တောင်တရုတ်ပင်လယ်က အင်ဒိုနီးရှားပိုင် နာတူနာကျွန်းမှာ တရုတ်လုပ် လေယာဉ်ပစ် စက်အမြောက် ပစ်ခတ်လေ့ကျင့်မှု ပြုလုပ်စဉ် လမ်းကြောင်းလွဲချော်ကျရောက်သွားတဲ့အတွက် စစ်သား ၄ဦးသေဆုံး သွားကြောင်း Bangkok Post သတင်းကဆိုပါတယ်။
အဆိုပါ စက်အမြောက်များကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က တရုတ်နိုင်ငံက ဝယ်ယူလာခြင်းဖြစ်ပြီး၊ ဤဖြစ် ရပ်တွင် စစ်သား ၈ဦးလည်း ဒဏ်ရာရသွားကြောင်းသိရပါတယ်။
တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အင်ဒိုနီးရှားအကြား အငြင်းပွားမှုမရှိသော် လည်း၊ သီးခြားစီးပွားရေး ရေပိုင်နက်ခြင်း ရောထွေးနေမှုကြောင့် ပြဿနာများဖြစ်ပွားလျှက် ရှိပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလကအတွင်းက တရုတ်ငါးဖမ်းသင်္ဘောများကြောင့် တရုတ်နှင့် အင်ဒိုနီးရှားရေတပ်တို့ ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားပြီးနောက် နာတူနာကျွန်းမှာ အင်ဒိုနီးရှားနိုင်ငံက စစ်ရေးတိုးချဲ့မှု တွေပြုလုပ်နေခြင်းဖြစ်ပါတယ်။