• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကရင်ပြည်နယ် မြေမြှုပ်မိုင်း ရှင်းလင်းရေး ဆွေးနွေးနေ

by နန်းလွင်နှင်းပွင့်
6 May 2017
in သတင်း
A A
မြေမြှုပ်မိုင်းကြောင့် ခြေထောက်နှစ်ဖက်ဆုံးရှုံးထားတဲ့ DKBA စစ်သားဟောင်းတဦး  / ထွန်းထွန်း / ဧရာဝတီ

မြေမြှုပ်မိုင်းကြောင့် ခြေထောက်နှစ်ဖက်ဆုံးရှုံးထားတဲ့ DKBA စစ်သားဟောင်းတဦး / ထွန်းထွန်း / ဧရာဝတီ

9.2k
VIEWS
Share on FacebookShare on Twitter

ကရင်ပြည်နယ် အတွင်း ပြည်သူလူထု သွားလာရာတွင် အန္တရာယ်ရှိနိုင်သည့် နေရာများကို မိုင်းရှင်းလင်းရေး လုပ်ဆောင်ရန် တပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ စတင် ဆွေးနွေးနေပြီဟု ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အတွင်း ရေးမှူး ဗိုလ်မှူးကြီး ဝဏ္ဏအောင် က ပြောသည်။

တပ်မတော်၏ ကိုယ်စားလှယ်လည်း ဖြစ်သူ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က မေလ ၅ ရက် ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ၌ ကျင်းပသည့် ၁၀ ကြိမ်မြောက် JMC-U အစည်းအဝေး အပြီးတွင် သတင်း မီဒီယာများကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

RelatedPosts

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

16 July 2025
6
မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

16 July 2025
3
နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

16 July 2025
658

ဗိုလ်မှူးကြီး ဝဏ္ဏအောင် က “ကျနော်တို့က လက်ရှိတော့ KNU အဖွဲ့နဲ့ ဆွေးနွေးထားတာ ဖြစ်ပါတယ်။ စ ရှင်းဖို့ ဆိုတာ ကတော့ သူတို့ အဖွဲ့အစည်းက သူတို့ထဲမှာလည်း ပြန်ပြီးတော့ ညှိနှိုင်းပါလိမ့်မယ်။ ပြီးတော့ နောင်လာမယ့် အစည်း အဝေး တွေမှာ ကျနော်တို့ ပြန်ပြောကြ ဆိုကြမှာ ဖြစ်ပါတယ်”ဟုလည်း ပြောသည်။

KNU က ၎င်းတို့ ဗဟိုကော်မတီအတွင်း ဆွေးနွေးပြီး အကြောင်းပြန်မည် ဖြစ်သည်ဟု တပ်မတော်က သိထားပြီး လက် ရှိတွင် ယုံကြည်မှု တည်ဆောက်နေဆဲ ကာလဖြစ်သဖြင့် ယုံကြည်မှုအရ မိုင်းရှင်းလင်းရေး ကိစ္စကိုလည်း အဆင့်ဆင့် ဆောင်ရွက်သွားဖြစ်ကြောင်း၊ အဓိက မိုင်းရှင်းမည့် နေရာများမှာ ပြည်သူလူထု သွားလာ အသုံးပြုနေသည့် နေရာများ သာ ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောဆိုသည်။

“သူတို့ (KNU )ရဲ့ တပ်စခန်းတွေကို စတင်ဆောင်ရွက်ဖို့ မရှိသေးပါဘူး။ ပြည်သူလူထု အတွက် ရည်ရွယ်ပြီး မိုင်း ရှင်း လင်းရေး ဆောင်ရွက်မှာပါ။ ဒါကို ၂ဖက် သဘောတူထားတဲ့ အချက်လေးတွေလည်း ရှိပါတယ်။ နေရာသာ မသတ် မှတ် ရသေးတာ ဖြစ်ပါတယ်”ဟုလည်း ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ဆိုသည်။

မိုင်းရှင်းလင်းရေး လုပ်ဆောင်ရာ၌ နိုင်ငံတကာမှ ကူညီမည်ဆိုပါက နည်းပညာနှင့် အထောက်အပံ့များကို လက်ခံမည် ဖြစ်ပြီး အဓိက ရှင်းလင်းမည့်သူများ အဖြစ် တပ်မတော်နှင့် သက်ဆိုင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက သာ မြေပြင်တွင် ရှင်းလင်းရန် တပ်မတော်က သဘောထားရှိသည်ဟုလည်း ဗိုလ်မှူးကြီး ဝဏ္ဏအောင် က ပြောသည်။

မိုင်းရှင်းလင်းရေး လုပ်ဆောင်ရန်အတွက် ပြည်ထောင်စုအဆင့် (JMC-U) က ပြည်နယ်အဆင့် (JMC-S) အဖွဲ့ဝင်များ နှင့် ချိတ်ဆက်ပြီး ဆောင်ရွက်သွားမည်ဟု သိရသည်။

မိုင်းရှင်းလင်းရေးသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) အရ ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်တခု ဖြစ်သည်။

KNU က ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် NCA ကို လက်မှတ် ထိုးထားသည်။

NCA အခန်း(၃) ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များပါ ပုဒ်မ (၅) (င) တွင် ငြိမ်းချမ်းရေး တိုးတက် ဖြစ်ပေါ်မှု နှင့် အညီ နှစ်ဖက်တပ်များ ခင်းကျင်းထားသော မိုင်းများကို ရှင်းလင်းရန်နှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ် များကို နိုင်ငံတော်အစိုးရနှင့် တဆင့်ချင်း ညှိနှိုင်းပြီး ပူးပေါင်း ဆောင်ရွက်ရန် ဟူ၍ ရေးသား ပြဌာန်းထားသည်။

KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက “အထူးသဖြင့်ကတော့ ပြည်သူလူထုအတွက် သွားရေးလာရေး၊ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြည်သူလူထု သွားတဲ့ လမ်းကြောင်းမှာတော့ မိုင်း အသုံးပြုတာတော့ မရှိခဲ့ပါဘူး။ များသော အားဖြင့် ကတော့ စစ်ရေးအရ ဆောင်ရွက်တဲ့အခါ သုံးတာပဲရှိပါတယ်”ဟု ပြောသည်။

အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်အရ မိုင်းရှင်းလင်းရေး လုပ်ဆောင်ရမည် ဖြစ်သော်လည်း မြေပြင်တွင် ရှင်းလင်းရေး မလုပ်ဆောင်မီ မိုင်း အသိပညာပေးခြင်း၊ မိုင်းရှိသည့် ဒေသများတွင် မိုင်းနှင့်ပတ်သက်သည့် နည်းပညာ အချက် အလက် များကို စစ်တမ်းပြုလုပ်ခြင်း (Technical Survey) စသဖြင့် လုပ်ငန်းစဉ်များကို အချိန်ယူဆောင်ရွက် ရဦးမည် ဟု ပဒိုစောကွယ်ထူးဝင်း က ပြောဆိုသည်။

မိုင်းရှင်းလင်းနိုင်ရန်အတွက် အဆင့်ဆင့်ဆောင်ရွက်ရေးမှာ နိုင်ငံတကာ၏ လုပ်ထုံးလုပ်နည်းများ ဖြစ်ကြောင်း၊ ထို့ပြင် မိုင်းရှင်းလင်းနိုင်ရန် လုပ်ဆောင်ရာတွင် တဖက်နှင့်တဖက် ယုံကြည်မှု၊ အကောင်အထည် ဖော်မှုတို့ကိုပါ တဆင့်ချင်း အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်းလည်း ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။

“ကျနော်တို့ဘက်ကလည်း စစ်ရေးအရ ဆောင်ရွက်လာတဲ့ ကိစ္စဖြစ်တော့ စစ်ရေးအရ ဆောင်ရွက်မှု မရှိတော့ဘူးဆိုရင် ကျန်တဲ့ နိုင်ငံရေး အချက်အလက် နောက်ပြီး ယုံကြည်မှုတို့ တဖြည်းဖြည်းချင်း သူ့ နည်းစနစ်အတိုင်း တဆင့်ပြီး တဆင့် ဆောင်ရွက်သွားရမှာပါ” ဟုလည်း ပဒိုစောကွယ်ထူးဝင်းက  ပြောသည်။

KNU က မိုင်းအသိပညာပေးရေးကို ကရင်ပြည်နယ်ရှိ ဒေသအားလုံးနီးပါးတွင် လုပ်ဆောင်ပြီးစီးနေပြီ ဖြစ်ပြီး တဖက် တွင် လည်း Technical Survey များကို အချို့ဒေသများတွင် လုပ်ဆောင်လျက် ရှိသည်ဟု သိရသည်။

KNU က ငြိမ်းချမ်းရေး မဆွေးနွေးနိုင်မီကာလ တပ်မတော်နှင့် စစ်ရေးတင်းမာနေသည့် အချိန်များတွင် ၎င်းတို့ တပ် စခန်း များ၊ နယ်မြေများအပြင် ကရင်ပြည်သူလူထု၏ လုံခြုံရေးများအတွက် မိုင်းထောင်ခြင်းများကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် ပြည်သူလူထု သွားလာအသုံးပြုနေသည့် လမ်းများတွင်တော့ မိုင်းထောင်ခြင်းများ မလုပ်ဆောင်ခဲ့ ကြောင်းလည်း ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

သို့သော် NCA စာချုပ်အရ မိုင်းရှင်းလင်းရေးကိစ္စကို အဆင့်ဆင့် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထု အကျိုးအတွက် လိုအပ်သည့် နေရာများတွင် မိုင်းရှင်းလင်းရေး လုပ်ဆောင်ပါမည်ဟု ပဒိုစောကွယ်ထူးဝင်း ဆိုသည်။

ငြိမ်းချမ်းရေးမဆွေးနွေးခင် တိုက်ပွဲကာလများတွင် တိုင်းရင်းသား ဒေသများ၌ တိုင်းရင်းသား လက်နက်ကိုင်များက နယ်မြေတပ်စခန်း လုံခြုံရေးအရ မြေမြှုပ်မိုင်း အသုံးပြုကြသလို တပ်မတော်ဘက် ကလည်း စစ်ရေးအရ မြေမြှုပ်မိုင်း များ ကို အသုံးပြုကြသည်ဟု ဆိုသည်။

ဧရာဝတီက တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစား အရာရှိတချို့နှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တချို့ကို မေးမြန်းချက်များအရ တပ်မတော်ဘက်မှ အသုံးပြုသည့် မိုင်းများမှာ စက်လုပ်မိုင်းများ ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အများစု အသုံးပြုသည့် မိုင်းများမှာ ဓာတ်ခဲဖြင့် ပြုလုပ်သည့် လက်လုပ် မြေမြှုပ် မိုင်းများဖြစ်သည်ဟု သိရသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် Landmine and Cluster Munition Monitor အဖွဲ့၏ Landmine monitor Myanmar/Burma country report 2016 အရ ကရင်ပြည်နယ်မှာ မြန်မာနိုင်ငံတွင်း မြေမြှုပ်မိုင်း အများဆုံး ရှိသည့် ဧရိယာတခုဖြစ်ပြီး မိုင်းကြောင့် ကိုယ်လက်အဂ်ါ ဆုံးရှုံးမှုမှာလည်း ကရင်ပြည်နယ်အတွင်း ဖြစ်ပွားမှု အများဆုံး ဖြစ်သည်ဟု ရေးသား ထားသည်။

Your Thoughts …
Tags: မြေမြှုပ်မိုင်း ရှင်းလင်းရေး
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
သတင်းအမှား စတင်ဖြန့်ချီသူများကို ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူမည်  / Reuters

သတင်းအမှား စတင်ဖြန့်ချီသူများကို C.I.D အမှုဖွင့်

ဒီဇိုင်း / ကျော်မျိုးထိုက် / ဧရာဝတီ

သင် သိထားသင့်တဲ့ လေ့လာသင်ယူမှုပုံစံ ၇ မျိုး

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

1 week ago
8.8k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

6 days ago
4.5k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate