• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ယခုနှစ် မိုး ပိုမည်ဖြစ်၍ ရေကြီးနေကျ ရန်ကုန်တွင် စည်ပင်က မြောင်း စရှင်း

by သဇင်လှိုင်
1 May 2017
in သတင်း
A A
မြောင်းသန့်ရှင်းရေး လုပ်ကိုင်နေသော စည်ပင်ဝန်ထမ်းများ / ဧရာဝတီ

မြောင်းသန့်ရှင်းရေး လုပ်ကိုင်နေသော စည်ပင်ဝန်ထမ်းများ / ဧရာဝတီ

16k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့တွင် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ယခုနှစ်တွင်လည်း မိုးပိုမို ရွာသွန်းမည်ဖြစ်၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားနိုင်ခြေရှိသည်။

ထို့ကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန၊ စီမံရေးဌာန၊ အင်ဂျင်နီယာဌာန(လမ်းတံတား) တို့ ပူးပေါင်းပြီး ဧပြီလ ၂၄ ရက်မှ စတင်ကာ ကမာရွတ်မြို့နယ်ရှိ အင်းစိန်ချောင်း၊ မြောက်ဥက္ကလာပမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်ရှိ ဇွဲဆုံချောင်း၊ အုပ်ပုံဆိပ်ချောင်း၊ ကျုံးကြီးမြောင်း၊ ဗဟန်းကြား တောရလမ်းရှိ ရေမြောင်း၊ တာမွေ နတ်ချောင်း စသည့် ရန်ကုန်မြို့အတွင်းရှိ ချောင်း၊ မြောင်းများကို ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

RelatedPosts

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
117
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
79
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
245

ရန်ကုန်မြို့တွင် ရေစီးရေလာ စနစ်များ ကောင်းမွန်ခြင်း မရှိသောကြောင့် ရေကြီးရေလျှံမှုများ နှစ်စဉ် ဖြစ်ပေါ်နေရပြီး ယခု နှစ်တွင်လည်း ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဧရာဝတီကို ပြောသည်။

ဦးကျော်မိုးဦးက “ အဓိကက တော့ System (စနစ်) မကောင်းတဲ့အတွက်ကြောင့်မို့လို့ ရေကြီးရေလျှံမှုတွေ ဖြစ်တာ၊ မိုးရွာပြီးသွားရင် အဲဒီ ရေတွေက ဘယ်နေရာကို ဆင်းရမယ် မသိဘဲနဲ့ ရန်ကုန်မြို့အနေနဲ့က ရေကြီးရေလျှံမှုတွေ ဖြစ်တဲ့သဘောပေါ့” ဟု ပြောသည်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်နှင့် မွန်ပြည်နယ်တို့တွင် မိုးရာသီကာလအတွင်း ရွာသွန်းမြဲ ထက် မိုးပိုမို ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

ဦးလှထွန်းက “ ရန်ကုန်မြို့ ရေကြီးရေလျှံရတဲ့ အဓိကကတော့ ရေမြောင်းစနစ်ပေါ့။ သူက မြစ်ရေလျှံတာ မဟုတ်ဘူးလေ။ မြောင်းတွေကနေ လျှံတာ။ မြောင်းစနစ် မကောင်းရင်တော့ ရေကြီးမှာပေါ့။ ရန်ကုန်မြို့ဆိုတာတော့ မြစ်ဝမှာရှိတဲ့ အတွက် ကြောင့်မို့လို့ ပင်လယ်ရေ အတက်အကျပေါ်မှာလည်း မူတည်တယ်။ ပင်လယ်ရေပြင် တက်နေတဲ့အချိန်၊ ဒီရေ တက်နေ တဲ့အချိန် မိုးများရင်တော့ ရေမြောင်းစနစ်လည်း မကောင်းရင်တော့ ကျိန်းသေတယ် ရေလျှံဖို့ ရှိတယ်” ဟု ပြောသည်။

ရန်ကုန်မြို့ ရေစီးရေလာ ကောင်းမွန်ရေးအတွက် အစိုးရဌာန တခုတည်း လုပ်အားဖြင့် မရဘဲ ပြည်သူလူထု ပူးပေါင်း ပါဝင်ရန် လိုအပ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်က ဧရာဝတီကို ပြောသည်။

ဦးဇော်ဝင်းနိုင်က “ အခုလို ကျနော်တို့ မိုးမကျမီကာလမှာ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ချောင်းတွေ၊ မြောင်း တွေ ရေဝပ်နိုင်တဲ့နေရာတွေမှာ ရှင်းလင်းဆောင်ရွက်တဲ့အခါမှာ ဌာနတခုတည်းလည်း ဆောင်ရွက်လို့ မရဘူး။ ပြည်သူ ကလည်း ပူးပေါင်း ပါဝင်ကူညီမှသာလျှင် ရတယ်” ဟု ပြောသည်။

အမှိုက်များကို ချောင်း၊ မြောင်းများအတွင်း မစွန့်ပစ်ရန်နှင့် အမှိုက်ကန်များ၊ သတ်မှတ်ထားသည့် နေရာများ၊ အမှိုက်ကား များတွင်သာ စွန့်ပစ်ခြင်းဖြင့် ပူးပေါင်းပါဝင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဆက်လက်ပြီး “ ချောင်းမြောင်းဆိုတာ အမှိုက်စွန့်ပစ်ရမယ့် နေရာမဟုတ်ဘူး။ ဌာနဆိုင်ရာတွေက ဘယ်လိုပဲ ဆောင်ရွက် ဆောင်ရွက်၊ ဘယ်လိုပဲ ရှင်းပေး ရှင်းပေး ဒီလိုပဲ ထပ်ပစ်နေမယ်ဆိုရင် ဒီချောင်းတွေ၊ မြောင်းတွေမှာ ပိတ်ဆို့ပြီးတော့ ရေစီးရေလာ ကောင်းမွန်စွာ စီးဆင်းမှုကို အဟန့်အတားဖြစ်စေတဲ့အတွက် မိုးရွာတဲ့အခါမှာ ရေကြီးရေလျှံတွေ ဖြစ်တာပါ” ဟု ပြောသည်။

Your Thoughts …
Tags: ရေကြီးရေလျှံမှု
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

မွန်ပြည်နယ်နှင့် ရန်ကုန်မြို့တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ်  / ဧရာဝတီ

ရန်ကုန်၊ မွန်နှင့် ကယားတို့တွင် ရေကြီးရေလျှံ၍ ပြည်သူများ စားသောက်ရေး အခက်ကြုံ

by ဧရာဝတီ
17 August 2022
6.2k

ရန်ကုန်မြို့တွင် ယခု ရွာသွန်းခဲ့သည့် မိုးရေချိန်မှာ ၆ ဒသမ ၆၉ ထိရှိခဲ့သဖြင့် နှစ်ပေါင်း ၅၀ ကျော်အတွင်း မိုးရေချိန် စံချိန်သစ် တင်ခဲ့ခြင်းဖြစ်ကာ ယခင်က စံချိန်တင် မိုးရေချိန်လက်မမှာ ၅ ဒသမ ၈၇...

ယခုနှစ်တွင် ဖြစ်ပွားသော ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်အတွင်း ရေကြီးရေလျှံမှု မြင်ကွင်း / ပြေကျော် / ဧရာဝတီ

ရေကြီးရေလျှံမှု ကာကွယ် တားဆီးနိုင်ရန် ရေရှည်စီမံချက် ရေးဆွဲ စီစဉ်နေ

by ဇူးဇူး
31 August 2016
1.1k

မြန်မာနိုင်ငံတွင် ရေကြီးရေလျှံမှု ကာကွယ် တားဆီးနိုင်ရေးအတွက် အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ရေရှည်စီမံချက် ရေးဆွဲ၍ စီစဉ်နေကြောင်း သိရသည်။

သီပေါမြို့နယ် နမ့်လန်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ်  / Shar Htet Paing / FB

တောင်ကြီးတွင် မိုးကြီးရေလျှံမှုကြောင့် ကလေးတဦး သေဆုံး

by သဇင်လှိုင်
7 June 2018
9.1k

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်ကာ ကလေးငယ် တဦး ရေစီးနှင့်အတူ မျောပါသွားပြီး သေဆုံးခဲ့ကြောင်း

ပဲခူးဒေသတွင် ပြီးခဲ့သည့် ရက်ပိုင်းက ရေကြီးမှုဖြစ်နေသည်ကို တွေ့ရစဉ်  / ထက်ဝေ / ဧရာဝတီ

ရေကြီးမှုကြောင့် ၁၀ဦးသေဆုံး၊ လူ၁သိန်းနီးပါး ထိခိုက်

by နန်းလွင်
30 July 2018
10.4k

အချို့ ဓာတ်ပုံများတွင် မိုးရွာသွန်းနေသည့် ကြားမှ ရေဘေးဒုက္ခသည်များသည် ကလေးငယ်များ၊ အိမ်မွေး တိရစ္ဆာန်များ ချီပိုး၍ ခါးတဝက်အထိ နစ်မြှပ်သော ရေကိုဖြတ်ကာ ကယ်ဆယ်ရေးစခန်းများဆီကို သွားလာနေရသည်ကိုလည်း တွေ့ ရသည်။

၂၀၁၆ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီးအတွင်းရေကြီးရေလျှံမှု မြင်ကွင်း / ဧရာဝတီ

ရေကြီးရေလျှံမှုအတွက် ကြိုတင်ပြင်ဆင်ထားရန် ပညာရှင်များ အကြံပြု

by ဇူးဇူး
6 June 2017
7.2k

ဒီနှစ်က မိုးကောင်းတယ်။ ရေကြီးရေလျှံ ဖြစ်မယ်ဆိုရင် တချို့ဒေသတွေမှာ စိုက်ထားတဲ့ စိုက်ခင်းတွေ၊ လယ်တွေ ပျက်စီး နိုင်တယ်။ ဒီအခါ ပြန်ပြီးတော့ ထွန်ရမယ်။ ပြန်ပြီးစိုက်ပျိုးဖို့ လိုကောင်းလိုမယ်။ လိုတဲ့အခါ စပါးမျိုး မရှိဘူးဆိုရင် အခက်အခဲရှိ မယ်။...

Next Post
အိပ်စက်လွန် ရောဂါ

အိပ်စက်လွန် ရောဂါ

ကင်ဂျုံအန်းနဲ့ တွေ့ဖို့ ဝန်မလေးဘူးလို့ အမေရိကန်သမ္မတပြော

ကင်ဂျုံအန်းနဲ့ တွေ့ဖို့ ဝန်မလေးဘူးလို့ အမေရိကန်သမ္မတပြော

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate