• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

KIO နှင့် တွေ့ဆုံ ဆွေးနွေးရန် အစိုးရ ညှိနှိုင်းနေဟုဆို

by ကျော်ခ
3 May 2017
in သတင်း
A A
ကချင် လွတ်လပ်ရေး တပ်ဖွဲ့ဝင် တဦး / ဧရာဝတီ

ကချင် လွတ်လပ်ရေး တပ်ဖွဲ့ဝင် တဦး / ဧရာဝတီ

8k
VIEWS
Share on FacebookShare on Twitter

အစိုးရအနေဖြင့် တနိုင်ငံလုံး ပတ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ် မရေးထိုး ရ သေး သော ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) က ပြောသည်။

အစိုးရက မေလ ၂၄ ရက်နေ့တွင် ပြုလုပ်ရန် သတ်မှတ်ထားသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေး မတိုင်မီ တွေ့ဆုံဆွေးနွေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း Peace Commission အဖွဲ့ဝင် ဦးအောင်စိုး က ပြောပြသည်။

RelatedPosts

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
117
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
79
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
245

ဦးအောင်စိုး က “ခေါင်းဆောင်တွေ သေချာမယ့်ရက် ညှိနှိုင်းနေပါတယ်ခင်ဗျ။ ဆွေးနွေးပွဲဖြစ်ရင်တော့ အစိုးရဘက်က ရော တပ်မတော် ဘက်ကရော ပါမှာပေါ့။ တွေ့ဖြစ်မယ့် ရက်ကတော့ မခန့်မှန်းတတ်သေးဘူးဗျ။ ကျနော်ကတော့ ၂၁ ပင်လုံ ညီလာခံ မတိုင်ခင် တွေ့ဖြစ်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေး ဗဟိုဌာန (NRPC) အောက်ရှိ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) နှင့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ဧပြီလ ၂၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးကော်မရှင် အနေဖြင့် KIO နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် အစီအစဉ် ရှိမရှိ DPN က မေးမြန်းခဲ့ကြောင်း၊ ယင်းမေးမြန်းချက်ကိုလည်း တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေသည်ဟု ဖြေကြား ခဲ့ကြောင်း ဦးအောင်စိုး က ပြောသည်။

အစိုးရနှင့် KIO တို့ကြား တွေ့ဆုံရန် ညှိနှိုင်း ဆောင်ရွက်နေမှု အခြေအနေနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် KIO တာဝန် ရှိသူများထံ ဧရာဝတီ က ဆက်သွယ် မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

လက်ရှိ UNFC ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားဆဲဖြစ်သော KIO အနေဖြင့် “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) ဌာနချုပ် ပန်ဆန်းတွင် ဧပြီလလယ်ပိုင်းက ပြုလုပ်ခဲ့သော တရုတ် – မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး အစည်းအဝေးကို အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့နှင့် အတူ တက်ရောက် ခဲ့သည်။

အဆိုပါအစည်းအဝေး အပြီးတွင် အစိုးရက ဆောင်ရွက်နေသော NCA လမ်းကြောင်း၏ ပြင်ပက ဆွေးနွေးရန် အတွက် “ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေး ကော်မတီ” ဖွဲ့စည်းလိုက်ပြီး ထိုကော်မတီတွင် UNFC အဖွဲ့ဝင်များဖြစ်ကြ သော KIO နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တို့ ပါဝင်နေသည်ကို တွေ့ရသည်။

ပန်ဆန်း အစည်းအဝေး ဆုံးဖြတ်ချက်တွင် “ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ၏ အဖွဲ့ဝင် အဖွဲ့ အစည်း များသည် နောင်တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် ဆွေးနွေးသည့်အခါ တဖွဲ့ချင်း ဆွေးနွေးခြင်း မပြုဘဲ ၎င်း ကော်မတီအမည်ဖြင့်သာ တညီတညွှတ်တည်း ဆောင်ရွက်သွားမည်” ဟု သဘောတူထား သည်။

သို့သော်လည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးကော်မရှင် နှင့် DPN တို့၏ ဆွေးနွေးပွဲကို KIO နှင့် SSPP တို့ တက်ရောက်ခဲ့ပြီး NCA လမ်းကြောင်းအရ UNFC က အဆိုပြုထားသော အချက် ၉ ချက် ကို ပါဝင် ဆွေးနွေး ခဲ့သည်ဟု ဆိုသည်။

UNFC အဖွဲ့ဝင် အဖွဲ့အစည်းများအနေဖြင့် NCA လက်မှတ်ရေးထိုးပြီး ၂၁ ပင်လုံ ဒုတိယ အစည်းအဝေး တက်ရောက် နိုင် ရန် အတွက် မေလ တတိယ ပတ်တွင် ထပ်မံတွေ့ဆုံဆွေးနွေးကြဦးမည်ဟု သိရှိရသည်။

အစိုးရက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးကို လာမည့် မေလ ၂၄ ရက် တွင် ပြုလုပ်မည် ဖြစ်ကြောင်း နေပြည်တော်တွင် ဧပြီလ ၂၄ ရက်နေ့က ပြုလုပ်သော NCA စာချုပ် အကောင် အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် အတည်ပြု ထားပြီး ဖြစ်သည်။

Your Thoughts …
Tags: KIO
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

မြန်မာပြည် လွတ်လပ်မှု၊ အချုပ်အခြာနှင့် အောက်မှ အထက်သို့ ဖက်ဒရယ်စနစ်

မြန်မာပြည် လွတ်လပ်မှု၊ အချုပ်အခြာနှင့် အောက်မှ အထက်သို့ ဖက်ဒရယ်စနစ်

by Ashley South
10 March 2025
9.8k

ဗဟိုချုပ်ကိုင်သော မြန်မာနိုင်ငံတော်သည် ပို၍ ပို၍ တစစီ ပြိုကွဲလာနေပြီး မည်သည့် စစ်အစိုးရ သို့မဟုတ် ဒီမိုကရေစီအစိုးရ အောက်တွင်မှ စုစည်းညီညွတ်မှု ပြန်လည် ရရှိတော့မည် မဟုတ်ပေ။

၂၀၂၄ သည် စစ်ကောင်စီပြိုလဲမည့်နှစ်ဟု တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များပြော

၂၀၂၄ သည် စစ်ကောင်စီပြိုလဲမည့်နှစ်ဟု တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များပြော

by ဧရာဝတီ
4 January 2024
6k

နှစ်သစ်သို့ ရောက်လာသောအခါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဦးမည်ဟု ညီနောင်မဟာမိတ်အဖွဲ့က ပြောသည်။

မြန်မာ့တော်လှန်ရေး အင်အားစုများအား အိန္ဒိယ ဖိတ်ခေါ်မှု ဆန်းစစ်ချက်

မြန်မာ့တော်လှန်ရေး အင်အားစုများအား အိန္ဒိယ ဖိတ်ခေါ်မှု ဆန်းစစ်ချက်

by R. Lakher
8 October 2024
4.8k

အိန္ဒိယ ဗဟိုအစိုးရ၏ အမိန့်များကို ဆန့်ကျင်ကာ မီဇိုရမ်အစိုးရက မြန်မာဒုက္ခသည်များကို လက်ခံမှုကြောင့် မြန်မာဒုက္ခသည် ၆၀,၀၀၀ ကျော် မီဇိုရမ်ပြည်နယ်တွင် ခိုလှုံခွင့်ရခဲ့ကြသည်။

ကျဆုံးတော့မည့် စစ်ကောင်စီကို အားမပေးရန် KIO ခေါင်းဆောင် သတိပေး

ကျဆုံးတော့မည့် စစ်ကောင်စီကို အားမပေးရန် KIO ခေါင်းဆောင် သတိပေး

by ဧရာဝတီ
17 August 2023
4.4k

စစ်ကောင်စီသည် လက်နက်မဲ့ပြည်သူ၊ အမျိုးသမီးနှင့် ကလေးသူငယ်များအား သတ်ဖြတ်သည့် စစ်ရာဇဝတ်မှုကို ပေါ်ပေါ်ထင်ထင်ကျူးလွန်နေပြီး ထိုသို့ ကျူးလွန်သတ်ဖြတ်မှုများသည် စစ်ကောင်စီကျဆုံးရေး အတွက် လမ်းစဖြစ်ကြောင်း ဆိုသည်။

မုန်လိုင်ခက်ဖြစ်ရပ် တရားမျှတမှုရရှိရေး  AA လုပ်ဆောင်မည်

မုန်လိုင်ခက်ဖြစ်ရပ် တရားမျှတမှုရရှိရေး AA လုပ်ဆောင်မည်

by ဧရာဝတီ
12 October 2023
4.3k

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းအား စစ်ကောင်စီက တိုက်ခိုက်ခဲ့မှုအပေါ် ကချင်လူထုနှင့်အတူရပ်တည်ပြီး တရားမျှတမှုရရှိရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ပြောသည်။

ချင်း ၂ ဖွဲ့ အကွဲအပြဲ ရင်ကြားစေ့နိုင်မလား

ချင်း ၂ ဖွဲ့ အကွဲအပြဲ ရင်ကြားစေ့နိုင်မလား

by R. Lakher
12 September 2024
3.2k

ပြန်လည် ပေါင်းစည်းနိုင်ရေးအတွက် အဓိကကျသော အချက်မှာ ချင်းလက်နက်ကိုင် အုပ်စုနှစ်ဖွဲ့စလုံးက အမှန်တကယ် ပြန်လည်ပေါင်းစည်းလိုစိတ်ရှိရန် လိုအပ်သည်

Next Post
၂၀၁၄ ခုနှစ် သတင်းလွတ်လပ်ခွင့် တောင်းဆိုဆန္ဒပြကြစဉ် / Reuters

NLD အစိုးရ၏ သတင်းလွတ်လပ်ခွင့် မတိုးတက်ဟု စာနယ်ဇင်းနှင့် လူ့အခွင့်အရေးအဖွဲ့များ အကဲဖြတ်

ဝေဠုကျော် ဖောင်ဒေးရှင်း တည်ထောင်သူ ဝေဠုကျော်  / ယုဖြူဟန် / ဧရာဝတီ

ဝေဠုကျော်ဖောင်ဒေးရှင်း မှ သစ်အစား ဝါးအစားထိုး သင်တန်းများပေးနေ

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate