ထိုင်းနိုင်ငံ တောင်ပိုင်း ပတ္တနီခရိုင်က Big C ကုန်တိုက်ကြီးမှာ ယနေ့နေ့လည်ပိုင်းက ဗုံးပေါက်ကွဲမှု၂ကြိမ် ဖြစ် ပွား ရာ လူပေါင်း ၃၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ Bangkok Post သတင်းက ဆိုပါတယ်။
ပေါက်ကွဲမှုမှာ ယနေ့ နေ့လည် ၂နာရီ ၁၀မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းပြီး၊ ပထမပေါက်ကွဲမှုအပြီး စက္ကန်ပိုင်း အတွင်းမှာပင် ဒုတိယအကြိမ် ထပ်မံပေါက်ကွဲခြင်းဖြစ်ကြောင်း ရဲဗိုလ်မှူးကြီး ပရီချာ ပရာချမ်ချိုင်းကဆိုပါတယ်။
ပထမ ဗုံးပေါက်ကွဲမှုဟာ Big C ကုန်တိုက်အတွင်းရှိ စားသောက်ဆိုင်တန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဒုတိယပေါက်ကွဲမှုကတော့ ကုန်တိုက်အပြင်ဘက် ရပ်ထားသည့် ပစ်ကပ်ကားအတွင်း လက်ဆွဲအိတ်မှ ပေါက်ကွဲခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဒဏ်ရာရသူ ၃၇ ဦးကို ပတ္တနီဆေးရုံသို့ ပို့ဆောင်ထား အရေးပေါ်သွေးလိုအပ်နေကြောင်း ဆိုပါတယ်။
အလားတူ သံသယဖြစ်ဖွယ် ပစ္စည်းများကို Diana စတိုးမှာလည်း ထပ်မံတွေ့ရှိရတယ်လို့ သိရပါတယ်။