• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နိုင်ငံတော်အစိုးရကို တရားစွဲဆိုရန် စီစဉ်နေခြင်းက “နိုင်ငံရေး စတန့်ထွင်မှု ” ဟု ဦးဝင်းထိန်ပြော

by ထက်နိုင်ဇော်
4 May 2017
in သတင်း
A A
နေပြည်တော်ရှိ သတင်းထောက်များ မေးမြန်းမှုအပေါ် ဦးဝင်းထိန်က ပြန်လည်ပြောဆိုနေပုံ  / ထက်နိုင်ဇော် / ဧရာဝတီ

နေပြည်တော်ရှိ သတင်းထောက်များ မေးမြန်းမှုအပေါ် ဦးဝင်းထိန်က ပြန်လည်ပြောဆိုနေပုံ / ထက်နိုင်ဇော် / ဧရာဝတီ

12.7k
VIEWS
Share on FacebookShare on Twitter

၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ၁၅ ဦးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေးအတွက် နိုင်ငံတော်အစိုးရကို တရားစွဲဆိုရန် စီစဉ်နေခြင်းက “နိုင်ငံရေး စတန့်ထွင်” သည့် လုပ်ရပ်တခုဖြစ်ကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အတွင်းရေးမှူး ဦးဝင်းထိန်က ပြောသည်။

“ကျနော်တို့ NLD လူကြီးလူငယ် အများစုက ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောမတူဘူး။ မထောက်ခံဖို့ စည်းရုံးတယ်။ ဒီလိုစည်းရုံးတာ မအောင်မြင်ဘဲနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေက အတည်ဖြစ်သွားတယ်။ အဲဒီအချိန်တုန်းက သူတို့ဘယ်မှာ အိပ်နေမှန်း မသိဘဲနဲ့ အခုအချိန်ကျမှ လုပ်တာက နိုင်ငံရေးသဘောအရဆိုရင် သဘောထားရိုးတယ်လို့ ပြောလို့မရဘူး”ဟု ဦးဝင်းထိန်က ပြောသည်။

RelatedPosts

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
44
မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
93
စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
132

၂၀၀၈ ဖွဲ့စည်းပုံ ကိစ္စနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန် လက်ထက်၌ တရားမစွဲဆိုဘဲ NLD အစိုးရ လက်ထက်ရောက်မှ တရားစွဲဆိုရန် ဦးဒေးဗစ်လှမြင့် ဦးဆောင်သည့် ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းများက ဆုံးဖြတ်ခဲ့ခြင်းအပေါ် ဦးဝင်းထိန်က မေးခွန်းထုတ်ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုချိန်တွင် ၎င်းမှာ ထောင်ထဲသို့ရောက်နေသည်ဟု ယနေ့ နံနက်ပိုင်းက နေပြည်တော်၌ သတင်းထောက်များ တွေ့ဆုံစဉ် ဦးဝင်းထိန်က ပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် ပြည်သူ့ဆန္ဒ ခံယူချိန်၌ လူဦးရေကိန်းဂဏန်းသည် အမှန်တကယ်ရှိသည့် အရေအတွက်နှင့် လွဲမှားနေသည့်အတွက် တရားစွဲဆိုရခြင်းဖြစ်သည်ဟု မေလ ၂ ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဒေးဗစ်လှမြင့်က မီဒီယာများကို ပြောသည်။

အစိုးရကို တရားစွဲဆိုရန်အတွက် ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့၊ ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ (UNDO)၊ ကရင်အမျိုးသမီး အစည်းအရုံး၊ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး ကော်မတီနှင့် ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမား သမဂ္ဂတို့က ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ဆိုသည်။

ဦးဝင်းထိန်က “ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပက်သက်ပြီး ဖျက်ဖို့အတွက် တရားစွဲတယ်ဆိုရင် တရားစွဲတာ နိုင်သွားလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီး ပျက်သွားပြီဆိုရင် တိုင်းပြည်ကို ဘယ်သူက အုပ်ချုပ်မှာလဲ။ အဲဒီအထိ သူတို့စဉ်းစားဖို့ ကောင်းတယ်”ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ နိုင်ငံရေးရည်မှန်းချက် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး Process နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ချိတ်ဆက်စဉ်းစား၍ နိုင်ငံရေးလမ်းကြောင်းကို ပုံဖော်လျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
ဦးဝင်းထိန်က “ဘယ်လို ချိတ်ဆက်တယ်ဆိုရင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရခြင်းအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ဖို့က အလားအလာ ရှိမယ်။ အဲဒီအတွက်ကြောင့် ဖွဲ့စည်းပုံက မပြင်လို့ကို မရတော့ဘူး။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရော တိုင်းရင်းသားတွေကပါ လိုလားတဲ့ အတွက်ကြောင့်မို့ ပြင်မှာ။ တရားစွဲမယ်ဆိုတဲ့ကိစ္စက နိုင်ငံရေး စတန့်ထွင်တယ်လို့ ပြောလို့ရတယ်” ဟု ဆိုသည်။

ဦးဒေးဗစ်လှမြင့်တို့က NLD အစိုးရကို နိုင်ငံရေး အကျပ်အတည်းဖြစ်အောင် မဟုတ်ဘဲ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးအတွက် တဖက်တလမ်းက အထောက်အကူဖြစ်အောင် ဆောင်ရွက်ပေးမည်ဟု ပြောဆိုချက်နှင့် ပတ်သက်ပြီး ဧရာဝတီက မေးမြန်းမှုအပေါ် ဦးဝင်းထိန်က “ဒီမှာ မြွေမြွေချင်း ခြေမြင်တယ်။ ဒေးဗစ်ဘာကောင်လဲဆိုတာ ကျုပ်တို့သိတယ်။ ကျုပ်ဘာကောင်လည်း သူတို့သိတယ်။ သူတို့ ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာ သိတဲ့အတွက်ကြောင့် သူတို့ ဘာပြောပြော ကျနော်မယုံဘူး” ဟု ပြန်လည်ပြောဆိုသည်။

Your Thoughts …
Tags: ဦးဝင်းထိန်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

by မောင်ကဝိ
12 October 2024
12.8k

"ဒါဟာ သူတို့ကို သေအောင် အငြိုးနဲ့ တဖြည်းဖြည်း ညှဉ်းပန်းနှိပ်စက်နေတာနဲ့ အတူတူပဲ"

အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

by မောင်ကဝိ
21 June 2025
3k

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေက သွားကိုက်တာ၊ သွေးပေါင်ကျတာ၊ မူးဝေတွေ အပါအဝင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကို စိုးရိမ်တယ်။

ဦးဝင်းမြင့်အပြင် ပါတီနာယက ဦးဝင်းထိန်နှင့် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်တို့အပါအဝင် အခြားအသက်အရွယ်ကြီးရင့်သော NLD အဖွဲ့ဝင်များ၏ ကျန်းမာရေးသည်လည်း စိုးရိမ်စရာဖြစ်သည်

အကျဉ်းချထားသော သမ္မတ ဦးဝင်းမြင့် ကျန်းမာရေး စိုးရိမ်ရ

by ဧရာဝတီ
21 June 2023
7.4k

အသက် ၇၁ နှစ် ရှိပြီဖြစ်သော ဦးဝင်းမြင့်ကို စစ်ကောင်စီက ထောင် ၁၂ နှစ်ချထားပြီး ပဲခူးတိုင်းတောင်ငူတွင် ဇန်နဝါရီလမှ စတင်ချုပ်နှောင်ထားသည်။

နိုင်ငံရေး အတိုက်အခံများစွာသည် မြန်မာနိုင်ငံမှ ထောင်များတွင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရသော်လည်း သေဒဏ်ပေးသည့် ကိစ္စသည် နည်းပါးလှသည်။

မြန်မာစစ်တပ်၏ ရှည်လျားသော ကွပ်မျက်မှုသမိုင်း

by Bertil Lintner
29 July 2022
6.2k

အင်းစိန်တွင် နောက်ဆုံးကွပ်မျက်မှုသည် ၁၉၈၅ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် ကွပ်မျက်ခံရသည့် မြောက်ကိုရီးယား ထောက်လှမ်းရေး ဇင်မိုဖြစ်သည်။

မင်္ဂလာစကား ပြောသူ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ဖွဲ့တွေ ယူတာကို သိပ်သဘောမကျသလို ဖြစ်နေကြောင်း သိရသည် / Cheery Zahau Facebook မှ

“စိန်စီသောည”ကို အမှတ်ရစေခဲ့တဲ့ နေပြည်တော်က “ထိန်ရီသောည”

by ထက်နိုင်ဇော်
8 January 2018
69k

ဦးဝင်းထိန်ရဲ့ သားဖြစ်သူ မင်္ဂလာပွဲကို အကြောင်းပြုပြီး လူမှုကွန်ရက်မှာ ဝေဖန်ပြောဆိုမှုတွေ ပွက်ပွက်ညံသွားတယ်။

ယနေ့ နံနက်အာဏာသိမ်းပြီးနောက် မြင်တွေ့ရသည့် နေပြည်တော် အခြေအနေ / ဧရာဝတီ

ပုဂ္ဂိုလ်ရေး အကျိုးစီးပွားကို ဦးစားပေးပြီး အာဏာသိမ်းခြင်းဟု ဦးဝင်းထိန်ပြော

by ဧရာဝတီ
1 February 2021
62k

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းပြည်နှင့် လူမျိုး၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားကိုသာ ဦးစားပေးသူ” ဖြစ်ကြောင်း ယနေ့ စစ်တပ်အာဏာသိမ်းခြင်းနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ ဦးဝင်းထိန်က ဝေဖန်လိုက်သည်။

Next Post
ဒေသထွက် ကွမ်းသီး များဖြင့် စီမံကိန်းအား ကန့်ကွက်ကြောင်း ပုံဖော် ထားသည်ကို တွေ့ရစဉ်။

အသံတိတ် လူသတ်သမား (ကျောက်မီးသွေး) ၏ ခြောက်လှန့်ခံ ဒေသခံများ

ဒီတပတ် ရန်ကုန်ရုပ်ရှင်

ဒီတပတ် ရန်ကုန်ရုပ်ရှင်

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.5k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate