• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

CNPC တရုတ်ကုမ္ပဏီကို မဒေးကျွန်းဒေသခံများ ဆန္ဒပြ

by ခင်ဦးသာ
12 May 2017
in သတင်း
A A
CNPC ကုမ္ပဏီကို မဒေးကျွန်းဒေသခံများ ဆန္ဒပြနေစဉ်  / Tun Kyi  / Facebook

CNPC ကုမ္ပဏီကို မဒေးကျွန်းဒေသခံများ ဆန္ဒပြနေစဉ် / Tun Kyi / Facebook

5.9k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းရှိ ရေနံပိုက်လိုင်းနှင့် ရေနံတင်ဆိပ်ကမ်း လုပ်ကိုင်ခွင်ရထားသည့် China National Petroleum Corporation (CNPC) ကုမ္ပဏီကို မဒေးကျွန်းဒေသခံများက မေလ ၁၁ ရက်က ဆန္ဒပြခဲ့ကြသည်။

CNPC ကုမ္ပဏီက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဟု ကတိပေးထားသော်လည်း လက်တွေ့တွင် ဆောင်ရွက်ပေးမှုမရှိသဖြင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ မဒေးကျွန်းဒေသခံ ဦးလှခိုင်က ဧရာဝတီကို ပြောသည်။

RelatedPosts

မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

19 May 2025
80
ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

19 May 2025
19
အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
1.1k

“ကျွန်းထဲက ရွာ ၃ ခုကို ဆက်သွယ်ထားတဲ့ လမ်းတံတားတွေကို ပြုပြင်တည်ဆောက်ပေးဖို့၊ ဆက်သွယ်ရေး လိုင်းကောင်းဖို့အတွက် တာဝါတိုင်တည်ဆောက်ပေးဖို့ ဆန္ဒပြတာပါ” ဟု ဦးလှခိုင်က ဆိုသည်။

ဆန္ဒပြသရာတွင် ကျွန်းပေါ်ရှိ ကျေးရွာများမှဒေသခံများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း လူ ၃၀၀ ဝန်းကျင်က အချက် ၃ ချက်ဖြင့် ဆန္ဒပြသခဲ့ကြသည်။

ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သည့် အချက် ၃ ချက်မှာ ကျောက်တန်းရွာထဲရှိ တံတားငယ် ၃ စင်းကို ကွန်ကရစ်တံတား ပြုလုပ်ပေးရန်၊ ရွာချင်းဆက် မြေသားလမ်းများကို ကွန်ဂရစ်လမ်းအဖြစ် ပြုပြင်တည်ဆောက်ပေးရန်နှင့် တကျွန်းလုံးသို့ လွယ်ကူစွာ ဆက်သွယ်နိုင်ရေးအတွက် တာဝါတိုင်တည်ဆောက်ပေးရန်တို့ ပါဝင်သည်။

မဒေးကျွန်းပေါ်တွင် ကျောက်တန်း၊ ရွာမ၊ ပြိန်၊ ပန်းထိမ်ဆည်စသည့် ကျေးရွာ ၄ ခု ရှိပြီး၊ ရွာချင်းဆက်လမ်းများ ပျက်စီးနေသည့်အတွက် ကျောင်းသားလူငယ်များ စက်ဘီးစီး ကျောင်းတက်ရန် အခက်အခဲဖြစ်နေခြင်းကြောင့် ကျောင်းသားကျောင်းသူများက ဆန္ဒပြသရာတွင် ပါဝင်ပူးပေါင်းခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
မဒေးကျွန်းပေါ်တွင် CNPC ကုမ္ပဏီက လုပ်ကိုင်နေသည့် တရုတ်ရေနံပိုက်လိုင်းနှင့် ရေနံသိုလှောင်ကန်များ၊ နိုင်ငံတကာသင်္ဘောကြီးများ ဆိပ်ကပ်နိုင်သည့် ရေနံတင်၊ ရေနက်ဆိပ်ကမ်းတို့ တည်ရှိပြီး၊ ထိုစီမံကိန်းများအတွက် ဒေသခံများပိုင် လယ်ယာမြေ၊ ဥယာဉ်ခြံမြေ အများအပြား သိမ်းယူခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဦးလှခိုင်က“ ရေနံတင်သင်္ဘောကြီးတွေ လာမယ့်ရက်တွေဆိုရင် ကျနော်တို့မဒေးကျွန်းသားတွေ ပင်လယ်ပြင်ထွက်ပြီး ငါးဖမ်းခွင့် မရတော့ဘူး။ သင်္ဘောတွေမလာခင် ၂ ရက်လောက်ကတည်းက ထွက်ခွင့်မရှိတဲ့အတွက် ငါးဖမ်းအသက်မွေးနေသူတွေရဲ့ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်” ဟု ပြောသည်။

မဒေးကျွန်းဒေသ ဖွံဖြိုးရေးအတွက် လျှပ်စစ်မီး၊ ရေ၊ တာတံမံ၊ လမ်းတံတား၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ စသည့်တို့ကို ထောက်ပံ့ပေးထားသည်ဟု CNPC ကုမ္ပဏီက မီဒီယာများမှတဆင့် ထုတ်ပြန်ပြောဆိုထားသော်လည်း လက်တွေ့တွင် ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း၊ ထို့အတူ လျှပ်စစ်မီးကိုလည်း ညနေ ၆ နာရီမှ ၁၀ နာရီ အထိသာရရှိပြီး၊ သောက်သုံးရေမှာလည်း အသုံးပြု၍မရကြောင်း ဒေသခံများက ပြောသည်။

ဒေသခံများ၏ ဆန္ဒပြတောင်းဆိုမှုများနှင့် ပတ်သက်ပြီး မဒေးကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ ဦးထွန်းကြည်က ဒေသဖွံဖြိုးရေး လုပ်ငန်းများအတွက် CNPC အပါအဝင် သက်ဆိုင်ရာ၊ အာဏာပိုင်အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် တံတားတချို့ကို ပြုပြင်ပေးမည်ဟု သက်ဆိုင်ရာအဖွဲ့ အစည်းများက ပြောဆိုထားသည်ဟု ဧရာဝတီကို ပြောသည်။

မဒေးကျွန်းပေါ်ရှိ ရေနံပိုက်လိုင်း စီမံကိန်း၊ ရေနံသိုလှောင်ကန်များနှင့် ရေနံတင်ဆိပ်ကမ်းတို့ကို ၂၀၁၁ ခုနှစ်တွင် စတင် အကောင်အထည် ဖော်ဆောင်ခဲ့ပြီး၊ ထိုစီမံကိန်းအားလုံး ယခုနှစ်ဆန်းပိုင်းမှ စတင်ပြီး လည်ပတ်နေပြီ ဖြစ်သည်။

Your Thoughts …
Tags: CNPC
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ခရီးမရောက်

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ခရီးမရောက်

by Zachary Abuza
4 October 2023
2.6k

မြန်မာမှ တရုတ်စီမံကိန်းများသည် နိုင်ငံ၏ ရွေးကောက်ခံအစိုးရကို မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြုတ်မချမီကပင် ပြဿနာများ ရင်ဆိုင်နေရသည်။

ထိုင်း PTT နှင့် KBZ တို့ စက်သုံးဆီ ကဏ္ဍ ပူးပေါင်းလုပ်ဆောင်ရန် သဘောတူ လက်မှတ်ရေးထိုးနေစဉ်  / အောင်သီဟ / ဧရာဝတီ

ထိုင်း PTT နှင့် KBZ စက်သုံးဆီ သိုလှောင်ကန် နှင့် ဆီဆိုင်များ ပူးပေါင်း ရင်းနှီးမြှုပ်နှံမည်

by အောင်သီဟ
10 June 2019
14.4k

ထိုင်းနိုင်ငံ အခြေစိုက် ရေနံကုမ္ပဏီ တခု ဖြစ်သော PTT နှင့် ပြည်တွင်း ကမ္ဘောဇ ကုမ္ပဏီ အုပ်စု (KBZ) တို့ အကျိုးတူပူးပေါင်း၍ စက်သုံးဆီ သိုလှောင်ကန်နှင့် စက်သုံးဆီဆိုင်များ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သိရသည်။

CNPC နှင့် MOGE  တို့ကို ကျိန်စာတိုက်နေသော အမ်းတောင်သူများ  / ကိုမျိုးလွင်

CNPC နှင့် MOGE တို့ကို အမ်းတောင်သူများ သချႋုင်း ၄ ခုတွင် ကျိန်စာတိုက်

by မင်းအောင်ခိုင်
26 April 2018
9.3k

ဒေသခံ တောင်သူများက တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) ကုမ္ပဏီနှင့် မြန်မာ့ရေနံနှင့် သဘဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ကို ကျိန်စာတိုက်၍ အမည်များကို မြေမြှုပ်သင်္ဂြိုလ်မှုများ ပြုလုပ်ခဲ့ကြကြောင်း

၂၀၁၅ ခုနှစ် ပါရီတွင် ကျင်းပသော ကမ္ဘာ့ဂတ်စ်ညီလာခံတွင် မြင်ရသော CNPC ပြခန်း / Reuters

တရုတ်က မြန်မာနိုင်ငံတွင် ဓာတ်ငွေ့သိုက်သစ် ရှာဖွေနေ

by ဧရာဝတီ
15 January 2018
5.3k

တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) ၏ လုပ်ငန်းခွဲတခုသည် နှစ်နိုင်ငံပိုက်လိုင်းမှ တဆင့် တင်ပို့ရန် မြန်မာနိုင်ငံတွင် ဓာတ်ငွေ့သိုက်သစ်များ ရှာဖွေနေသည်။

Next Post
မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေး / ဟင်္သာနီ (မွန်မြေ) / ဧရာဝတီ

NCA ရေးထိုးရန် မွန်ပြည်သစ်ပါတီ သဘောတူ

ကားမောင်းချိန် ကိုယ်လက်တွေ မနာကျင်ရလေအောင် (၂)

ကားမောင်းချိန် ကိုယ်လက်တွေ မနာကျင်ရလေအောင် (၂)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate