နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ကာ စိုက်ပျိုးထားသည့် ချယ်ရီပင် အချို့ အညွန့်ချိုးပြီး ဖျက်ဆီးခံထားရကြောင်း သိရသည်။
နေပြည်တော် လွှတ်တော် သွားရာလမ်း အနီးတွင် ရှိသည့် ဗိုလ်ရှုသဘင်ခန်းမအနီး စိုက်ပျိုးထားသော ချယ်ရီပင်များထဲမှ ၇ ပင်ကို အညွန့်ချိုးဖဲ့ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစခန်းမှ သိရသည်။
၂၀၁၇ ခုနှစ်ဖေဖော်ဝါရီလကုန်ပိုင်းက ဂျပန်- မြန်မာ ချစ်ကြည်ရေးအနေဖြင့် ချယ်ရီပင် ၁၀၀ စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် နိုဝင်ဘာလတိုင်း အပင်တရာစီ စိုက်ပျိုးသွားရန် စီမံထားရှိခြင်းလည်း ဖြစ်သည်။
ယခုကဲ့သို့ ဖျက်ဆီးခံရမှုကြောင့် ဧပြီလ ၂၇ ရက်နေ့ က နေပြည်တော်စည်ပင်လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းချစ်က ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ဥပဒေပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်တိုင်ကြားခဲ့သည် ဟု ဇမ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစခန်းမှ သိရသည်။