့ ပြောသည်။
ဆွန်ကော့ရှန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Shahidul Haque နှင့်တွေ့ဆုံစဉ် ထိုသို့အဆိုပြုခဲ့သည်ဟု ထိုအရာရှိက ပြောသည်။ သူသည် မီဒီယာသို့ ပြောဆိုခွင့်မရှိသောကြောင့် သူ၏အမည်ကို မပြောပေ။
“အစည်းအဝေးမှာ အထူးသံတမန် လိုအပ်ရင် သူတို့ဘက်က ကူဖို့အသင့်ပဲလို့ အထူးသံတမန်က အစည်းအဝေးမှာပြော တယ်” ဟု ထိုအရာရှိက ပြောသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အခြားသောအရာရှိတဦးကလည်း ထိုသတင်းကို အတည်ပြု ပြော ကြားပြီး ထိုကိစ္စမှာ အရေးကြီးသောကြောင့် အမည်ကို ထုတ်ဖော်မပြောပေ။
တရုတ်နိုင်ငံသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတို့နှင့် ခိုင်မာသော ဆက်ဆံရေးရှိပြီး နှစ်နိုင်ငံလုံးတွင် အခြေခံအဆောက်အအုံများ တည်ဆောက်နေသည်။ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးမှာ နှစ်နိုင်ငံအကြား ဆယ်စုနှစ်တခုကြာမျှ ဆွေး နွေးခဲ့ပြီးနောက် တရုတ်ပြည်တွင် မြန်မာသမ္မတ ဦးထင်ကျော်နှင့် ရေနံပိုက်လိုင်းသဘောတူညီချက်ရရှိပြီးနောက် ပိုမိုနွေး ထွေးလာသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း တရုတ်နိုင်ငံသည် လမ်းများ၊ ဓာတ်အားပေးစက်ရုံများတည်ဆောက်ခြင်းနှင့် စစ်လက်နက် ပစ္စည်းများရောင်းချခြင်းတို့ဖြင့် လုပ်ငန်းများစွာ လုပ်ဆောင်နေသည်။
အင်္ဂါနေ့က ကျင်းပသည့်ဆွေးနွေးပွဲအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက တရုတ်အထူးသံတမန်အား ရိုဟင်ဂျာ မွတ်စလင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးလာသောကြောင့် ဖြစ်ပေါ်လာသော မြန်မာနှင့် ၎င်းတို့၏ပြဿနာကို ဖြေရှင်းရန် တရုတ်နိုင်ငံ၏အားထုတ်မှုကို ကြိုဆိုကြောင်း ပြောခဲ့သည်ဟု ထိုအရာရှိများက ပြောသည်။
ဆွန်ကော့ရှန်အနေဖြင့် မြန်မာနယ်စပ်အနီး ကော့ဗဇားတွင် စခန်းများ၌ နေထိုင်နေကြသော လူသောင်းပေါင်းများစွာ၏ ကံကြမ္မာကို သွားရောက်လေ့လာရန် ဘဂ်လားဒေ့ရှ်နိုင်ငံက အဆိုပြုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် Ma Mingqiang သည် မတ်လက ထိုစခန်းများသို့ သွားရောက်ခဲ့သည်။